Thursday, November 12, 2015

အဆီဆဲလ်တွေ အမြန်ဆုံး နိမ်နင်းပေးမယ့် ဖြည့်စွက်ဓာတ်စာ

9:34 PM


အသည်းက လူ့ခန္ဓာကိုယ်ရှိ နားလည်ရ အခက်ဆုံးနဲ့ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး သူ့ရဲ့ မြောက်များစွာသော လုပ်ဆောင်ချက်တွေကြောင့် မရှိမဖြစ် အရေးပါပါတယ်။အသည်းကို ပြန်လည် သန်စွမ်းစေပြီး အဆိပ်အတောက်ဖယ်ရှားပေးမယ့် အံ့မခန်းဖွယ်ဆေးနည်းတစ်ခုရှိပါတယ်။
ခန္ဓာကိုယ်အဆိပ်အတောက်များသန့်စင်စေပြီး ခန္ဓာကိုယ်လုပ်ငန်းဆောင်ရွက်ချက်များ ပိုမို တိုးတက်ကောင်းမွန်စေမှာ ဖြစ်တယ်။ ဒီဆေးနည်းအတွက် ဂျင်း၊ သံပုယိုသီးနဲ့ ခရင်းဘယ်ရီရည် လိုအပ်ပါတယ်။ အစာခြေချက်မှုပိုမိုကောင်းမွန်စေဖို့အလို့ငှာ ခန္ဓာကိုယ်ကို လန်းဆန်းသက်ကြွစေပြီး အဆိပ်အတောက်များ သန့်စင်ပေးမယ့် အကောင်းဆုံးဖြည့်စွက်ဓာတ်စာတစ်ခု ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ခရင်းဘယ်ရီရည် (၄) ပေါင်
သစ်ကြံပိုးခေါက်အမှုန့် ထမင်းစားဇွန်း တစ်ဝက်
ဇာတိပ္ဖိုလ်သီး လက်ဖက်ရည်ဇွန်း ၄ပုံ ၁ပုံ
လတ်လတ်ဆတ်ဆတ်ညစ်ယူထားတဲ့ လိမ္မော်သီးညစ်ရည် ခွက်ဖြင့် ၄ပုံ ၃ပုံ
လတ်လတ်ဆတ်ဆတ်ညစ်ယူထားတဲ့ သံပုယိုသီးညစ်ရည် ခွက်ဖြင့် ၄ပုံ ၁ပုံ တို့ပဲဖြစ်ပါတယ်။
လမ်းညွှန်ချက်များ
ခရင်းဘယ်ရီညစ်ရည်ကို ကျိုပြီးနောက် အအေးခံရပါမယ်။ ၁၅ မိနစ်ကျိုပြီး အခန်းအပူချိန်လောက်အေးသည့်အထိ စောင့်ပါ။ နောက်ဆုံး သံပုယိုနဲ့ လိမ္မော်ရည်ပေါင်းထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပါ။ခရင်းဘယ်ရီရည်က ထိရောက်တဲ့ antioxidant ဖြစ်တာမို့ အဓိက ပါဝင်ပစ္စည်းဖြစ်ပါတယ်။ သံပုယိုနဲ့ လိမ္မော်ရည်မှာ ကိုယ်အလေးချိန်ပေါင်ကျစေတဲ့ ဗီတာမင်တွေ ပေါကြွယ်ဝပါတယ
Ref:healthyfoodteam 
Powered by Blogger.

Ads Inside Post