Showing posts with label ကြီးပွားရေး. Show all posts
Showing posts with label ကြီးပွားရေး. Show all posts

Monday, November 16, 2015

လူငယ်တွေ အနေနဲ့ သိထားသင့်တဲ့ အချက် (၁၃)ချက်

------------------------------------------------------------------------------------
လူလောကကြီးက အကုန်လုံးအတွက် တူညီသော အခွင့်အရေးကို ပေးလိမ့်မယ်လို့ မထင်ပါ။

လူလောကကြီးအကြောင်း အသက် ၂၀ မတိုင်ခင်မှာတော့ မိဘတွေက သိပ်ပြီးပြောမှာမဟုတ်ပါ။

အသက် ၂၀ ကျော်လာပြီပြန်ရင်လည်း ကိုယ်ရဲ့သားသမီးကို လူ့လောကကြီးအကြောင်းကို သင်ပေးသူရှိသလို မသင်ပေးသူလည်းရှိပါလိမ့်မယ်။

မသိသေးသောသူများအတွက် အသက် ၂၀ ပတ်ဝန်းကျင်အရွယ်မှာ ဘာကိုလုပ်သင့်သလဲဆိုတာကို ပြောပြပါရစေ။

၀၁. အလုပ်က အရေးကြီးပါတယ်။

အလုပ်ရှိဖို့ဆိုတာ အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါတယ်။ ကျောင်းတတ်နေသေးရင်တော့ အလုပ်လုပ်ဖို့မလိုပင်မဲ့ ကျောင်းပြီးရင်တော့ အလုပ်ကို လုပ်ရပါတော့မယ်။
အလုပ်ဝင်တဲ့အချိန်ကနေစပြီး ကိုယ့်ရဲ့ဘဝကြီးက အလုပ်ထဲမှာပဲ အချိန်ကုန်နေတယ်လို့ မတွေးပါနဲ့။ ကိုယ်က စိတ်ပါဝင်စားလုပ်နိုင်တဲ့အလုပ်ကို ဖြစ်အောင်လုပ်ပါ။
ဒါမှသာလျှင် အလုပ်ကနေ ကိုယ့်ရဲ့တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းတွေကို ကိုယ်တိုင်ပင် ရှာဖွေတွေ့ရှိနိုင်မှာပါ။

၀၂. အားလုံးကို သိရန်မလိုပါ။

လောကမှာ ဖြစ်နေတဲ့အကြောင်းတွေကို သိသင့်သလောက်သာ သိဖို့လိုပါတယ်။ ကိုယ်နဲ့မပတ်သက်တဲ့ နည်းပညာတွေကိုပါ အချိန်ယူပြီး လေ့လာနေရင်တော့
ကိုယ်က တကယ်လုပ်ရမဲ့အလုပ်က ဖြစ်သင့်သလောက်ဖြစ်တော့မှာ မဟုတ်ပါ။

၀၃. နေ့စဉ်မှတ်တမ်းရေးသင့်ပါတယ်။

အသိဥာဏ်ဆိုသောအရာဟာ ချက်ချင်းမေ့သွားလေ့ရှိပါတယ်။ ပျော်နေတဲ့အချိန်ဖြစ်စေ၊ ဝမ်းနည်းနေသောအချိန်ဖြစ်ရင် ဖြစ်စေ၊ မမှတ်ထားရင်တော့ မေ့သွားပါလိမ့်မယ်။
ကိုယ့်ရဲ့ဘဝမှတ်တမ်းကို မေ့သွားပြီဆိုရင်တော့ နှမြောစရာပါ။ အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြန်ဖတ်နိုင်သလို ကောင်းချက်လေးတွေ၊ ပြင်ဆင်ရမဲ့အချက်လေးတွေကို
ပြန်လည် သုံးသပ်သင့်ပါတယ်။

၀၄. ကိုယ့်ရဲ့ အားသာချက်ကို သိအောင်လုပ်ပါ။

ကိုယ်က ဘယ်လိုလူလဲဆိုတာကို သိအောင်လုပ်ဖို့အထူးလိုအပ်ပါတယ်။ ကိုယ့်အကြောင်းကို ကိုယ်တိုင်နားမလည်ရင် သူများကဆိုရင် ပိုဆိုးပါလိမ့်မယ်။
ကိုယ်ရဲ့အားသာချက်၊ အားနည်းချက်တွေကို သိမှသာလျှင် ကိုယ်ရဲ့ဘဝရည်မှန်းချက်အတိုင်း တက်လှမ်းနိုင်ဖို့အတွက် ဘယ်လိုလုပ်မလဲဆိုတာကိုလည်း စဉ်းစားနိုင်မှာပါ။

၀၅. သူငယ်ချင်းတွေနဲ့ ကင်းဝေးလာလိမ့်မယ်။

ကျောင်းတုန်းကလို သူငယ်ချင်းတွေနဲ့ ဝေးလေးဝါးလား လုပ်ဖို့အချိန်ဆိုတာလည်း နည်းလာပါလိမ့်မယ်။ သူငယ်ချင်းတွေလည်း ဘယ်ကိုရောက်လို့ရောက်မှန်း မသိတော့ပါ။
ယခုလက်ရှိ သူငယ်ချင်းတွေကို တန်ဖိုးထားစေချင်ပါတယ်။

၀၆. အဆင်ကို မပြေတာပါ။

အလုပ်ခွင်ထဲရောက်ပြီဆိုရင် အလုပ်ကိစ္စတွေ၊ မိသားစုကိစ္စတွေနဲ့ အဆင်ကိုမပြေနိုင်သော အချိန်ကာလတွေကို ဖြတ်သန်းရမှာပါ။
ပြသာနာတခုကို ဖြေရှင်းပြီးသွားလို့ ခဏလေးနားမယ်လုပ်တုန်း နောက်ပြသာနာတခုက ပေါ်စမြဲပါ။ ဖြစ်ကိုဖြစ်မှာပါ။

ဖြစ်ခဲတဲ့အကြောင်းကို အကောင်းချည်းပဲမှတ်ပြီး ရယ်ပစ်လိုက်စမ်းပါ။ အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းတွေဟာ အချိန်အတိုင်းအတာတခုကို လွန်မြောက်သွားရင်တော့ ရယ်စရာတွေပါ။လောကကြီးမှာ လိုက်ရောညီထွေစွာ နေထိုင်တတ်ဖို့အရေးကြီးပါတယ်။

၀၇. ဇယားချပါ။

ကိုယ့်ရဲ့ဘဝ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် သေသေချာချာ စဉ်းစားပြီးမှ စနစ်တကျ တဆင့်ပြီးတဆင့်ပြီး လှေကားတက်သလို သွားပါ။
ငယ်သေးတယ်လို့ခံယူထားပြီး ဘာမှမစဉ်းစားပဲ လုပ်ကွာ လို့ စိတ်ထဲထင်ရာတွေကို လုပ်ရင်တော့ အောင်မြင်ဖို့ ခဲယင်းပါတယ်။

၀၈. ပိုက်ဆံမရှိပါ။

ငယ်တဲ့အချိန်မှာ လက်ထဲမှာ ပိုက်ဆံမရှိတာ အားလုံး အလားတူပါပဲ။ သုံးသင့်သောနေရာမှာတော့ ပိုက်ဆံကို သုံးဖို့ မနှေမြောပါနဲ့။

၀၉. အလုပ်ဆိုတာ ပြောင်းနိုင်ပါတယ်။

လူဘဝမှာ အနှစ်၄၀လောက် အလုပ်လုပ်ရမှာပါ။ တကယ်လို့အလုပ်မှာ အဆင်မပြေသလို ကိုယ်နဲ့မကိုက်သောအလုပ်ဖြစ်မယ်ဆိုရင် အလုပ်ကိုပြောင်းနိုင်ပါတယ်။
ကြိုးစားပြီး သည်းခံပြီးလုပ်ခဲ့တဲ့အလုပ်မှာ စိတ်မပျော်သလို ဆက်လုပ်ဖို့စိတ်ကူးမရှိတော့ရင် အလုပ်ကို ပြောင်းကြည့်ပါ။

၁၀. ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါနဲ့။

အလုပ်ထဲမှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် သူကဘယ်လိုထင်မလဲလို့ အမြဲတွေးပြီး စဉ်းစားနေရင်တော့ ကြာလာရင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိလာနိုင်ပါတယ်။
ယုံမယုံတော့မသိပါ။ သင့်ကို ပတ်ဝန်းကျင်က ကိုယ်ထင်သားသလောက် ဂရုမစိုက်ဘူးဆိုတာကိုပါ။ ကိုယ်စိတ်ထဲမှာသာ ထင်ထားတာပါ။ လက်တွေ့မှာတော့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ကြမှာပါ။

၁၁. စွန့်စားကြည့်ပါ။

မဖြစ်နိုင်ဘူးထင်ရပင်မဲ့ လုပ်ကြည့်ချင်တယ်လို့ စိတ်ထဲမှာတွေးမိရင် လုပ်ကြည့်ပါ။ လုပ်ကြည့်မှသာလျှင် ဖြစ်မဖြစ်သိမှာပါ။
ဘာမှမလုပ်ပဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်သလို၊ အောင်မြင်မှာလဲ မဟုတ်ပါ။ ချော်လဲမှာကို မကြောက်သောသူသာလျှင် ပန်းတိုင်အထိကို ပြေးနိုင်မှာပါ။

၁၂. သူများနဲ့ ယှဉ်ကြည့်ပါ။

တစ်ခါတစ်လေတော့လည်း သူများနဲ့ယှဉ်ကြည့်ပါ။ ကိုယ်ကဘယ်လို အခြေအနေလဲဆိုတာကို ပြန်လည်သုံးသပ်နိုင်ပါလိမ့်မယ်။

၁၃. အောင်မြင်မှုအတွက် ဖြတ်လမ်း မရှိပါ။

အောင်မြင်နေတဲ့သူတွေမှာ ဆုံးရှံးမှုတွေ၊ ဝမ်းနည်းစရာတွေ၊ ဒဏ်ရာတွေနဲ့ ပြည့်နှပ်နေပါတယ်။
လွယ်လွယ်နဲ့တော့ သူဌေးမဖြစ်နိုင်ပါ။ လောကဒဏ်ကို ခံပြီးမှသာလျှင် အောင်မြင်ခြင်းပန်းတိုင်ကို ရောက်ရှိမှာပါ။

Credit: Chelmo Team

Saturday, November 14, 2015

နှလုံးသားနဲ့ ဘာကြောင့် အလုပ်လုပ်ဖို့လိုတာလဲ

==================================================
လူတွေမှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရရာ စေတနာကောင်းကောင်းနဲ့ လုပ်ကြသူရှိသလို စေတနာ အားနည်းတဲ့သူတွေလည်း ရှိကြပါတယ်။ အလုပ်တစ်ခုအောင်မြင် တိုးတက်ဖို့အတွက် အလုပ်ရှင်ဖြစ်စေ အလုပ်သမားဖြစ်စေ တစ်ဦးကိုတစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အလုပ်လုပ်ကြရပါတယ်။ လုပ်ငန်းရှင်အနေနဲ့ လုပ်သားတို့စွမ်းအားကို အရင်းအနှီးပြုပြီး လုပ်ငန်းတိုးတက်ဖို့ ကြိုပမ်းကြရသလို လုပ်သားတို့အနေနဲ့လည်း မိမိတို့ဘဝ တိုးတက်မှုအတွက် လုပ်ငန်းအပေါ်မှီတည် လုပ်ကိုင်ကြရတာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကို အခြေတည်ပြီး လုပ်သားရော အလုပ်ရှင်ရော ကိုယ်စီကြိုးပမ်းကြရတာဘဲ ဖြစ်ပါတယ်။

ဒီအတွက် တစ်ဦးကိုတစ်ဦး လေးစားမှု တန်ဖိုးထားမှု ဆိုတာဟာ အရမ်းကို အရေးကြီးလာပြီ ဖြစ်ပါတယ်။ မိမိအလုပ်အပေါ် တန်ဖိုးထား သိတတ်သူတစ်ယောက် အတွက်ကတော့ သူ့အတွက် နေရာဆိုတာ ခိုင်ခိုင်မာမာ ရှိနေမှာ အသေအချာပါ။ မိမိအလုပ်အပေါ် ရိုသေလေးစားသူ တန်ဖိုးထားသူတို့အတွက် အလုပ်ရဲ့အကျိုးကျေးဇူကို ခံစားရတယ် ဆိုတဲ့စကား ကို ကြားဖူးကြမှာပါ။ အဓိကတော့ အလုပ်ကို တန်ဖိုးထားတယ် လေးစားတယ်ဆိုတာ အလုပ်လုပ်တဲ့အခါ အလုပ်ထဲမှာ နှလုံးသားကိုထည့်ပြီး အလုပ်လုပ်ခြင်းဆိုတဲ့ သဘောဘဲဖြစ်ပါတယ်။

ဈေးရောင်းတာမှာဖြစ်ဖြစ် ဝယ်သူတွေကို စေတနာထားပြီး ရောင်းချနိုင်သူတွေဟာ ပိုမိုအရောင်းသွက်တတ်ကြပါတယ်။ အတ္တ ပရဟိတမျပြီး လုပ်ဆောင်နိုင်တဲ့အခါ ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဘက် အဆင်ပြေစေကာ စိတ်ချမ်းမြေ့မှုကို ခံစားကြရပါတယ်။ အလုပ်ရှင်တို့ လုပ်သားတို့ ကြားမှာလည်း သူ့ဘက်ကိုယ့်ဘက် စေတနာထားပြီး လုပ်ဆောင်နိုင်ခြင်းဟာ နှစ်ဦးနှစ်ဘက်ကို များစွာ စိတ်ချမ်းမြေ့ရသလို များစွာတိုးတက်စေခြင်းဘဲဖြစ်ပါတယ်။ လုပ်သားတို့အနေနဲ့လည်း မိမိတို့အပေါ် ထားတဲ့ အလုပ်ရှင်ရဲ့ စေတနာတရားကို ကျေးဇူးတင်ခြင်ဖြင့် ပိုမိုအလုပ်လုပ်လိုစိတ် များပြားကာ နှစ်ဦးနှစ်ဘက်အတွက် များစွာ အကျိုးအမြတ် ရရှိစေခြင်းဘဲဖြစ်ပါတယ်။

အလုပ်လုပ်ရာမှာ စေတနာလည်းထည့်ပြီး လုပ်ဆောင်ခြင်းဖြင့် စေတနာရဲ့ အကျိုးသက်ရောက်မှုကို များစွာ ခံစားရစေပါတယ်။ အလုပ်ထဲမှာ အောင်မြင်မှု တိုးတက်မှုတို့ရရှိကာ အဓိကအားဖြင့် ဆောင်ရွက်နေတဲ့ ကာလတစ်လျောက်မှာ စိတ်ချမ်းသာရခြင်းဘဲဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးတို့ ထက်မြက်လာကာ သင့်တော်တဲ့နေရာကေင်း ရာထူးကောင်းတို့က အမြဲကြိုဆိုလျက် ရှိတာကို ကြုံတွေ့ရခြင်းဘဲဖြစ်ပါတယ်။ ဘယ်အလုပ်မဆို မိမိလုပ်ဆောင်ရတဲ့ အလုပ်အပေါ်မှာ ဝါသနာပါလို့ဖြစ်စေ လိုအပ်ချက်အရ လုပ်ဆောင်ရလို့ဖြစ်စေ နှလုံးသားနဲ့ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့လိုပါတယ်။ ဒါဟာ နောက်ထပ်ရှေ့ဆက်ရမယ့် နေရာသစ်တို့အတွက် သင့်တော်တဲ့ နေရာကောင်းတစ်ခုကို ပေါ်ပေါက်စေတာကြောင့်ဖြစ်ပါတယ်။

အလုပ်လုပ်ရင် အတတ်နိုင်ဆုံး ကောင်းအောင် လုပ်မယ်ဆိုတဲ့ သဘောထားဟာ နှလုံးသားကို အရင်းခံထားတဲ့ အခြေခံသဘောတရား ဖြစ်ပါတယ်။ အလုပ်မှန်သမျကို မိမိရဲ့ကိုယ်ပိုင်အလုပ်လို သဘောထားကာ လုပ်ဆောင်နိုင်ခြင်းဖြင့် စေတနာရဲ့ အကျိုးထက်သန်မှုကို အသေအချာ ခံစားရစေခြင်းဘဲဖြစ်ပါတယ်။ ထိုစေတနာရဲ့ အသီးအပွင့်ကို မိမိလုပ်ဆောင်ခဲ့တဲ့ နေရာမှာ ခံစားခွင့်မရခဲ့ရင်တောင် အခြားတစ်နေရာမှာ အတိအကျ ခံစားခွင့်ရရှိစေခြင်းဘဲဖြစ်ပါတယ်။ စေတနာကောင်းခြင်းဟာ အလုပ်ကံကောင်းခြင်းတစ်မျိုးဖြစ်ရာ အလုပ်လုပ်ကြတဲ့လူတိုင်း စေတနာအရင်းခံလေးကို ထည့်ပြီးလုပ်ဆောင်တတ်ဖို့လိုပါတယ်။

တစ်ခါတစ်ရံမှာ လူတွေဟာ အလုပ်ကံမကောင်းခြင်းနဲ့ ပတ်သက်ပြီး ညဉ်းတွားတတ်ကြပါတယ်။ အလုပ်ကံကောင်းခြင်း မကောင်းခြင်းဟာ အများအားဖြင့် မိမိရဲ့ကြိုပမ်းအားထုတ်မှု စွမ်းရည်နဲ့ သက်ဆိုင်နေပါတယ်။ မူလအစမှာ လူတိုင်းဟာ သင်ယူလေ့လာခြင်းနဲ့ လုပ်ကြရပါတယ်။ အလုပ်အပေါ် စေတနာထားပြီး လုပ်ဆောင်ပေးရင်း ကြိုစားအားထုတ်ရင်း အလုပ်ကံကောင်ခြင်းဆိုတာ ဖြစ်ပေါ်လာပြီး စေတနာထား လုပ်တတ်သူတွေအတွက် အလုပ်ကောင်း နေရာကောင်းဆိုတာ အမြဲပေါ်ပေါက်နေမှာဘဲဖြစ်ပါတယ်။

မိမိရဲ့အလုပ်ကံကောင်းခြင်း ကံမကောင်းခြင်းကို မိမိရဲ့စေတနာပါပါ လုပ်ဆောင်နိုင်မှုနဲ့ ကုစားနိုင်ပြီး အလုပ်ရှင်တို့ လက်မလွတ်နိုင်တဲ့ အလုပ်သမားကောင်း တစ်ယောက် ဖြစ်လာမှာ အသေအချာဘဲဖြစ်ပါတယ်။ ဒါကြောင့် လူတွေအတွက် ဘာကြောင့်နှလုံးသားနဲ့ အလုပ်လုပ်ဖို့ လိုသလဲဆိုတော့ နှလုံးသားနဲ့ အလုပ်လုပ်နိုင်ခြင်းက မိမိရဲ့အလုပ်ကို ကြာရှည်တည်မြဲစေတာကြောင့်ဖြစ်ပါတယ်။

Yangon Life

Friday, November 13, 2015

ဘာကြောင့် မီလျံနာမဖြစ်သေးတာလဲ?

==================================
မီလျံနာဖြစ်ချင်သူတွေ အများကြီးရှိပါတယ်.။ ဒါပေမယ့် ဘာကြောင့်မဖြစ်သေးတာလဲ? ဘာတွေလိုအပ်နေတာလဲ? ဘာတွေ ပြုပြင်ရမလဲ? Entrepreneur.com ရဲ့ Contributer တစ်ယောက်ဖြစ်တဲ့ Timothy Sykes ကတော့ အောက်ပါအချက်တွေကြောင့်လို့ ရှင်းပြထားပါတယ်.။

(1) သင့်ကို လမ်းပြပေးမယ့်သူ မရှိခြင်း
အောင်မြင်မှုရဖို့အတွက် သင့်နားမှာ positive ဖြစ်တဲ့သူတွေ ဝန်းရံနေဖို့လိုပါတယ်.။ ပိုအရေးကြီးတာက သင်လမ်းကြောင်းမှန်ပေါ်ရောက်နေပြီ၊ မရောက်သေးဘူးဆိုတာ ညွှန်ပြပေးနိုင်မယ့် သင်ယုံကြည်ရသူတစ်ယောက် ရှိဖို့လိုပါတယ်.။

(2) စတေးသင့်တဲ့အရာတွေကို မစတေးနိုင်သေးခြင်း
အောင်မြင်မှုရဖို့အတွက် ဖယ်ရှားစတေးပစ်ရမယ့် အရာတွေရှိပါတယ်.။ ဥပမာ - နေ့တိုင်းသူငယ်ချင်းတွေနဲ့ အလုပ်ချိန်ပြင်ပမှာ သွားလာစားသောက်နေမယ်၊ ပါတီတွေကလပ်တွေတက်နေမယ်ဆိုရင်တော့ သင့် Career ကို တိုးတက်အောင်လုပ်ဖို့ သင့်မှာ အချိန်ရှိမှာမဟုတ်ပါဘူး.။

(3) ကျရှုံးမှာကြောက်နေခြင်း
ကျရှုံးမှာကတော့ သေချာပါတယ်.။ ဘယ်အောင်မြင်တဲ့ လုပ်ငန်းရှင်မှ တစ်ခါမှမကျရှုံးဖူးဘူးဆိုတာ မရှိပါဘူး.။ အရေးကြီးတာက တစ်ခါကျရှုံးဖူးတာကို သင်ခန်းစာယူနိုင်ဖို့ဖြစ်ပါတယ်.။

(4) သေချာတဲ့ ရည်ရွယ်ချက်မရှိတဲ့အတွက် သေချာတဲ့လုပ်ဆောင်ချက်တွေလဲ မရှိခြင်း
တိကျသေချာတဲ့ရည်ရွယ်ချက်မရှိတဲ့အခါ အဲဒီရည်ရွယ်ချက်ကို ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အိုင်ဒီယာတွေ၊ actions တွေလဲမရှိပါဘူး.။ ဒီလိုဖြစ်နေရင်တော့ ဘယ်တော့မှ မီလျံနာဖြစ်မှာ မဟုတ်ပါဘူး.။

(5) တခြားသူတွေကတော့ အောင်မြင်နိုင်တယ်၊ ငါကတော့ ဘယ်တော့မှ မီလျံနာ မဖြစ်လောက်ပါဘူးလို့ တွေးခြင်း
သူများတွေဖြစ်ရင် သင်လည်းဖြစ်ရမယ်လို့ ယုံကြည်ထားပါ..။ ယုံကြည်ချက်ဟာ တော်တော်အရေးကြီးပါတယ်.။ ဖြစ်အောင်လုပ်မယ်လို့ ယုံကြည်လိုက်တာနဲ့ ခရီးတစ်ဝက်ရောက်ပြီးဖြစ်ပါတယ်.။

(6) သင့်ရဲ့ Background နဲ့ Location က သင့်အောင်မြင်မှုကို တားဆီးနေတယ်လို့ ထင်နေခြင်း
တကယ်တော့ သင်ပဲအရေးကြီးပါတယ်.။ Background တွေ Location တွေဆိုတာ ပြုပြင်ပြောင်းလဲလို့ ရတဲ့အရာတွေပါ.။ မြန်မာပြည်မှာကိုပဲ မီလျံနာတွေ အများကြီးရှိနေပါပြီ.။
(7) Internet မသုံးခြင်း
Internet ဟာ ကမ္ဘာကိုပြောင်းလဲခဲ့ပြီးပါပြီ.။ ရှေ့ဆက်ပြီးတော့လဲ ပြောင်းလဲနေဦးမှာပါ.။ အင်တာနက်ပေါ်က သင်ယူစရာရှိသမျှကို သင်ယူဖို့လိုပါတယ်.။ ဒီနေရာမှာ အင်တာနက်ဆိုတာ Facebook ကိုပြောခြင်းမဟုတ်ပါ.။

(8) ပျော်ရွှင်မှုကို ငွေကြေးနဲ့ ဝယ်ယူလို့မရဘူးလို့ သင်ထင်ပါတယ်၊ ဒါပေမယ့် လွတ်လပ်မှုကိုတော့ ဝယ်လို့ရတယ်ဆိုတာ သင်မေ့နေတယ်
ပိုက်ဆံရှိခြင်းအားဖြင့် သင်လွတ်လွတ်လပ်လပ်နေလို့ရတယ်ဆိုတာ သေချာပါတယ်.။ စိတ်ပူစရာမရှိဘူး၊ Stress မရှိဘူး၊ ကြိုက်တာလုပ်မိုက်တာလုပ်ပဲ.။ ဒီလိုနေနိုင်ခြင်းဟာလဲ ပျော်ရွှင်ခြင်းပါပဲ.။

(9) သင်ပေါင်းသင်းတဲ့ သူတွေမှားနေခြင်း
အပေါ်မှာပြောခဲ့သလိုပဲ သင့်ပတ်ဝန်းကျင်ရှိလူများဟာ သင့်ကို support ပေးတဲ့သူတွေပဲ ဖြစ်သင့်ပါတယ်.။

(10) သင့်ကိုယ်သင် မမြှင့်တင်ခြင်း
သင့်ရဲ့ skills တွေ knowledge တွေကို အမြဲတမ်းအဆင့်မြှင့်တင်နေဖို့လိုပါတယ်.။ အချိန်ပိုကြာရင် ကြာပါလိမ့်မယ်၊ အလုပ်ပိုများရင်များပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေဟာ အနာဂတ်မှာ အောင်မြင်မှုရဖို့ ပိုသေချာပါတယ်.။ Task တစ်ခုကို လွယ်လွယ်ကူကူပြီးသွားလို့ အလုပ်မှာမျက်နှာပွင့်ချင်ရင် ပွင့်ပါလိမ့်မယ်.။ အဲဒီ Task ဟာ ခက်ခဲတဲ့အရာတစ်ခုမဟုတ်ဘဲ၊ သင့်ကိုလဲ တိုးတက်စေတဲ့ Task မဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုဆိုရင်တော့ သင့်ရဲ့ အနာဂတ်တက်လမ်းကို အကျိုးမပြုဘူးဆိုတာ သတိပြုသင့်ပါတယ်.။

Ref: Entrepreneur
Aung Mon Chan

Friday, November 6, 2015

တနင်္လာနေ့ မနက်ရောက်တိုင်း တွေးမိတဲ့ အတွေးများ ကို မတွေးမိကြဖို့


ကျွန်တော်တို့လို နေ့စဉ် အလုပ်ခွင် ၀င်နေရသူတွေ အားလုံးအတွက်တော့ သောကြာနေ့ည ဆိုတာဟာ တစ်ပတ်တာမှာ အပျော်ဆုံး အချိန်ဖြစ်နေသလိုပဲ တနင်္လာနေ့မနက် ဆိုတာဟာလည်း အမုန်းဆုံး အချိန်ဖြစ်နေတတ်ပါတယ်။ တနင်္လာနေ့မနက်ရောက်တိုင်း ကျွန်တော်တို့ အားလုံး စိတ်ဖိစီးမှုတစ်ခုခုကို ခံစားလိုက်ရပါတယ်။ အဲဒီလို တနင်္လာနေ့ မနက်ရောက်တိုင်း တွေးမိတဲ့ အတွေးလေးတွေရှိပါတယ်။

။ “ငါတောင်ပေါ်မှာနေတာမှ ကောင်းဦးမယ်။ ဒီမြို့ကြီးကိုမုန်းတယ်။ ငါဒီနေ့လည်း ကားကြပ်တာ ကြုံရဦးမယ်”

၂။ “ဟမ်..? တနင်္လာနေ့မနက် ရောက်လာပြန်ပြီ။ ငါ နောက်ထပ် စနေ၊တနင်္ဂနွေ တစ်ခေါက်ကို ဘာမှ မလုပ်ပဲ ကုန်ဆုံးစေခဲ့ပြန်ပြီ။”

၃။ “အချိန်တွေ ကုန်တာမြန်လိုက်တာ။ စနေနေ့က လွန်ခဲ့တဲ့ ၁ နာရိလောက်ကမှ ရောက်လိုက်ရမှာ”

၎။ “နောက်ထပ် နားရဖို့ ၅ ရက်တောင်စောင့်ရဦးမယ်။ ဒီ ၅ ရက်ကို ငါဘယ်လိုဖြတ်သန်းရမှာလဲ”

၅။ “ ငါမေ့လဲသွားပြီး သောင်္ကြာနေ့မှ ပြန်သတိရလာရင် သိပ်ကောင်းမှာပဲ”

၆။ “လစာကြောင့်သာ မဟုတ်ရင် ငါ အလုပ်ထွက်လိုက်တာ ကြာပြီ”

၇။ “နေ့တိုင်း ဒီလူတွေကိုပဲ တွေ့နေရတာကို မုန်းလာပြီ ရုံးနဲ့ ဝေးတဲ့နေရာကိုပဲ ထွက်ပြေးချင်မိတယ်”

၈။ “ငါ့ဘ၀ ကို ငါဘယ်လိုဖြစ်စေချင်မှန်း ငါကိုယ်တိုင်တောင် မသိတော့ဘူး။ ငါဘာတွေ လုပ်နေတာပါလိမ့်။ ဘ၀ဆိုတာ ဒီလိုပါပဲလား”။

ကဲ သင်တို့ရော တင်္နလာနေ့မှာ ဘယ်လိုခံစားကြရသလဲ။

Credit : Trend Myanmar
Powered by Blogger.

Ads Inside Post