Monday, November 16, 2015
စမတ်ဖုန်းမရှိတဲ့ နေ့တစ်နေ့ ရဲ့ ကောင်းကျိုး ( ၅ ) သွယ်
Sunday, November 15, 2015
ဘာသာရေးကိုင်းရှိုင်းတဲ့ ကလေးငယ်တွေဟာ ဘာသာရေးမကိုင်းရှိုင်းတဲ့ ကလေးငယ်တွေထက် တစ်ကိုယ်ကောင်းပိုဆန်ကြောင်း လေ့လာမှုတစ်ရပ်ကဆို
--------------------------------------------------------------------------------------- ဒီသတင်းကို ဖတ်ပြီး သင် စိတ်မခုခင်မှာ တစ်ခုသိထားသင့်တ...
Saturday, November 14, 2015
ဖုန်းကို လက်ကမချပဲ စွဲလန်းလွန်းအားကြီးသူတွေအတွက် လုပ်ဆောင်ကြည့်သင့်တဲ့ အချက်များ
လူကြီး၊ လူလတ်၊ လူငယ်တွေမှာဆိုရင် ဖုန်းကို လက်ကမချပဲ အမြဲတမ်းတကြည့်ကြည့်လုပ်နေသူတွေကတော့ အသက် ၃၀အောက်တွေလို့ သိရပါတယ်။ သူတို့တွေဟာ ဖုန်းကိုစွဲလန်းလွန်းအားကြီးလွန်းတဲ့ ရောဂါတစ်မျိုး စွဲကပ်နေသလို ဖြစ်နေကြပါပြီ။ ဘယ်သွားသွား selfie လေးရိုက်၊ ပုံလေးကို လူမှုကွန်ယက်ပေါ် တင်ရမှ နေသာထိုင်သာရှိကြသူတွေ ရှိသလို အွန်လိုင်းဂိမ်းတွေကို မနားတမ်းဆော့တဲ့သူတွေလည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဘာရယ်မဟုတ် အင်တာနက်ကို ဖွင့်လိုက်၊ ပြန်သုံးလိုက်၊ ဟို ဆိုက်လေး ၀င်ကြည့်၊ ဒီဆိုက်လေး ၀င်ကြည့် လုပ်တတ်သလို တစ်ချို့ကတော့ chat မယ်ဆိုတဲ့သူကလည်း အများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းကို လက်ကမချတမ်းအသုံးပြုနေသူ တွေ လုပ်ဆောင်ကြည့်သင့်တဲ့အချက်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့
၁။ဖုန်းကို မနက်ပိုင်း alarm ပေးဖို့ မသုံးပါနဲ့။ နာရီတစ်လုံးဝယ်ပြီးတော့သာ Alarm ပေးပါ။
ဖုန်းကို မနက်ပိုင်း alarm ပေးအိပ်တာမျိုးဟာ ကိုယ့်အနီးအနားတစ်ဝိုက် ဖုန်းရှိနေတာကြောင့် အိပ်ယာဝင်ရင်တောင် လက်ကဖုန်းကိုသိပ်လက်မလွှတ်ဖြစ်နေသလို၊ တရေးနိုးလည်း ဖုန်းကို ကောက်ကိုင်မိ၊ သုံးမိနေပြန်ပါတယ်။ မနက်နိုးနိုးချင်းလည်း ဖုန်း alarm သံနဲ့နိုး၊ ဖုန်းကိုအရင်ဆုံးသုံးမိပြန်တော့တာပါပဲ။ ဒါမကောင်းပါဘူး။
၂။ ဖုန်းက နိုတီအသံမြည်တိုင်း သွားကောက်ကိုင်ကြည့်တာမျိုး ရှောင်ပါ။
ဖုန်းကိုဘေးချထားပေမယ့် နိုတီအသံတစ်ခုခုကြားလိုက်တိုင်း ကောက်ကိုင်ကြည့်တတ်တဲ့အကျင့်ကို ပြင်ပါ။ ဖေ့စ်ဘွတ်ခ်က နိုတီတစ်ခုတက်တိုင်း ဖုန်းကိုကောက်ကိုင်ကြည့်နေမယ်ဆိုရင်တော့ တစ်နေ့လုံး သင်အလုပ်လုပ်ရမှာ မဟုတ်တော့ပါဘူး။
၃။ကိုယ့်ချစ်သူနဲ့အတူရှိနေချိန် ဖုန်းကိုပိတ်ထားပါ။ ဒါမှမဟုတ် vibrate သာလုပ်ထားလိုက်ပါ။
ကိုယ့်ချစ်သူနဲ့ ဒိတ်လုပ်နေတဲ့အချိန်တွေမှာ ဖုန်းကိုတကိုင်ကိုင်လုပ်နေမယ့်အစား ကိုယ့်ချစ်သူကိုသာ ပိုအလေးပေးဂရုစိုက်တာ ကောင်းပါလိမ့်မယ်။ ဖုန်းကိုလက်ကမချပဲ တကြည့်ကြည့် လုပ်နေမယ်ဆိုရင် သင်တို့နှစ်ဦးရဲ့အချစ်ရေးဟာ ကတောက်ကဆတွေဖြစ်လာတဲ့အထိ ဆိုးရွားလာနိုင်ပါတယ်။
၎။အရေးကြီးတဲ့ ပွဲတွေ၊ အစည်းအဝေးပွဲ စတာတွေမှာ ဖုန်းကို အသံတိုးပြီး အိတ်ထဲ ထည့်ထားလိုက်ပါ။
အစည်းအဝေးတက်နေချိန် ဖုန်းက message ၀င်လာတဲ့အသံကတောင် အနှောင့်အယှက်ပေးတတ်ပါတယ်။ ဒါ့အပြင် မိသားစုတွေအားလုံးတွေ့ဆုံပွဲ၊ အခြားအရေးတကြီးတက်ရောက်ရတဲ့ပွဲတွေမှာလည်း ဖုန်းကို အိတ်ထဲထည့်ထား လိုက်တာ အကောင်းဆုံးပါ။ ဖုန်းက အသံမြည်နေတာကိုကြားတာနဲ့ သင်က ကြည့်မိနေဦးမှာပဲ အိတ်ထဲမှာသာ ထည့်ထားလိုက်ပါ။
၅။အိပ်ချိန်သတ်မှတ်ပြီး ဖုန်းကို ပိတ်ရင်ပိတ်၊ မပိတ်ရင် အသံတိုးထားလိုက်ပါ။
ဖုန်းကို အိပ်ယာနားထားအိပ်တာဟာ သင့်အတွက် အနှောင့်အယှက်တစ်ခုပါပဲ။ အိပ်လို့မပျော်တာနဲ့ ဖုန်းကိုကောက်ကိုင်မယ်။ အဲ့လိုကြည့်မိရင် ပိုအိပ်မပျော်တာတွေ ဖြစ်ပါလိမ့်မယ်။ ညဘက်တရေးနိုး ဖုန်းကောက်ကြည့်တာမျိုးလည်း မလုပ်ပါနဲ့။ အိပ်ပြီဆိုတာနဲ့ ဖုန်းကိုပိတ်ပြီး စားပွဲပေါ်ဖြစ်ဖြစ် တင်ထားလိုက်ပါ။ မဟုတ်လည်း ဖုန်းကို အသံအဆုံးထိ တိုးပြီးမှ အိပ်ပါ။
TrendMyanmar
================================================= လူကြီး၊ လူလတ်၊ လူငယ်တွေမှာဆိုရင် ဖုန်းကို လက်ကမချပဲ အမြဲတမ်းတကြည့်ကြည့်လုပ်နေသူတွေကတော့ အသ...
Friday, November 13, 2015
ဒီမိုကရေစီက နဲနဲတော့ ခါးနိုင်တယ် နော်
အများလိုလား တောင့်တနေတဲ့ ဒီမိုကရေစီ ဆိုတာ သိပ်တော့ မချိုနိုင်ဘူးနော်..။ နဲနဲ ခါးသက်သက် နဲ့ စပ်ဖျဉ်းဖျဉ်းတော့ဖြစ်နိုင်
ပြီးတော့ ဒီမိုကရေစီမှာ အခွန်ဆောင်ရတယ်ဗျ.။ နိုင်ငံသားတိုင်းမှာ အခွန်ဆောင်ဖို့ တာဝန်ရှိတယ်..။ နိုင်ငံသားတိုင်း နိုင်ငံ့တာဝန်ကျေဖို့ National Service စစ်မှုထမ်းရတာလဲ ပါတယ်..။ အခွန်ကောက်ရာမှာ လဲ အလုပ်လက်မဲ့ ခွန်တောင်ပေးရတယ်..။ အလုပ်လက်မဲ့တွေကို တိုင်းပြည်က ထောက်ပံ့နိုင်ဖို့ပေးကြရတာ.
ဒီမိုကရေစီက ပေးတဲ့ အခွင့်အရေးတွေလဲ အများကြီးရှိသလို နိုင်ငံသား တစ်ဦးချင်းစီက ကြေပွန်ရမယ့် တာဝန်တွေလဲ များတယ်..။ ဒီမိုကရေစီမှာ အစိုးရက စီးပွားမရှာဘူး..။ စီးပွားရှာနိုင်တဲ့ သူတွေကို လမ်းဖွင့်ပေးတာ..။ လမ်းကြောင်းပေးတာ..။ ကူညီပံ့ပိုးပေးတာ..။ စီးပွားဖြစ်လာရင် အခွန် ပေးပေတော့ပဲ..။ ဒီမိုကရေစီနိုင်ငံကြီးတွေမှ
Accounts နှစ်ခု သုံးခု ဖွင့်ထားသူတွေ.. (Share holder တွေအတွက် တစ်ခု.. အစိုးရ အခွန်ဋ္ဌာနကို ပြဖို့က တစ်ခု.. ကိုယ်ကိုယ်တိုင်ကြည့်ဖို့သိ
ပြင်တဲ့ အခါမှာ စာရင်းကိုင်တွေ အများကြီးထားပြီး စာရင်းလိမ်တဲ့ practice ကို စပြင်ရမှာပါ..။
Accounts Professional ဆိုတာ ကမ္ဘာမှာ ဂုဏ်သိက္ခာ အတော်ကြီးမားတဲ့ ပရိုဖက်ရှင်နယ် တွေ ဖြစ်ပါတယ်..။ American Institute of Certified Public Accountants (AICPA) ဆိုတဲ့ အဖွဲ့အစည်းဟာ အမေရိကားမှာ ရှိတဲ့ ပြည်နယ် အားလုံးက CPA တွေနဲ့ ဖွဲ့စည်းထားတာပါ..။ ၁၉၀၆ ခုနှစ်ကတည်းက ရှိခဲ့တဲ့ The American Accociation of Public Accountant အဖွဲ့အစည်းကို မွမ်းမံထားတာပါ..။ အဲဒီ အဖွဲ့အစည်း ထဲမှာ Professional Ethics Executive Committee က ကြီးကြပ်တဲ့ လိုက်ရာရန် ကျင့်ဝတ်များ ရှိပါတယ်..။
AICPA က ပြဋ္ဌာန်းထားတဲ့ Code of Conduct တွေက..
The six principles to which the CPA must adhere are:
1. Commitment —to the public interest and honoring public trust
2. Integrity —sensitivity to professional and moral judgments
3. Objectivity —requires the CPA to be unbiased and impartial in assessing facts, making estimates and arriving at judgments
4. Independence —unbiased, impartial, and free of conflicts of interest (independence in fact and appearance) when providing auditing or other attestation serves. CPAs may not audit a company if they (or spouse or dependents) own stock in that company and/or have financial or employment relationships with the client (apart from financial interest in timely receipt of audit fees).
5. Confidentiality —information known to accounting professionals may not be disclosed to outsiders except when professional work papers are subpoenaed by a court. (Accountants do not have attorney-client privilege.)
6. Professional competence —exercising due care, including observing professional technical and ethical standards. Accounting professionals should undertake only tasks that they can complete with professional competence, and they must carry out their responsibilities with sufficient care and diligence, usually referred to as due care.
တွေဖြစ်ပါတယ်..။
(Ref: Encyclopedia of Business and Finance, 2nd ed. | 2007 | Sweeney, Jan | 700+ words COPYRIGHT 2007 Thomson Gale. )
ဒါကြောင့် ခေတ်သစ်မှာ နိုင်ငံတကာ တန်းဝင် Accountant တစ်ယောက်ဖြစ်ချင်ရင် ဒီအချက်တွေကို လိုက်နာရပါတယ်..။ ဒါတွေကိုစောင့်ထိန်းပါမယ်လိ
ပရိုဖက်ရှင်နယ် တိုင်းမှာ ဂုဏ်သိက္ခာ အသီးသီး ရှိပါတယ်..။ အဲဒီ ဂုဏ်သိက္ခာတွေကို အမိန့်အာဏာနဲ့ လွှမ်းမိုးခြင်း ခံခဲ့ကြရတာပါ..။ တကယ်တော့ accountant ဆိုသူတွေဟာ လုပ်ငန်းရှင်အတွက် စာရင်းလိမ်ပေးရသူတွေ မဟုတ်ကြပါဘူး.။ အဲဒါဟာ အတော်ကြီးတဲ့ ပြစ်မှုပါ..။ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာတော့ ဒါကို ပြစ်မှုမှန်း မသိလောက်အောင် မေ့ထားပြီး ကျူးလွန်နေကြပါတယ်..။ သိပ်မကြာခင်မှာ ဒါတွေ ပျောက်ကွယ်သွားရမယ်လို့ ယုံကြည်ပါတယ်..။
အလုပ်ရှင်တွေဖက်ကလဲ စာရင်းအင်းပရိုဖက်ရှင်နယ်တေ
Credit to ကောင်းလွန်း
===================================== အများလိုလား တောင့်တနေတဲ့ ဒီမိုကရေစီ ဆိုတာ သိပ်တော့ မချိုနိုင်ဘူးနော်..။ နဲနဲ ခါးသက်သက် နဲ့ စပ်ဖျဉ်းဖျဥ...
တံငါသည် နဲ့ သူဋ္ဌေးကြီး တို့ရဲ့ ပုံပြင်
တခါ တုန်းက တံငါရွာလေး တစ်ရွာရဲ့ သဲသောင်ပြင်မှာပေါ့ ....
တံငါသည် တစ်ယောက်ဟာ သောင်ပြင်ပေါ်မှာ ခြေပစ် လက်ပစ် ဇိမ်ကျကျလေး အနားယူ နေလေရဲ့ ....
ဆေးပေါ့လိပ်လေး ဖွာ လိုက် ကောင်းကင်ကြီးကို မော့ကြည့်ရင်း
တေးသွား တစ်ချို့ ငြီးလိုက် နဲ့ပေါ့ ...
အဲ့ဒီ အချိန်မှာပဲအပန်းဖြေ ခရီးထွက်လာတဲ့ သူဋ္ဌေးကြီး တစ်ယောက် ဟာ
သောင်ပြင် တလျှောက် လျှောက်လာလေရဲ့ ...
လာရင်းနဲ့ သူဋ္ဌေးကြီးက တံငါသည်ကို တွေ့တဲ့ အခါ စကားစမြည်ပြောဖို့ အနားကို လျှောက်လာပြီးစကား စ လိုက်တယ် ...
သူဋ္ဌေးကြီး ။ မောင်ရင် ဒီမှာ ဘာလုပ် နေတာတုန်းကွ ...
တံငါသည် က သူ ဇိမ်ကျနေတာကို နှောက် ယှက်ရန်ကော ဆိုတဲ့
မျက်နာပေး မျိုးနဲ့ သူဋ္ဌေးကြီးကို ကြည့်ရင်း ဖြေတယ် ...
တံငါသည် ။ မြင်တဲ့ အတိုင်းပဲလေ သူဋ္ဌေးမင်းရယ်
သောင်ပြင်မှာ အိပ်နေတာလေ
သူဋ္ဌေးကြီး ။ ဟ မောင်ရင်က ဒီ အချိန်မှာ အနားယူနေပြီလားကွ
အလုပ် ဆက် မလုပ်တော့ ဘူးလား
တံငါသည် ။ ဟောဗျာ မနက်က လုပ်ပြီးပြီလေဗျာ နေ့ဖို့ ညစာ ရပြီးပြီ
တော်ပြီပေါ့ ...
သူဋ္ဌေးကြီး ။ မဟုတ်သေးဘူးလေ မောင်ရင်ရယ် ဒီ အချိန်မှာ နားမနေဘဲ
အလုပ် ဆက်လုပ်နေမယ်ဆိုရင် မောင်ရင် ငါးတွေ အများကြီး ရမှာပေါ့ ...
တံငါသည် ။ ဟာဗျာ ငါးတွေ အများကြီးရတော့ ဘာလုပ်ရမှာလဲ
အခုလဲ စား လောက် နေတာပဲ...
သူဋ္ဌေးကြီး ။ ဟ ငါးတွေ အများကြီးရတော့ ဈေးမှာ သွားရောင်း
ပိုက်ဆံတွေ အများကြီး ရတာပေါ့ကွ ...
တံငါသည် ။ ကဲ ဗျာ အဲ့ပိုက်ဆံတွေ အများကြီး ရလာတော့ ဘာလုပ်ရမှာလဲ
သူဋ္ဌေးကြီး ။ ဟ ပိုက်ဆံတွေအများကြီး ရလာတော့
ငါ့လို စက်လှေ ဝယ်ပြီး လူငှားနဲ့ ဖမ်းခိုင်းပေါ့ကွ ...
ပြီးရင် ရတဲ့ ပိုက်ဆံနဲ့ စက်လှေတွေ ထပ် ထပ်ဝယ်.... လူတွေ ထပ်ထပ်ငှား..
ပိုက်ဆံတွေ ရပြီးရင်း ရ .. ဝင်လာ မစဲ တ သဲသဲ ပေါ့ကွာ...
တံငါသည် ။ ဟုတ်ပါပြီ အဲလို ဝင်လာမစဲ တ သဲသဲ တော့ ဘာဖြစ်တုန်း...
ဒီ တစ်ခါတော့ သူဋ္ဌေးကြီးက စိတ်မရှည်တော့တဲ့ လေသံနဲ့
သူဋ္ဌေးကြီး ။ ဟ... ကိုယ်တိုင် အလုပ် မလုပ်ဘဲ ပိုက်ဆံ ကို ပြန် အလုပ် လုပ်ခိုင်းနိုင်မှတော့ မင်း ငါ့လို ဇိမ် နဲ့ နေနိုင်ပြီ ...
အလုပ် မလုပ်ပဲ နေနိုင်ပြီပေါ့ကွ... ငတုံး ရ ... မင်း က လည်း ဝေး ပ ....
တံငါသည်က သူဋ္ဌေးကြီးကို အ ရန် ကော ဆိုတဲ့ မျက်နှာပေးမျိုး နဲ့ စောင်း ငဲ့ ကြည့်တယ် ပြီး တော့ ဒီလို ပြောပါလေရော ...
တံငါသည် ။ ဟ ကျုပ်က မဝေးဘူးဗျ.. ခင်ဗျားကမှ ဝေး တာ ...
အခုရော ကျုပ်က ဘာလုပ်နေတယ် ထင်တုန်း.. သောင်ပြင်မှာ အလုပ် မလုပ်ဘဲ ဇိမ်ကျကျနဲ့ နှပ်နေတာလေ...
ခင်ဗျားကမှ ခင်ဗျား စက်လှေတွေ ရန်သူမျိုးငါးပါး ဖျက်ဆီးမလား... အလုပ်သမားတွေများ မဟုတ်တာ လုပ်မလား... ဆိုတာတွေ စိတ်ပူရင် ပူရမယ်... ကျုပ်က အေးဆေးပဲဗျ... ဘာမှ အပူ အပင် မရှိဘူး...
အခု ခင်ဗျား နားနေနိုင်တာထက်တောင် ကျုပ်က နားနေနိုင်သေးတယ် ...
ခင်ဗျား မြင်တဲ့ အတိုင်းပဲ မဟုတ်လား ...
စကား အဆုံးမှာတော့ ....
သူဋ္ဌေးကြီး တစ်ယောက် တံငါသည် ကို ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အ သွားလေရဲ့ ...
Credit to Original Writer
========================== တခါ တုန်းက တံငါရွာလေး တစ်ရွာရဲ့ သဲသောင်ပြင်မှာပေါ့ .... တံငါသည် တစ်ယောက်ဟာ သောင်ပြင်ပေါ်မှာ ခြေပစ် လက်ပစ် ဇိမ်ကျကျ...
မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း
(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မ
(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပ
(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။
(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်
(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေး
အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက
အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို
ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်
============================ (၁) “ဒါနကုသိုလ်” မနက်အိပ်ယာထမျက်နှာသစ်တော့မ ယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလေ...
Friday, November 6, 2015
တနင်္လာနေ့ မနက်ရောက်တိုင်း တွေးမိတဲ့ အတွေးများ ကို မတွေးမိကြဖို့
၁။ “ငါတောင်ပေါ်မှာနေတာမှ ကောင်းဦးမယ်။ ဒီမြို့ကြီးကိုမုန်းတယ်။ ငါဒီနေ့လည်း ကားကြပ်တာ ကြုံရဦးမယ်”
၂။ “ဟမ်..? တနင်္လာနေ့မနက် ရောက်လာပြန်ပြီ။ ငါ နောက်ထပ် စနေ၊တနင်္ဂနွေ တစ်ခေါက်ကို ဘာမှ မလုပ်ပဲ ကုန်ဆုံးစေခဲ့ပြန်ပြီ။”
၃။ “အချိန်တွေ ကုန်တာမြန်လိုက်တာ။ စနေနေ့က လွန်ခဲ့တဲ့ ၁ နာရိလောက်ကမှ ရောက်လိုက်ရမှာ”
၎။ “နောက်ထပ် နားရဖို့ ၅ ရက်တောင်စောင့်ရဦးမယ်။ ဒီ ၅ ရက်ကို ငါဘယ်လိုဖြတ်သန်းရမှာလဲ”
၅။ “ ငါမေ့လဲသွားပြီး သောင်္ကြာနေ့မှ ပြန်သတိရလာရင် သိပ်ကောင်းမှာပဲ”
၆။ “လစာကြောင့်သာ မဟုတ်ရင် ငါ အလုပ်ထွက်လိုက်တာ ကြာပြီ”
၇။ “နေ့တိုင်း ဒီလူတွေကိုပဲ တွေ့နေရတာကို မုန်းလာပြီ ရုံးနဲ့ ဝေးတဲ့နေရာကိုပဲ ထွက်ပြေးချင်မိတယ်”
၈။ “ငါ့ဘ၀ ကို ငါဘယ်လိုဖြစ်စေချင်မှန်း ငါကိုယ်တိုင်တောင် မသိတော့ဘူး။ ငါဘာတွေ လုပ်နေတာပါလိမ့်။ ဘ၀ဆိုတာ ဒီလိုပါပဲလား”။
ကဲ သင်တို့ရော တင်္နလာနေ့မှာ ဘယ်လိုခံစားကြရသလဲ။
Credit : Trend Myanmar
ကျွန်တော်တို့လို နေ့စဉ် အလုပ်ခွင် ၀င်နေရသူတွေ အားလုံးအတွက်တော့ သောကြာနေ့ည ဆိုတာဟာ တစ်ပတ်တာမှာ အပျော်ဆုံး အချိန်ဖြစ်နေသလိုပဲ တနင်္လာနေ့မနက် ဆို...
ကိုယ့်အပေါ် ကောင်းမှသာ သူ့အပေါ် ကောင်းရတာ မဟုတ်ဘူး
လူတစ်ဦး တစ်ယောက်က သင့်အပေါ်မှာ မကောင်းခဲ့ဘူး ဆိုရင် ဒါတွေကို တွေးပြီး သူ့အပေါ်မှာလည်း မကောင်း မမြင်ပါနဲ့။ သူကောင်းတာ မကောင်းတာက သူ့စိတ်ပါ။ သူ သင့်အပေါ် ကောင်းကောင်း မကောင်းကောင်း သင်ကောင်းဖို့ အရေးကြီးပါတယ်။
မိမိ စိတ်ဟာ သန့်ရှင်း စင်ကြယ် နေသရွှေ့ မိမိ မြင်တဲ့ အရာတွေ အားလုံး သန့်ရှင်း ကြည်လင် နေလိမ့်မယ်။ မိမိ စိတ်ဟာ ကြည်လင် သန့်ရှင်း နေသရွှေ့ မိမိ ပြောတဲ့ စကားတွေ အားလုံး ချိုမြိန် နေလိမ့်မယ်။
လူတွေကို နားလည်ပေးနိုင်အောင် ကြိုးစားပါ။ လူတွေကလည်း သင့်အပေါ်ကို ပြန်လည် နားလည်နိုင်ပါလိမ့်မယ်။
Credit' yoyarlay
လူတစ်ဦး တစ်ယောက်က သင့်အပေါ်မှာ မကောင်းခဲ့ဘူး ဆိုရင် ဒါတွေကို တွေးပြီး သူ့အပေါ်မှာလည်း မကောင်း မမြင်ပါနဲ့။ သူကောင်းတာ မကောင်းတာက သူ့စိတ်ပါ။ သူ...