ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒုက္ခသည်တချို့ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရစဉ်။ Photo: Kan Thar/ RFA |
မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာအနီးမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ပြီးခဲ့တဲ့ သုံးလေးရက်ကတည်းက ထွက်ပြေးလာတာလို့ ဝမ်ဆော့ကျေးရွာသူ မနန်းရွှေလူက ပြောပါတယ်။
"ရွာနားမှာစစ်ပွဲတွေဖြစ်ခါကျတော့ လက်နက်ကြီးနဲ့ ရွာထဲပစ်လာခါကျတော့ အဲ့ဒါကြောင့် ထိမှာစိုးလို့ ရောက် လာကြတာရှင့်၊ သမီးတို့ကတော့ ဖြစ်တာနဲ့ထွက်လာတာ ၁ဝ ရက်နေ့မနက် ၂ နာရီခွဲကတည်းက ထလာ ရတာရှင့် တချို့လူတွေကလည်း ကိုယ်ပိုင်ကားနဲ့ပေါ့၊ တချို့လူတွေကလည်း လိုင်းကားနဲ့လာကြတာများတယ်၊ ပြီးတော့ မရောက်သေးတဲ့လူတွေကျတော့ တီဝိုင်အိုအဖွဲ့ကနေတဆင့် သူတို့ကားလွှတ်တာရှိတယ်၊ ဒီနေ့ရောက် မယ်လို့ ထင်တာပဲရှင့်"
မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာနဲ့ ကျေးသီးမြို့နယ် ဟိုက်ပါကျေးရွာတွေမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၆ ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားနေတာဖြစ်ပြီး အောင်မင်္ဂလာမန်ဆူရှမ်းကျောင်းကို ရောက်ရှိနေသူ ၁၅ဝ ကျော်သွား ပြီဖြစ်ပါတယ်။
မနေ့က ထပ်မံထွက်ပြေးလာသူ ၅ဝ ကျော်ကို လားရှိုးမြို့က ရှမ်းလူငယ်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက သွားရောက်ခေါ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
By — Yoe Ma Lan
7:38 PM