David Beckham နဲ့ ’Game of Thrones’ မင်းသား Kit Harington တို့ လို နာမည်ကြီးအမျိုးသားတွေ နောက်စေ့ဆံထုံးနဲ့ စတိုင်ကျနေတာကို တွေ့ ဖူးကြမှာပေါ့။ ဒီ ဆံပင်ပုံစံဟာ Instagram မှာ ခေတ်စားနေတဲ့ hashtag တစ်ခုလည်းဖြစ်ပြီး ၊ ဆံထုံးမရှိသူတွေအနေနဲ့ social media မှာ photoshop နဲ့ ပြင်ထည့်နေရတဲ့ ဆံပင်ပုံစံဖြစ်ပါတယ်။
အခုအခါမှာတော့ ခေတ်မီချင်သူတိုင်း ဆံပင်ရှည်ထားစရာမလိုဘဲ ဒီဆံပင်ပုံစံကို ရရှိနိုင်ပြီ ဖြစ်ပါတယ်။ Groupon လို့ အမည်ရတဲ့ ကုမ္ပဏီတစ်ခုဟာ ဆံပင်ရှည်ထားဖို့ စိတ်မရှည်ဘဲ၊ ဘန်းဆံထုံး ထားချင်သူ အမျိုးသားတွေအတွက် ရည်ရွယ်ပြီး ဆယ် ဒေါ်လာ နီးပါးသာ ပေးရတဲ့ ဘန်းဆံထုံးအတုကို မိတ်ဆက်ပေးလိုက်ပါပြီ။
ကလစ်နဲ့ ချိတ်တွဲကာ တပ်ဆင်ရတဲ့ ဒီဘန်းဆံထုံးကို ဆံပင်အတုတွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး မိမိ ဆံပင် အရောင်အသွေးနဲ့ လိုက်မယ့် အရောင်မျိုး စိတ်ကြိုက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Groupon ရဲ့ အဆိုအရ စတင်ဖြန့် ချိပြီးမှာပဲ ဒီ ဘန်းဆံထုံးပေါင်း ထောင်ကျော်ရောင်းချ ခဲ့ရပြီး ဖြစ်ကြောင်း သိရပါတယ်။
Ref: CNN






By — Yoe Ma Lan
9:20 PM