![]() |
| NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်လောင်းတွေ နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့မှာ မဲဆွယ်စည်းရုံးနေစဉ်။ Photo: Zar Ni Tun/ RFA |
"ကျနော်တို့ပါတီက လူအင်အားမရှိသော်လည်း အရည်အချင်းရှိတဲ့ပါတီဖြစ်တယ်၊ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေဟာ တစ်ကယ်လို့များပြည်သူက ဆန္ဒမဲ ပေးပြီးတော့ ရွေးချယ်လိုက်ရင် လွှတ်တော်ထဲ ကိုရောက်သွားမှာပဲ၊ ပြည်သူ့အကျိုး စီးပွားတွေကို သယ်ဆောင်ပြီးတော့၊ ပြည်သူ့မျက်နှာတစ်ချက်ညှိုးတာနဲ့ လွှတ်တော် ထဲမှာ နိုင်ငံရေးသိက္ခာမဲ့စွာ ပေကပ်နေမယ့်လူစားမျိုးတွေမဟုတ်ဘူးဆိုတာ ဒီနေရာကနေ အာမခံ ရဲရဲကြီးပေးပြီး နိဂုံးချုပ်ပါတယ်"
အဲဒီမဲဆွယ်စည်းရုံးပွဲကို ကြည့်မြင်တိုင်၊ လှိုင်သာယာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လသာ၊ ဒဂုံဆိပ်ကမ်း မြို့နယ်က လွှတ်တော်ကိုယ်စားလောင်း ၂၀ ပါတီဝင်နဲ့ ပြည်သူ နှစ်ရာနီးပါးလောက် တက်ရောက်တာ ကို တွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီကနေ ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၈၉ ယောက်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း ၃၈ ယောက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၃၈ ယောက်တို့နဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese






By — Yoe Ma Lan
8:22 PM