Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

Sunday, November 15, 2015

ယာဉ်တိုက်မှုဖြစ်ပွားရာ အသက် ၁၄ နှစ်အမျိုးသမီးသေဆုံး


 နိုဝင်ဘာလ ၁၅ ရက် ၊

 နိုဝင်ဘာလ (၁၃)ရက်နေ့ဒီးမော့ဆို-ဖရူဆိုကားလမ်းမကြီး ဒီးမော့ဆိုဈေး သွားသည့်လမ်းဆုံတွင် ဒမ်ဘာကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိကြပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး မှာအခင်းဖြစ်ပွားပြီး အနည်အကြာတွင်သေဆုံးသွား ခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

ကားနှင့်ဆိုင်ကယ် နှစ်စီးယှဉ်မောင်းလာသလို ဖြစ်နေပြီး ဆိုင်ကယ်မှလည်း လမ်းဆုံအရောက်တွင်ကွေ့ရန် အချက်ပြမီး မပြဘဲကွေ့လိုက်သည့်အတွက် နောက်မှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်အား ဝင်တိုက်သွားသည်ဟု အခင်းဖြစ်ပွားရာအနီးတွင် ရှိနေသူ မျက်မြင်သက်သေ ဦးလေးတစ်ဦီးက ဆိုသည်။

"ကျနော်တွေ့လိုက်တော့ တိုက်သွားပီ ဆိုင်ကယ်က ဆစ်ကနယ်မီး မပြဘူး ကားကလည်းအရှိန်ပါတယ် အနောက်ကနေ ရောက်လာပြီးချိတ်သွားတာပေါ့ ကြောက်စရာကောင်းတယ် နှစ်ယောက်စလုံးတော့ မှားကြတယ်"ဟုပြောသည်။

ဒီးမော့ဆိုဈေးသို့ သွားသည့် လမ်းကွေ့တွင် ဒမ်ဘာကားအပြာရောင် နှင့် ဆိုင်ကယ်တို့ ရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာစဉ် လမ်းကွေ့အရောက်၌ ဆိုင်ကယ်မှ ရုတ်တရက် ကွေ့လိုက်သည့်အခါ ဒမ်ဘာကားမှာ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်အား နောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူ မဗျားမြာမှာ ဆိုင်ကယ်နှင့်အတူ ကားအောက် တရွတ်တိုက်ပါသွားခဲ့ခြင်းဖြစ်သည်။

မဗျားမြာမှာ နှုတ်ခမ်း | ခါး |ယာဘက်ခါး | ပါး | ယာဘက်ပေါင် ဆုပ်ပြဲဒဏ်ရာ နှင့် ရင်ဘက်ညိုမဲ ဒဏ်ရာတို့ရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်စဉ် လမ်းမှာပင်သေဆုံးသွားခဲ့သည်။

သေဆုံးသူသည် မဗျားမြာသည် အသက် ၁၄ နှစ်ရှိ ဖရူဆိုမြို့နယ် လောခူးခူရွာက ဖြစ်သည်။ ဒမ်ဘာကားမောင်းနှင်သူမှာ ဖားဆောင်မြို့ မြောက်ပိုင်းရပ်ကွက်နေသူ ဟန်အေး ဖြစ်ကြောင်းသိရသည်။

ယဉ်မောင်းသူများအနေဖြင့် လူစည်းကားသောနေရာ မြို့တွင်းတွင် အရှိန်လျှော့ပြီး မောင်းနှင်ရန်နှင့် ယဉ်အချက်ပြစနစ် များကိုလက်တွေ့အသုံးချပြီး စည်းကမ်းရှိရှိမောင်နှင်ကြရန် ယခုဖြစ်စဉ်အား အတုယူကြဖို့လိုကြောင်း တာဝန်ရှိသူရဲတစ်ဦးမှပြောဆိုသည်။

လူ့အသက်သေ သည်ထိ ဒမ်ဘာကားအား မဆင်မခြင်မောင်းနှင်သူ ဖားဆောင်မြို့နေသူ ဟန်အေးအားဒီးမော့ဆိုမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဒမ်ဘာကားနှင့် ဆိုင်ကယ်တိုက်မိခဲ့ရာ လမ်းဆုံဖြစ်သည်။

ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

မိန်းမကိုလာပိုးသည့် အမျိုးသားကို ခင်ပွန်းက ဓားဖြင့်ခုတ်

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Images
      မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ပန်းပင်ကျေးရွာတွင် ဇနီးဖြစ်သူအား လာရောက် ပိုးပန်းသည်ဟုထင်၍ ခင်ပွန်းမှ ဓါးဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

      ဖြစ်စဉ်မှာ နိုဝင်ဘာလ(၂)ရက်နေ့၊ ည(၁၀) နာရီအချိန်က သပိတ်ကျင်းမြို့ နယ်၊ . . . . . ကျေးရွာနေ ဦး. . . . .(၃၀) နှစ်သည် ဇနီး မ. . . . . . .(၃၆)နှစ်နှင့်အတူ နေအိမ်၌ အိပ်နေစဉ် တစ်ရွာတည်းနေ ကြည်ရွှင် (၄၀)နှစ်မှ နေအိမ်အတွင်း တိတ်တဆိတ် ၀င်ရောက်လာသည်ကို ဇနီးဖြစ်သူအား လာရောက်ပိုးပန်းသည်ဟု ထင်မှတ်၍ အရိုးအသွား (၂၄)လက်မခန့်ရှိ ဓားဖြင့်ခုတ်ခဲ့ရာ ကြည်ရွှင်၏ ယာခြေသလုံး ပြတ်ရှဒဏ်ရာရရှိပြီး တွင်းငယ် တိုက်နယ်ဆေးရုံသို့ ပို့အပ်စဉ် လမ်းတွင် သွေးထွက်လွန်၍ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။

           အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ အကိုက တိုင်တန်း၍ ကျော်ဆန်းဦးအား သပိတ်ကျင်း မြို့မရဲစခန်းတွင် (ပ)၁၇၄/ ၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

The Messenger Media
http://www.messengerdaily.com/

Friday, November 13, 2015

သမီးရည်းစားချိန်းတွေ့စဉ်ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း၍ မီးရှို့မှုဖြစ်


======================================================
အောင်လံ နိုဝင်ဘာ ၁၃

အောင်လံမြို့မြောက်ဘက် မြို့ အဝင် မောင်းတံဂိတ်အနီး ကြက်ရုံးကြီး ကျေးရွာသို့သွားသော ရေနံတူးဖော်ရေး ကျောက်လမ်းတွင် နိုဝင်ဘာ ၁၁ ရက် နံနက် ၈ နာရီခန့်က သမီးရည်းစား နှစ်ဦးချိန်းတွေ့ရာမှ အဆင်မပြေ ဖြစ်ပြီး ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မxxxxက တရော် ကုန်းရပ်ကွက်တွင် နေသူသည် ဆိုင်ကယ် မီးလောင်ပြီး ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုကြရာ မxxxxအား လည်ပင်း အောက် ခန္ဓာကိုယ်အနှံ့ မီးလောင် ထားသည့်ဒဏ်ရာများနှင့်တွေ့ရပြီး စုံစမ်းမေးမြန်းရာ နယူးအောင်လံ ကားဂိတ်မှ ရည်းစားဖြစ်သူ ဇော်ဦး မကွေးမြို့နေသူနှင့် ချိန်းတွေ့ကြစဉ် ဇော်ဦးက လက်ထပ်ပေါင်းသင်းရန် ပြောသောအခါ မိဘများနှင့်မခွဲလို၍ လက်ထပ်ခြင်း မပြုလိုသေးကြောင်း ငြင်းဆိုသဖြင့် ဇော်ဦးက ဆိုင်ကယ် တွင်အသင့်ပါလာသော ဓာတ်ဆီဖြင့် နှစ်ဦးစလုံးလောင်းပြီး မီးရှို့ခဲ့ရာ မီးကူးစက်လောင်ကျွမ်းပြီး ဒဏ်ရာများ ရရှိခဲ့သဖြင့် မxxxxက ပတ်ဝန်းကျင်ကို အော်ဟစ်အကူ အညီတောင်းရာ ဇော်ဦးမှာဆိုင်ကယ် နှင့် ထွက်ပြေးသွားခဲ့သည်ဟု သိရပြီး ဇော်ဦးအား အောင်လံမြို့မ ရဲစခန်းက အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

သင်းလွင်(အောင်လံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Friday, November 6, 2015

နိုင်ငံရေးသိက္ခာရှိတဲ့ ကိုယ်စား လှယ်လောင်းတွေဖြစ်ကြောင်း NDF ခေါင်းဆောင်ပြော

NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်လောင်းတွေ နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့မှာ မဲဆွယ်စည်းရုံးနေစဉ်။ Photo: Zar Ni Tun/ RFA
NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့မှာ နောက်ဆုံးနေ့ မဲဆွယ်စည်းရေးအနေနဲ့ ဒီကနေ့ ဟောပြောခဲ့ပါတယ်။ NDF ပါတီ ကိုယ်စားလှယ်လောင်းတွေဟာ လွှတ်တော်ထဲပြည်သူ့အကျိုးဆောင်ရွက်ရာမှာ လူထုမကြိုက်တဲ့ အချက်တွေ ရှိလာရင် လွှတ်တော်ထဲမှာ ဆက်မနေဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ က ပြောပါတယ်။

"ကျနော်တို့ပါတီက လူအင်အားမရှိသော်လည်း အရည်အချင်းရှိတဲ့ပါတီဖြစ်တယ်၊ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေဟာ တစ်ကယ်လို့များပြည်သူက ဆန္ဒမဲ ပေးပြီးတော့ ရွေးချယ်လိုက်ရင် လွှတ်တော်ထဲ ကိုရောက်သွားမှာပဲ၊ ပြည်သူ့အကျိုး စီးပွားတွေကို သယ်ဆောင်ပြီးတော့၊ ပြည်သူ့မျက်နှာတစ်ချက်ညှိုးတာနဲ့ လွှတ်တော် ထဲမှာ နိုင်ငံရေးသိက္ခာမဲ့စွာ ပေကပ်နေမယ့်လူစားမျိုးတွေမဟုတ်ဘူးဆိုတာ ဒီနေရာကနေ အာမခံ ရဲရဲကြီးပေးပြီး နိဂုံးချုပ်ပါတယ်"

အဲဒီမဲဆွယ်စည်းရုံးပွဲကို ကြည့်မြင်တိုင်၊ လှိုင်သာယာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လသာ၊ ဒဂုံဆိပ်ကမ်း မြို့နယ်က လွှတ်တော်ကိုယ်စားလောင်း ၂၀  ပါတီဝင်နဲ့ ပြည်သူ နှစ်ရာနီးပါးလောက် တက်ရောက်တာ ကို တွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီကနေ ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၈၉ ယောက်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း ၃၈ ယောက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၃၈ ယောက်တို့နဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Powered by Blogger.

Ads Inside Post