Showing posts with label ကျန်းမာရေးဗဟုသုတ. Show all posts
Showing posts with label ကျန်းမာရေးဗဟုသုတ. Show all posts
Tuesday, November 17, 2015
လေလည်အနံ့ လို ပုပ်အဲ့တဲ့အနံ့တွေ ရှူရှိုက်ခြင်းက ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်
---------------------------------------------------------------------------------------
လေလည်တဲ့အနံ့ ကို ရှူရှိက်ခြင်းက ကင်ဆာဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေ၊ နှလုံးဖောက်နိုင်ခြေ၊ အဆစ်ရောင်နာ ဖြစ်နိုင်ခြေ နဲ့ စိတ်ဖောက်ပြန်မှုရောဂါဖြစ်နိုင်ခြေတို့ ကို နည်းပါးစေတယ်လို့ ဆိုပါတယ်။Exeter တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ပြောကြားချက်အရ ကြက်ဥပုပ်၊ဘဲဥပုပ်တွေနဲ့ လူတစ်ယောက် လေလည်တဲ့အနံ့ မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ ဆဲလ်ပျက်စီးမှုကို လျော့ပါးစေပြီး တစ်ချို့ ရောဂါတွေကို ကာကွယ်ပေးနိုင် တယ်လို့  ဆိုပါတယ်။
လူတစ်ယောက် အစာခြေဖျက်တဲ့အခါ အနည်းအကျဉ်းသာ ထွက်ပေါ်လာတဲ့ ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ်ဓာတ်ငွေ့ ရဲ့ အကျိုးသက်ရောက်မှုကို သိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြတာဖြစ်ပါတယ်။ ဒီ ဂတ်စ်ဟာ ပမာဏ အများအပြား ရှူမိရင် အန္တရာယ်ရှိပေမယ့် ၊ ပမာဏအနည်းငယ်ကို ရှူရှိုက်ပြီး ဆဲလ်တွေနဲ့ ထိတွေ့ မိလို့ ရှိရင် ဆဲလ်တွေရဲ့စွမ်းအင်ကိုထုတ်ပေးတဲ့ Mitochondria ပျက်စီးမှုကို ကာကွယ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ဟိုက်ဒရိုဆာလ်ဖိုဒ်ဓာတ်ငွေ့ လျော့နည်းနေပြီဆိုရင် AP39 ဆိုတဲ့ ဒြပ်ပေါင်း အသစ်တစ်မျိုးက အသုံးဝင်နိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
“ ကျွန်တော်တို့ ဟာ AP39 ဆိုတဲ့ ဒြပ်ပေါင်းအသစ်တစ်မျိုးကို ဖန်တီးပြီး ဒီသဘာဝဖြစ်စဉ်ကို အကျိုးရှိရှိ တုပနိုင်ပါပြီ။ AP39 ဟာ ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ်ဓာတ်ငွေ့ အနည်းငယ်ကို ဆဲလ်တွေရဲ့ mitochondria အပိုင်းဆီ ဖြည်းညှင်းစွာ ပို့ ဆောင်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ ရဲ့ စမ်းသပ်မှုရလဒ်တွေအရ ပျက်စီးနေတဲ့ဆဲလ်တွေကို AP39 ဒြပ်ပေါင်းနဲ့ ကုသကြည့်ရာမှာ mitochondria ပိုင်းကို ကာကွယ်မှုပေးပြီး ဆဲလ်တွေ ကျန်းမာစွာ ဆက်ရှိနေနိုင်တာ ကို တွေ့ ရှိခဲ့ရတယ်” လို့ Exeter တက္ကသိုလ်က ပါမောက္ခ Matt Whiteman က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဒီသုတေသနဟာ ပဏာမအဆင့်မှာသာရှိသေးပြီး ယခုအချိန်မှာ တိကျတဲ့ကောက်ချက်ချမှုတွေ တော့ ပြုလုပ်နိုင်ဦးမှာမဟုတ်သေးဘူးလို သိရပါတယ်။
Ref: Time 
အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
--------------------------------------------------------------------------------------------------
အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။
ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။
တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။
လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့ စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေ ထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။ လေငန်း ရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက် ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်း စေသည်။
မြဝတီ
ဘ၀တစ်လျှောက် လိင်ဆက်ဆံခြင်းမပြုပါက အသက် ၁၅၀ နှစ်ထိ အသက်ရှင်နိုင်ပြီ
~~~~~~~~~~~~~~~~~~~~~~~~
လူသားတွေ လိင်ဆက်ဆံခြင်း မပြုပါက အသက် ၁၅၀ နှစ်အထိ အသက်ရှိနိုင်ဟု Biogerontology Research Foundation ခေါ် UK ဥာဏ်ကြီးရှင်အဖွဲ့တစ်ဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဗြိတိသျှလူမျိုးပါမောက္ခ Alex Zhavo Ronkov က Daily Mirror သတင်းသို့ ပြောပြခဲ့ပါတယ်။
သူ့ရဲ့ စာအုပ်သစ် The Ageless Generation မှာ သူက ကာမဆက်ဆံခြင်း မရှိသောဘဝက ကျွန်ုပ်တို့ အသက် ပိုမိုရှည်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။ လိင်ဆက်ဆံတာ အားအင်စုပ်ယူကုန်ခန်းစေတဲ့ အနှောင့်အယှက်တွေထဲက တစ်ခုဖြစ်ကြောင်း သူက ထပ်မံ သတိပေးထားပါတယ်။
နောက်ကျမှ အိမ်ထောင်ပြုခြင်းနဲ့ ကလေးမွေးဖွားခြင်းက မိမိတို့ရဲ့ ဘဝသက်တမ်း အပြောင်းအလဲဖြစ်စေတဲ့ အကျိုးဆက် ဖြစ်ကြောင်း သူက ထပ်ပြောပါတယ်။
အဲဒီအစား လေ့ကျင့်ခန်းပုံလုပ်ပြီး အစားလျော့စားဖို့ အကြံပြုထားပါတယ်။ သူကတော့ တစ်နေ့ ကယ်လိုရီ ၁၆၀၀ ကနေ ၁၇၀၀ ကြား စားသုံးတယ်။ အများစုမှာ သစ်သီး၊ ဒိန်ခဲနဲ့ ပရိုတိန်းဓာတ်တွေ ဖြစ်တယ်လို့ Zhavoonkov က ပြောပါတယ်။
အသက် ၁၅၀ ကျော် အသက်ရှင် နေထိုင်ဖို့ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ သေဖို့ စီမံချက်လုံးဝ မရှိတာပါ။ ဘာမဆို ဖြစ်နိုင်တယ်ဆိုတာ သိမှတ်ပြီး အသက်ရှင်ဖို့သာ လိုအပ်ကြောင်း Zhavoronkov က နောက်ဆုံးစကား ပြောဆိုခဲ့တယ်။
မေးခွန်းကတော့… ကာမရသခံစားပြီး ခဏပဲ အသက်ရှင်မှာလား သို့မဟုတ် အသက်ရှည်ရှည်နေထိုင်သွားမလား ဆိုတာပဲဖြစ်ပါတယ်။ 
Ref: Indiatimes 
Trend Myanmar
Credit
#Phoekilay
Sunday, November 15, 2015
ဖုန်းသုးံသူတွေသေချာသိသင့်တာပေါ့
-------------------------------------------------
ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်..။
ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ် ဆိုလည်း မရပါဘူး။
အနည်းဆုံး လေးပေ၊ ငါးပေ လောက်တော့ ခွာပြီး ထားရမယ့် 
ပစ္စည်း ဖြစ်ပါတယ်။သူ့ဆီကနေ ထွက်တဲ့ ရေဒီယို ဓာတ်ကြွ
ရောင်ခြည်က ရောဂါ အမျိုးမျိုး ဖြစ်ပေါ် စေပါတယ်။
ခန္ဓာကိုယ် ပြင်ပ အရေပြားကစလို့ အတွင်း အထိကို ထိပါတယ်။ 
အနီးစပ်ဆုံး ကတော့ ဦးနှောက်ကို ထိပြီး အသက်ကြီး လာတဲ့ အခါ ပိုမို ခံရပါတယ်။ဦးနှောက် အတွင်းမှာ ရှိတဲ့ အရေအပြားနဲ့ ဆဲလ်များဟာ 
အင်မတန် နူးညံ့ပြီး နေ့စဉ် ထိတွေ့ နေတဲ့ ဓာတ်ရောင် ခြည်ကြောင့် သေဖို့ ပိုများပါတယ်။
ရှင်သန်မယ့် ဆဲလ်အရေ အတွက်ထက် သေတဲ့ ဆဲလ်ပိုများတဲ့ အခါ ရေရှည်မှာ ဦးနှောက် သောတို့၊ ဦးနှောက် ကင်ဆာ တို့ကိုတောင် ဖြစ်ပေါ် စေနိုင် ပါတယ်။
ယနေ့ ကမ္ဘာရဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်မှုမှာ လူတိုင်းဟာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ထိတွေ့ နေရပြီး ဒါတွေကို သိရှိ နားလည်လို့ အတတ်နိုင်ဆုံး ရှောင်ကြဉ်တတ်ရန် လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။
YoYarLay
အမြွှာပူးမွေးထားတဲ့ မိခင်တွေ အသက်ပိုရှည်ကြောင်း လေ့လာတွေ့ ရှိ
နာမည်ကျော် သိပ္ပံနဲ့ ကျန်းမာရေးသတင်းဝက်ဘ်ဆိုဒ် LiveScience မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ အမြွှာပူးမိခင်တွေဟာ သာမန်မိခင်တွေထက် အသက်ရှည်ရှည်နေရနိုင်ခြေ ပိုများကြောင်းသိရှိရပါတယ်။
အမြွှာပူးမေမေတွေဟာ မွေးဖွားချိန်မှာ ကလေးနှစ်ယောက်တစ်ပြိုင်တည်းမွေးဖွားနိုင်လောက်အောင် ကျန်းမာသန်စွမ်းမှုရှိတာကြောင့် အသက်ပိုရှည်ရှည်နေရလေ့ရှိတာဖြစ်တယ်လို့ ဆိုပါတယ်။ သုတေသန ပညာရှင်တွေဟာ ဒီလေ့လာမှုပြုလုပ်ချိန်တုန်းက အမြွှာပူးမိခင်တွေဟာ သာမန်မိခင်တွေထက် အသက်ပိုတိုနိုင်တယ်ဆိုတဲ့ အဖြေရမယ်လို့ ထင်ခဲ့ကြတာဖြစ်တယ်လို့ ဝန်ခံထားပါတယ်။
လူသားအများစုဟာ သာမန်အားဖြင့် တစ်ကြိမ် ကလေးတစ်ယောက်သာ မွေးဖွားတတ်ကြတာမို့ ၊ ကလေးနှစ်ယောက်ကို တစ်ချိန်တည်းမွေး၊ စောင့်ရှောက်ရတာဟာ ကိုယ်ရောစိတ်ပါ ပင်ပန်းရမယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ အမြွှာပူး မိခင်တွေဟာ ရုပ်ပိုင်းဆိုင်ရာမှာ တစ်မူထူးခြားမှုရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ်တွေ့ ရှိမှုအရ အမြွှာပူးမိခင်တွေဟာ ကလေးရနိုင်တဲ့ ပျှမ်းမျှသက်တမ်း(မျိုးပွားနိုင်မှုပျှမ်းမျှသက်တမ်း) ပိုရှည်ကြာလေ့ရှိပြီး ကိုယ်ဝန် တစ်ခုနဲ့ တစ်ခုကြားမှာလည်း ပြန်လည်ကျန်းမာနာလန်ထူဖို့ အချိန်နည်းနည်းသာ လိုအပ်သလို ပျှမ်းမျှအားဖြင့်လည်း သားသမီးတွေ ပိုများလေ့ရှိတယ်လို့ ဆိုပါတယ်။
Utah နိုင်ငံက အမျိုးသမီးပေါင်း ၁၈၀၀ ရဲ့ မျိုးအောင်နိုင်မှုကို လေ့လာခဲ့ရာမှာ အမြွှာပူးမိခင်တွေဟာ သာမန်မိခင်တွေထက် သားသမီးဦးရေ ၁.၉ နဲ့ ၂.၃ ယောက်ကြား ပိုများနေတာကို တွေ့ ရှိ ခဲ့ပါတယ်။
Ref: yourtango 
Saturday, November 14, 2015
ကိုယ်ဝန်ဆောင်ချိန် ကာလအတွင်း မိခင်လောင်းတွေ လုံးဝရှောင်ကြဉ်သင့်တဲ့ အရာများ
=========================================
ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အစစအရာရာကို ဂရုစိုက်၊သတိထားရမယ့်အချိန်မှာ။ တစ်နေ့ စားတဲ့ အစားအစာကနေ သာမန်လှုပ်ရှားမှုလေးတွေကအစ ၊ သင်ရဲ့တစ်နေ့ တာဟာ မွေးဖွားလာမယ့် သင့်ရင်သွေးလေးရဲ့ ကြီးထွားမှုနဲ့ ဖွံ့ ဖြိုးမှုကို သွားရိုက်ခတ်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာသန်စွမ်းတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်ဖို့ ပြုမူနေထိုင်ရမယ့်အချက်တွေအပေါ် ပါးစပ်ပြောအချက်တွေကလည်း အများကြီးရှိတာမို့ မိခင်လောင်းအနေနဲ့ ဘယ်ဟာကို လိုက်နာရမှန်းမသိ ရှုပ်ထွေးတတ်ပါတယ်။
နိုင်ငံတကာ အသိအမှတ်ပြု၊ ကိုယ်ဝန်ဆောင်ချိန်၊နို့ ချိုတိုက်ကျွေးချိန်နဲ့ ရင်သွေးငယ်အာဟာရ အကြံပေးပညာရှင် Sonali Shivlani က ရင်သွေးအတွက်အရေးပါတဲ့ ကိုးလတာကာလအတွင်း မိခင်လောင်းတစ်ယောက်အတွက် အန္တရာယ်မကင်း၊စိတ်မချရတဲ့အပြုအမူတွေကို စာရင်းပြုစုပေးခဲ့ပါတယ်။
၁။ အရက်သောက်သုံးခြင်း
ကိုယ်ဝန်ဆောင်စဉ် အရက်သောက်သုံးမယ်ဆိုရင် ဘယ်လောက်ပမာဏ သောက်တာက စိတ်ချရသလဲ ဆိုတာ တိကျသေချာတဲ့ လမ်းညွှန်ချက်မရှိပါဘူး။ ဒါပေမယ့် လေ့လာမှု၊ သုတေသနပြုစောင့်ကြည့်ချက် အများအပြားအရ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်းဟာ ကလေးကြီးထွားမှုနှေးကွေးခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုနည်းခြင်းနဲ့ သင်ယူမှုပိုင်းမှာချို့ ယွင်းချက်တွေ ရှိကြောင်း ကောက်ချက်ချထားပါတယ်။ ဒီ့အပြင် ကိုယ်ဝန်ဆောင်စဉ် အရက်ပမာဏအများအပြားသောက်သုံးခြင်းဟာ သန္ဓေသားအယ်လ်ကိုဟောဆင်ဒရုန်းလို့  ခေါ်တဲ့ ရောဂါတစ်မျိုး ကလေးမှာ သွားရှိနိုင်ပါတယ်။
၂။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် နေ့ မစေ့ဘဲမွေးဖွားခြင်း၊ ရေမြွှာစောစီးစွာပေါက်ခြင်း တို့ ဖြစ်နိုင်ပါတယ်။ သန္ဓေသား အောက်စီဂျင်မ၀မှု၊ ကလေးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပေါ်မှုကို ထိခိုက်ချို့ ယွင်းမှု၊ မွေးရာပါ  ချို့ ယွင်းချက်၊မူမမှန်မှုများရှိခြင်း၊ သန္ဓေသားအလေးချိန်နဲ့ အရွယ်အစားကျဆင်းခြင်း (ပေါင်မပြည့်ခြင်း) တို့ ဖြစ်နိုင်ပါတယ်။
၃။ မူးယစ်ဆေးသုံးခြင်း
ကိုကိန်း၊ဆေးခြောက်စတဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲခြင်းဟာ ဗိုက်ထဲကကလေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ မွေးဖွားရာပေါင်မပြည့်ခြင်း အပါအ၀င် မီးမဖွားခင်နဲ့ မီးဖွားပြီးနောက်မှာ တခြား နောက်ဆက်တွဲရောဂါပြဿနာတွ ဖြစ်စေနိုင်ပါတယ်။
၎။ ရေပူချိုးခြင်းနဲ့ ပေါင်းခံချွေးထုတ်ခြင်း
ပေါင်းခံချွေးထုတ်ခြင်း နဲ့ ရေပူ၊ရေနွေးနဲ့ ရေချိုးခြင်းတို့ ကို ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်ပါတယ်။ ရင်ဘတ်ပိုင်းကို ရေနွေးအိတ်ကပ်ခြင်းစတဲ့ အပြူအမူတွေကြောင့် သားအိမ်မှာ အပူချိန်လွန်ကဲကာ ဆိုးရွားတဲ့ အခြေအနေမှာဆိုရင် အထဲက ကလေးအသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ ပထမသုံးလပတ်၊ကိုယ်ဝန် ဆောင်ချိန်မှာ မိခင်ဖျားနာကိုယ်ပူခြင်း အပါအ၀င် အပူချိန်လွန်ကဲမှုနဲ့ ထိတွေ့ ခြင်းဟာ ကလေးအာရုံကြော အင်္ဂါတွေကို သွားထိခိုက်စေနိုင်ပါတယ်။
၅။ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှု
အပေါ့စားလေ့ကျင့်ခန်းလေးတွေ အသင့်အတင့် လုပ်ပေးသင့်တယ်လို့ ဆရာဝန် အများအပြားက အကြံပေးထားပါတယ်။ ဒါပေမယ့်လည်း နှလုံးခုန်နှုန်း 160 bpm ( တစ်မိနစ် ၁၆၀ ကြိမ်နှုန်း) ထက်ပိုတဲ့ လှုပ်ရှားမှုမျိုးလုပ်တာက သန္ဓေသားမှာ အောက်စီဂျင်ရရှိမှုနည်းပါးသွားပြီး ဦးနှောက်ကို အောက်စီဂျင်မရောက်ရှိကာ ဦးနှောက်ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။
၆။ အိမ်မှာအနှိပ်ခံခြင်း
စနစ်တကျလေ့ကျင့်သင်ယူထားတဲ့ အကြောပြင်၊အနှိပ်ဆရာတွေရှိတဲ့ spa ကို သွားခြင်းက ဘာမှမဖြစ်ပေမယ့် အရပ်ထဲက အနှိပ်သည်၊အကြောပြင်ဆရာတွေခေါ်နှိပ်ခြင်း၊ အိမ်ကလူကိုနှိပ်ခိုင်းခြင်းတို့ က သားအိမ်ကို ဖိအား သက်ရောက်မှုဖြစ်နိုင်ပြီး အစောကြီး ၀မ်းနာခြင်းတွေ ဖြစ်နိုင်ပါတယ်။
၇။ နာရီကြာကြာရပ်ခြင်း
နာရီတော်တော်ကြာကြာ ရပ်နေခြင်းက ခြေသလုံးမှာသွေးကြောထုံးခြင်း၊ ဖောင်းခြင်းရောင်ခြင်း တွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ထိုင်ခြင်း၊လှဲနေခြင်းတို့ က အနားယူဖို့ အကောင်းဆုံးပုံစံ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီးလည်း ထိုင်မနေသင့်ပါဘူး။
၈။ X-Rays
ခဲပါတဲ့ရှေ့ ခါးစည်းအဖုံးနဲ့ ဝမ်းဗိုက်ပိုင်းကို ဖုံးအုပ်ထားခြင်းမရှိဘူးဆိုရင် တတ်နိုင်သမျှ X-Ray ရောင်ခြည်တွေကို ရှောင်သင့်ပါတယ်။ သန္ဓေသားကို X-ray ရောင်ခြည်ထိတွေ့ ခြင်းက ကလေးမှာချို့ ယွင်းချက်တွေ ရှိနိုင်ပါတယ်။ X-Rays က ရေဒီယိုသတ္တိကြွရောင်ခြည်ကြောင့် မျိုးရိုးဗီဇပျက်စီးမှုတွေဖြစ်နိုင်ပြီး၊ မွေးမဖွားခင် ကလေးငယ် သေဆုံးခြင်း၊ သန္ဓေသားမှာ အန္တရာယ်ရှိရောဂါတွေ စွဲကပ်နိုင်ပါတယ်။
၉။ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုဟာ မိခင်ကော၊ကလေးငယ်ရဲ့ကျန်းမာရေးကိုပါ ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ ၀မ်းတွင်းကသန္ဓေသားဟာ မိခင်ဖြစ်သူရဲ့ စိတ်ခံစားမှုကို ထပ်ဆင့်ခံစား နိုင်ပြီး ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးမှုကို ထိခိုက်နိုင်ကာ လူလားမြောက်တဲ့အခါ ကလေးငယ်ဟာ အကြောက်လွန်ကဲမှုတွေရှိနိုင်ပါတယ်။
၁၀။ အာဟာရမမျှတတဲ့နေ့ စဉ်အစားအစာ
နေ့ စဉ်အစားအစာကို အာဟာရမမျှတအောင်စားတာကြောင့် သန္ဓေသားကောင်းမွန်စွာဖွံ့ ဖြိုးမှုမရှိနိုင်သလို မိခင်ရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်မှာ တိုးလာတဲ့ ကိုယ်အလေးချိန်ကို ပြန်လျှော့ရာမှာ အခက်အခဲရှိနိုင်ပါတယ်။
Ref:thehealthsite 
မျက်နှာသစ်တဲ့အခါ လူတွေမှားယွင်း လုပ်ဆောင်နေကြတဲ့ အချက် (၁၀) ချက်
======================================================
မျက်နှာသစ်တယ်ဆိုတာ အလှအပနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေထဲ ရှုပ်ထွေးမှု အနည်းဆုံး အပိုင်းလို့ ထင်တယ်မဟုတ်လား။ ဒါပေမယ့် တချို့သော ယေဘုယျအချက်တွေထဲမှာ လုပ်နေကျဖြစ်တဲ့ အကျင့်တွေက သင့်အသားအရေကို ပိုဆိုးဝါးလာစေတယ်ဆိုတာရော သင်သိထားပြီလား။  ခြောက်သွေ့ခြင်း ၊ ကျိန်းစပ်ခြင်း ၊ အဆီခြောက်ခန်းခြင်း နဲ့ အက်ကွဲခြင်းတွေ ဖြစ်လာစေတတ်တဲ့ မျက်နှာသစ်နည်း အမှားတွေကို သင်မသိသေးဘူးလို့ ထင်တာကြောင့် ရေးသားဖော်ပြလိုက်ပါတယ်။
(၁)     ပထမဆုံးအချက်ကတော့ ထုတ်ကုန်ပစ္စည်း အမျိုးအစား ရွေးချယ်မှုမှားနေတာမျိုးပါ။
သင့်အသားအရေနဲ့ တကယ်ကိုက်ညီမယ့် သဘာဝပစ္စည်းအခြေခံ ထုတ်ကုန်မျိုးကို ရွေးချယ်ရပါမယ်။ ဒါကြောင့် ကိုယ့်နဲ့ သင့်တော်မယ့် organic ထုတ်ကုန်တွေကို ရွေးချယ်နိုင်စွမ်းရှိဖို့လိုပြီး ထုတ်ကုန်အမှားတွေ မသုံးမိပါစေနဲ့။
(၂)    တစ်နေ့ကို နှစ်ကြိမ်ထက်ပို မျက်နှာမသစ်ပါနဲ့။
တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက် မျက်နှာသစ်ခြင်းက သင့်အတွက် ကောင်းမွန်ပေမယ့် ဒီ့ထက်ပိုလာရင်တော့ မျက်နှာ ကျိန်းစပ်ခြင်း ၊ အဆီပိုထုတ်လွှတ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
(၃)   ရေရဲ့အပူချိန်ကို သတိပြုပါ။
လူအများ ယုံကြည်နေကြသလို ပူတဲ့ရေက ချွေးပေါက်တွေကို ဖွင့်ပေးပြီး အေးတဲ့ရေက ချွေးပေါက် ပိတ်စေတယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တမ်းတော့ ချွေးပေါက်တွေမှာ ဒီလို ပိတ်ဖို့ ပွင့်ဖို့ ကြွက်သားမရှိတဲ့အတွက် မလုပ်နိုင်ပါဘူး။ ပူတဲ့ရေတွေက သင့်အသားအရေကို ခြောက်သွေ့ခြင်း ၊ သဘာဝ အသားအရေကို ပျက်စီးစေခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီတော့ မျက်နှာသစ်ဖို့ အကောင်းဆုံး ရေအပူချိန်ကတော့ ကြက်သီးနွေးရုံ ရေအပူချိန် ခပ်နွေးနွေးလောက်ပါပဲ။
(၄)     မျက်နှာဂျီးချွတ်တယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြုအမူ တစ်ခုဖြစ်ပြီး ဆဲလ်အသေတွေ ဖယ်ရှားဖို့နဲ့ လျော့နည်းစေဖို့က သော့ချက်ပါပဲ။
ဒီအတွက် scrub တွေ သုံးရတာဖြစ်လို့ တစ်ပါတ်ကို အများဆုံး နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ သုံးသင့်ပါတယ်။ မျက်နှာဂျီးချွတ်ရာမှာ ရေစိုအ၀တ်တွေအစား လက်ချောင်းတွေနဲ့သာ မျက်နှာကို ပွတ်တိုက်သင့်ပါတယ်။
(၅)     ရေလုံလုံလောက်လောက် သုံးပြီး မျက်နှာမသစ်တာက ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး အသားအရေကို ညစ်နွမ်းစေပါတယ်။
 မျက်နှာသစ်ရာမှာ ပြောင်စင်နေအောင် ရေကို ခပ်ကြာကြာနဲ့ များများသစ်ပါ။ မေးရိုး ၊ နဖူးစပ်နဲ့ နှာခေါင်းတွေက ပိုပြီးဂရုစိုက်ရမယ့်အပိုင်းဖြစ်ပြီး တခါတရံ အဲ့ဒီနေရာတွေမှာ ဆပ်ပြာတွေ ကပ်ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကို ပိုပြီးဂရုတစိုက်နဲ့ ဆေးကြောရပါမယ်။
(၆)     သင့်ရဲ့အသားရေက ကျိန်းစပ်စပ်ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ဓါတ်မတည့်တဲ့ အလေ့အထရှိလား ဆန်းစစ်ရပါမယ်။
သင်သုံးနေတဲ့ ထုတ်ကုန်တွေထဲက ပါဝင်ပစ္စည်းတွေ (ဥပမာ - အမွှေးနံ့တွေ ၊ အရောင်တွေ) နဲ့ ထိတွေ့မရတဲ့ sensitive ဖြစ်တဲ့ အသားအရေမျိုးဆိုပါစို့။ ကိုယ်သုံးမယ့်ထုတ်ကုန်ကို အရောင် ၊ အနံ့ ကင်းစင်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်မျိုးကိုသာ သုံးရပါမယ်။
(၇)    သင့်ရဲ့မျက်နှာသုတ်ပုဝါကလည်း နူးညံ့ဖို့လိုပါတယ်။
 မျက်နှာကို အားပါးတရ ပွတ်တိုက်ပြီး သုတ်လိုက်ရရင် နေလို့ထိုင်လို့ကောင်းပေမယ့် တကယ်တမ်းတော့ ခပ်ဖွဖွလောက်သာ လိုက်ဖိပေးပြီး ပွတ်တိုက်မသုတ်သင့်ပါဘူး။
(၈)   မျက်နှာသစ်ပြီးပြီးချင်း moisturizer ကို သုံးသင့်ပါတယ်။
လုံးဝ ခြောက်သွားတဲ့အထိ စောင့်ပြီးမှာ သုံးတဲ့အခါ ပါဝင်ပစ္စည်းတွေကို အရေပြားက စုပ်ယူဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် moisturizer သုံးမယ်ဆိုရင် မျက်နှာသစ်ပြီးပြီးချင်း အသားအရေ ခပ်စိုစိုဖြစ်နေချိန်မှာ သုံးရပါမယ်။
(၉)  မျက်နှာအတွက် လိုအပ်တဲ့အရာတွေကိုလည်း လိမ်းပေးပါ။ အားဖြည့်ပေးပါ။
မျက်နှာသစ်တာတစ်ခုတည်းနဲ့ မလုံလောက်နိုင်တဲ့ သင့်အသားအရေအတွက်တော့ moisturiser အပြင် နို့ရည် ၊ တိုနာ စတာတွေပါ သုံးပေးဖို့လိုအပ်ပါတယ်။ အပြင်သွားမယ်ဆိုလည်း နေရောင်ကာ sunscreen တွေလိုအပ်ပါသေးတယ်။
(၁၀)   နှိပ်နယ်ပေးခြင်းကလည်း အကျိုးကြီးမားတဲ့ အရာတစ်ခုပါပဲ။
အချိန်အတော်ကြာတဲ့အထိ အဆီဆိုတာ အသားအရေရဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေတာကြောင့် ကျွန်ုပ်တို့ ဝေးဝေးရှောင်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့်အခုတော့ အမြင်တွေက ပြောင်းသွားပါပြီ။ အဆီပြန်တဲ့ အသားအရေတွေ အပါအ၀င် skin type အားလုံးအတွက် အဆီကိုအသုံးပြုပြီး ဆေးကြောသန့်စင်ခြင်းက အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေပါတယ်တဲ့။ ဒါကြောင့် မက်မွန်ဆီ၊ ဇီးချိုသီးအဆံ အဆီ၊ စပျစ်သီးအဆီနဲ့ နေကြာစေ့အဆီတွေကနေ အခြေခံထားတဲ့ cleansing oil တွေကို မျက်နှာပေါ်လိမ်းပြီး အနည်းငယ်နှိပ်နယ်ပေး ပါ။ ပြီးရင်တော့ အဆီတွေပြောင်စင်စေဖို့ ရေခပ်နွေးနွေးထဲမှာ မျက်နှာဆေးတဲ့ အ၀တ်ကိုညစ်ပြီး သုတ်ပေးပါ။ ပြီးရင်တော့ ရေစင်အောင်ဆေး လိုက်ပါ။ (အုန်းဆီနဲ့ သံလွင်ဆီတွေကတော့ အသားအရေ အမျိုးအစား အနည်းငယ်ရွေးတာကြောင့် ဂရုစိုက်ပြီး အသုံးပြုရပါမယ်။)
 Ref:womenshealthmag.com
သန်မာတဲ့ ခြေထောက်တွေ ပိုင်ဆိုင်ခြင်းက ဦးနှောက်စွမ်းအားကိုပါ တိုးတက်ကောင်းမွန်စေနိုင်
===================================================
ကိုယ့်ခြေထောက်၊ပေါင်တံလေးတွေ လှရဲ့လားဆိုတာကို တွေးတောပူပန်နေခြင်းက သင့်ဦးနှောက်ရဲ့ စွမ်းအားတွေကို အလဟဿဖြုန်းပစ်နေတာပါ။ ဒါပေမယ့် ခြေထောက်တွေကို သန်မာကြံ့ခိုင်အောင် လေ့ကျင့် လုပ်ယူတာက သင့်ဦးနှောက်စွမ်းအားကို တိုးတက်ကောင်းမွန်စေနိုင်တာရော သိပါရဲ့လား။
အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့ ၊ King’s ကောလိပ်က သုတေသနပညာရှင်တွေဟာ ကိုယ်လက်ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်း ဆိုင်ရာထက်မြက်မှုတို့ ဆက်စပ်မှုရှိလားဆိုတာကို သိရှိနိုင်အောင်လို့ လေ့လာမှု တစ်ခု ပြုလုပ်ခဲ့ ပါတယ်။ ခြေထောက်တွေကြံ့ခိုင်မှု၊ ဦးနှောက်ရဲ့သိမှုစွမ်းရည် (cognitive skills) နဲ့ ဦးနှောက်ဖွဲ့ စည်းပုံတို့ ကို အမွှာအမျိုးသမီးပေါင်း ၃၂၄ ယောက်မှာ လေ့လာခဲ့ပြီးနောက် ၁၀ နှစ်တိတိ စောင့်ကြည့်ခဲ့ပါတယ်။
ဆယ်နှစ်အဆုံးမှာတေ့၊ သုတေသနပညာရှင်တွေဟာ လေ့လာမှုရလဒ်အပေါ် အပြောင်းအလဲဖြစ်စေနိုင်တဲ့ အမျိုးသမီးတွေရဲ့ လူနေမှုပုံစံ၊ကျန်းမာရေး၊မျိုးဗီဇအချက်အလက်တွေကို ချိန်ညှိကာ အချက်အလက် ထည့်သွင်း လေ့လာခဲ့ ပါတယ်။ တွေ့ ရှိချက်အရ ခြေထောက်တွေ သန်မာမှုအရှိဆုံးအမျိုးသမီးတွေဟာ သန်မာမှု အားနည်းတဲ့ အမျိုးသမီးတွေထက် အချိန်ကြာလာတဲ့အမျှ မှတ်ဥာဏ်စွမ်းရည်ကျဆင်းမှုနည်းပါးနေတာကို တွေ့ ရှိခဲ့ရပါတယ်။
လက်ရှိမှာ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ထားတဲ့လေ့လာမှုတွေမှာလည်း ကိုယ်လက်လှုပ်ရှားခြင်းဟာ နာ့ဗ်ဆဲလ် ကြီးထွားမှုကို အားပေးတဲ့ တစ်ချို့ ဟော်မုန်းတွေကို ထွက်စေနိုင်တာကို တွေ့ ရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ခြေထောက်တွေရဲ့ သန်စွမ်းမှုဟာ ဦးနှောက်ပိုင်းကို ဘယ်လိုဆက်စပ်နေလဲ ဆိုတာကိုတော့ သိရှိနိုင်အောင် ထပ်မံလေ့လာမှုတွေပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
နောက်ထပ်သတင်းကောင်းတစ်ခုကတော့ ခြေထောက်တွေသန်မာဖို့ အတွက် အပြင်းအထန်တွေ လေ့ကျင့်စရာမလိုဘဲ မတ်တပ်ကြာကြာရပ်ပေးခြင်း နဲ့ လမ်းပုံမှန်လျှောက်ပေးခြင်းတို့ က ခြေထောက်တွေကို သန်မာစေနိုင်တယ်လို့ သိရှိရပါတယ်။
Ref: cosmopolitan 
Thursday, November 12, 2015
အဆီဆဲလ်တွေ အမြန်ဆုံး နိမ်နင်းပေးမယ့် ဖြည့်စွက်ဓာတ်စာ
အသည်းက လူ့ခန္ဓာကိုယ်ရှိ နားလည်ရ အခက်ဆုံးနဲ့ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး သူ့ရဲ့ မြောက်များစွာသော လုပ်ဆောင်ချက်တွေကြောင့် မရှိမဖြစ် အရေးပါပါတယ်။အသည်းကို ပြန်လည် သန်စွမ်းစေပြီး အဆိပ်အတောက်ဖယ်ရှားပေးမယ့် အံ့မခန်းဖွယ်ဆေးနည်းတစ်ခုရှိပါတယ်။
ခန္ဓာကိုယ်အဆိပ်အတောက်များသန့်စင်စေပြီး ခန္ဓာကိုယ်လုပ်ငန်းဆောင်ရွက်ချက်များ ပိုမို တိုးတက်ကောင်းမွန်စေမှာ ဖြစ်တယ်။ ဒီဆေးနည်းအတွက် ဂျင်း၊ သံပုယိုသီးနဲ့ ခရင်းဘယ်ရီရည် လိုအပ်ပါတယ်။ အစာခြေချက်မှုပိုမိုကောင်းမွန်စေဖို့အလို့ငှာ ခန္ဓာကိုယ်ကို လန်းဆန်းသက်ကြွစေပြီး အဆိပ်အတောက်များ သန့်စင်ပေးမယ့် အကောင်းဆုံးဖြည့်စွက်ဓာတ်စာတစ်ခု ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ခရင်းဘယ်ရီရည် (၄) ပေါင်
သစ်ကြံပိုးခေါက်အမှုန့် ထမင်းစားဇွန်း တစ်ဝက်
ဇာတိပ္ဖိုလ်သီး လက်ဖက်ရည်ဇွန်း ၄ပုံ ၁ပုံ
လတ်လတ်ဆတ်ဆတ်ညစ်ယူထားတဲ့ လိမ္မော်သီးညစ်ရည် ခွက်ဖြင့် ၄ပုံ ၃ပုံ
လတ်လတ်ဆတ်ဆတ်ညစ်ယူထားတဲ့ သံပုယိုသီးညစ်ရည် ခွက်ဖြင့် ၄ပုံ ၁ပုံ တို့ပဲဖြစ်ပါတယ်။
လမ်းညွှန်ချက်များ
ခရင်းဘယ်ရီညစ်ရည်ကို ကျိုပြီးနောက် အအေးခံရပါမယ်။ ၁၅ မိနစ်ကျိုပြီး အခန်းအပူချိန်လောက်အေးသည့်အထိ စောင့်ပါ။ နောက်ဆုံး သံပုယိုနဲ့ လိမ္မော်ရည်ပေါင်းထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပါ။ခရင်းဘယ်ရီရည်က ထိရောက်တဲ့ antioxidant ဖြစ်တာမို့ အဓိက ပါဝင်ပစ္စည်းဖြစ်ပါတယ်။ သံပုယိုနဲ့ လိမ္မော်ရည်မှာ ကိုယ်အလေးချိန်ပေါင်ကျစေတဲ့ ဗီတာမင်တွေ ပေါကြွယ်ဝပါတယ
Ref:healthyfoodteam 
ရှန်ပိန်သောက်ခြင်းက မှတ်ဥာဏ်ကို ထာဝရ ထက်မြက်ကောင်းမွန်စေနိုင်
တစ်ပတ်ကို ရှန်ပိန်သုံးခွက်လောက် သောက်ခြင်းဟာ ဦးနှောက်ထိခိုက်မှုကြောင့် မှတ်ဥာဏ်ယုတ်လျော့၊စိတ်မူမမှန်တဲ့ dementia ရောဂါနဲ့ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ မှတ်ဥာဏ်ဆုံးရှုံးမှု အယ်လ်ဇိုင်းမား ရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း သုတေသနတစ်ရပ်မှာ တွေ့ ရှိခဲ့ရပါတယ်။
ရှန်ပိန်ဝိုင်ဖောက်ရာမှာ အသုံးပြုတဲ့ Pinot noir နဲ့ Pinot meunier စပျစ်သီးမျိုးနွယ်တွေမှာ ပါရှိတဲ့ ဒြပ်ပေါင်း တစ်မျိုးက ဒီလို စိတ်ပိုင်းဆိုင်ရာဖောက်ပြန်မှုရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်တာဖြစ်တယ်လို့  ဆိုပါတယ်။ရီးဒင်းတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ ရှန်ပိန်ပုံမှန်သောက်လေ့ရှိတဲ့လူတွေဟာ မိမိပတ်ဝန်းကျင်ရဲ့ အချက်အလက်တွေကို မှတ်သားရာမှာ အဓိကကျတဲ့ spatial memory ပိုင်း ကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ ရှိခဲ့ တာဖြစ်ပါတယ်။
“ရှန်ပိုင်ကို အသင့်အတင့် ပမာဏသောက်သုံးပေးခြင်းက မှတ်ဥာဏ်စတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို လွှမ်းမိုးသက်ရောက်နိုင်စွမ်းရှိကြောင်း ဒီလေ့လာမှုကနေ ပထမဆုံးအကြိမ် လေ့လာသိရှိရတာဖြစ်ပါတယ်” လို့  ရီးဒင်းတက္ကသိုလ်က ပါမောက္ခ Jeremy Spencer က ရှင်းပြပါတယ်။ ကင်ဆာနဲ့ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ပိုလီဖီနော် (polyphenol) ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဘလူးဘယ်ရီသီးတို့  ကိုကိုးသီးတို့ က ဦးနှောက်ပိုင်းဆိုင်ရာကို ကောင်းမွန်စေကြောင်း အောင်မြင်စွာစမ်းသပ်သိရှိပြီးဖြစ်ပါတယ်။
ဒီလိုပဲ ပိုလီဖီနော်ပါဝင်တဲ့ ရှန်ပိန်ကို အသင့်အတင့်သောက်သုံးခြင်းက လူသားတွေရဲ့အသိဥာဏ်၊မှတ်ဥာဏ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်လာနိုင်မှာဖြစ်တယ်ဆိုတာ ခန့် မှန်း သိရှိထားပြီးဖြစ်တယ် လို့ ယခုလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ David Vauzour က ပြောပြပါတယ်။ရှန်ပိန်ကြိုက်သူတွေအတွက်တော့ သောက်ဖို့ အကြောင်းပြချက်ကောင်းကောင်း တစ်ခုရလိုက်တာပါ။ ကဲ ချီးယားစ်။  
Ref: yourtango 
၁၀ မိနစ်အတွင်း အိပ်ပျော်သွားစေမယ့် တရုတ်ရိုးရာ သဘာဝအိပ်ဆေး
အိပ်မပျော်မျက်စိကြောင်ခြင်းဟာ တရုတ်လူမျိုးတွေရဲ့ အရှေ့တိုင်းဆေးဝါးဖြင့် ထိရောက်စွာ ကုသနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီအိပ်မပျော်မျက်စိကြောင်ခြင်းကို ပျောက်ဆုံးသွားစေမယ့်နည်းကြောင့် အိပ်ဆေး ဆေးပြားများပါ မေ့သွားပါလိမ့်မယ်။
တရုတ်ရိုးရာဆေးဝါးတွေဟာ သဘာဝပါဝင်ပစ္စည်းတွေနဲ့ အဓိကပြုလုပ်ထားတာကြောင့် အလွန်အမင်း ထိရောက်ကြပါတယ်။ ဒီအင်မတန် အကျိုးဖြစ်စေတဲ့ ရေနွေးကြမ်းက သဘာဝအိပ်ဆေးအဖြစ်သာမက ခန္ဓာကိုယ် တစ်ခုလုံးပါ ပိုမိုကျန်းမာစေပါတယ်။ အရသာကောင်းမွန်တဲ့ ဒီအရည်ကို ပျားရည်တချို့ထည့်လိုက်ပါက အရသာပိုကောင်းသွားအောင် ဖန်တီးနိုင်ပါတယ်။
လာဗင်ဒါရေမွှေးပွင့်ခြောက်
လတ်ဆတ်တဲ့ လိမ္မောသီးခွံ
ပြင်ဆင်ပုံပြင်ဆင်နည်း
ပါဝင်ပစ္စည်းအားလုံးကို ကြိတ်ချေပြီး ရောသမမွှေပါ။ အိပ်ပျော်စေတဲ့ ဒီရေနွေးကြမ်းဖော်စပ်ဖို့ ပွက်ပွက်ဆူနေတဲ့ ရေနွေးတစ်ခွက်ထဲ ထမင်းစားဇွန်း (၁) တစ်ဇွန်း ခပ်ထည့်ပါ။ လတ်ဆတ်တဲ့ လိမ္မော်သီးခွံ သုံးဖို့အရေးပါတယ်။ လိမ္မော်သီးခွံကို မသုံးခင် အရင်ဆေးကြောသန့်စင်ပါ။ ဒီအရှေ့တိုင်း အိပ်ဆေး တစ်ခွက်စာလေးအတွက် လိမ္မော်သီးခွံသေးလေး တစ်ခုဆိုရင် လုံလောက်ပါတယ်။ ဒါကို မအိပ်ခင် တစ်ခွက်သောက်ပေးရမှာ ဖြစ်ပါတယ်။
Ref:healthyfoodteam
Thursday, November 5, 2015
ဝက်ခြံဖြစ်စေတဲ့ အစားအသောက်များ
 ပုစွန်
ပုဇွန်ဟာ ဝက်ခြံဖြစ်စေတယ်တဲ့။  အစားအစာထဲမှာ ပုစွန်ပါမယ်ဆိုတာ ထင်ထားမိကြမှာ မဟုတ်ပါဘူး။ သိထား သလောက်ကတော့ ခွဲစိတ်ကုသမှုတွေ လုပ်ထားရင်တော့ ပုစွန်စားရင် ခွဲစိတ်ထားတဲ့ အရေပြား မျက်နှာက ယားယံနေတတ်ပါတယ်။
မုတ်ကောင်၊ကမာကောင်
မုတ်ကောင်၊ကမာကောင်တွေကိုစားရတာ ကြိုက်တဲ့သူတွေအတွက်တော့ မုတ်ကောင်တွေကို မစားဖို့ ၊ရှောင်ဖို့ က ခက်ခဲပါတယ်။ ဒီကမာကောင်တွေက မျက်နှာအရေပြားမှာအဖုအပိန့် တွေပေါက်လာအောင်လုပ်တဲ့ အဓိကတရားခံတွေပါပဲ။
ဒေါက်ခွရွက်
အသီးအရွက်တွေက အသားအရေလှပစေပါတယ်။ ဒေါက်ခွရွက်က အားအင်ဖြစ်စေတဲ့ အရွက်တစ်မျိုးပါ။ ဒါပေမယ့် ဒီအရွက်မှာ အိုင်အိုဒင်းဓာတ်တွေ ပါဝင်နေတာကြောင့် အရေးပြားကိုထိခိုက်စေနိုင်ပါတယ်။
ဘေကွန်
ဝက်သားကို ဆားနဲ့ နယ်ပြီး အခြောက်လှန်းထားတဲ့ ဘေကွန်ကို စားသုံးရင် အသားအရေခြောက်သွေ့ စေနိုင်ပါတယ်။
ချိစ်
ဘယ်က ထုတ်တဲ့ ချိစ်မျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအရောင် ချိစ်မျိုးပဲဖြစ်ဖြစ် အဆီဓာတ် အရမ်းပါလို့  အလွန်အကျွံစားသုံးမိရင်လည်း ဝက်ခြံထွက်စေနိုင်ပါတယ်။
 ကဖိန်းဓာတ်ပါသော အချိုရည်
အချိုရည် အေးအေးလေးသောက်လိုက်ရရင် အမောပြေပြီး စိတ်ကို လန်းစေတယ်လို့ ကြော်ငြာတွေမှာ မြင်တွေ့ နေရပါတယ်။ ဒါတွေက ကဖိန်းဓာတ်တွေကြောင့် လူကိုလန်းဆန်းသွားစေတာပါ။ ကဖိန်းဓာတ်က အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်စေတတ်လို့  ကပ်ဖ်ဖိန်းဓာတ်ပါတဲ့ အချိုရည်များများ သောက်မိရင်လည်း ဝက်ခြံထွက်နိုင်ပါတယ်။
အသင့်စားသုံးနိုင်သော အစားအစာများ
စည်သွပ်ဘူးတွေထဲက အစားအစာတွေ ဒါမှမဟုတ် အသင့်စားသုံးလို့ ရတဲ့ ရေခဲရိုက်ထားတဲ့ အစားအစာတွေက စားသုံးရလွယ်ကူပေမယ့် ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ အရေပြားအတွက်လည်းမကောင်းပါဘူး။
 ပေါက်ပေါက်ဆုပ်
အဆီအစိမ့်ဖြစ်တဲ့ ထောပတ်နဲ့  ပြောင်းစေ့တို့ ကိုမီးဖုတ်ထားတဲ့ ပေါက်ပေါက်ဆုပ်ကအပျင်းပြေစားဖို့ အတွက် အရသာလည်းရှိအနံကလည်းမွှေးတော့ လူတွေကို တော်တော်ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့် အသားအရေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။
အာလူးကြော်
ကြွပ်ကြွပ်ရွရွနဲ့ အစာပြေစားလို့ ကောင်းတဲ့ အာလူးကြော်က ဆီပူပူထဲ နှစ်ကြော်ထားလို့  ဝက်ခြံထွက်ဖို့ ကိုတွန်းအားပေးနေသလိုပါပဲ။
Ref:likes.com
Powered by Blogger.
Ads Inside Post