Showing posts with label ချစ်ရေးချစ်ရာ. Show all posts
Showing posts with label ချစ်ရေးချစ်ရာ. Show all posts

Friday, November 13, 2015

တကယ်ချစ်တဲ့ ယောကျာ်းလေး ဆိုတာဒီလိုပါ"

========================================
တကယ်ချစ်တဲ့ ယောကျာ်းလေး ဆိုတာဒီလိုပါ"
.
►အနာဂတ် အစီအစဉ်တခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ်
.
►သဘောထားချင်းမတိုက်ဆိုင်တဲ့ကိစ္စတွေ ရှိနေခဲ့ရင်လည်း
အတတ်နိုင်ဆုံး သင့်ဆန္ဒကို လိုက်လျောပေးတတ်တယ်
.
►အပိုငွေကုန်ပေါက်တွေ အပျော်အတွက် ငွေကြေးသုံးစွဲတာတွေ
လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးဖို့
အသုံးချတတ်ပါတယ်
.
►သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ်
လျှိဝှက်ချက် ဆိုတာ သူနဲ့သင့်ကြားမထားတတ်တော့ပါဘူး
.
►ဘာပဲလုပ်လုပ် သင့်ဆီက ခွင့်တောင်းတတ်ပါတယ်
တချို့ကိစ္စတွေအတွက် အကြံဥာဏ်တောင်းတတ်တယ်
.
►သင်နှစ်သက်တဲ့ အစားအသောက် (ဒါမှမဟုတ်)
သင်နှစ်သက်တဲ့ ပစ္စည်းတခုခု လမ်းကြုံတွေ့တဲ့အခါ
ဝယ်လာပေးတတ်တယ်
.
►သင် အပြုအမူတိုင်းဟာ သူ့အတွက်
ချစ်ဖို့ကောင်းနေပါလိမ့်မယ်
.
►စိတ်ဆိုးတဲ့အခါ ပြဿနာကို ပြေလည်အောင်ပြောပြတတ်တယ် ။
သင်မှားနေရင်တောင် တခါတလေ သူ့ဘက်က မာနကို
လျော့ချထားတတ်ပါတယ်
.
►သင် မနှစ်သက်တဲ့အခါတွေ ဆို အတတ်နိုင်ဆုံးရှောင်ရှားတယ် ။
တချို့ ကိစ္စတွေ ဆို သင့်ကြောင့် ငြင်းဆန်ပစ်လိုက်တဲ့အထိ
ရှိနေတတ်တယ်
.
►အတူရှိနေချိန် တိုင်း သင့်လက်ဖဝါးလေးကို
ဆုပ်ကိုင်ထားတတ်တယ် ။
.
►သင်က သူ့ကို သက်သက်မဲ့ ရစ်နေရင်တောင်
သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေတတ်တယ်
.
►အတိတ်က သင် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ
အလေးထားတာ သင်နဲ့သူ့ရဲ့ မနက်ဖြန်ပါ
.
►အပေါင်းအသင်းတွေရှေ့မှာလည်း သင့်ကို
ဘယ်လောက်ချစ်တဲ့အကြောင်းကို
ကြွားစရာတခုလိုပြောပြနေတတ်တယ်
.
►သူ့ ဖုန်း Wallpaper မှာ
သင့်Photo လေးထည့်ထားတတ်တယ်
.
►သူပေးထားတဲ့ ချစ်စနိုးနာမည်ပြောင်လေး
သင့်ကို ခဏခဏခေါ်နေတတ်တယ်
.
►ကြိုက်သလောက်စားပါ ။
တက်လာတဲ့ ကိုယ်အလေးချိန်ကို သူအပြစ်မရှာတတ်ပါ
.
►ဒေါသထွက်ရင်တောင်မှ သင့်အပေါ်
ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးမရှိဘူး
.
►သူရဲ့ မိန်းကလေးမိတ်ဆွေတွေအကြောင်းလည်း
သင့်ကို ပြောပြထားတတ်ပါတယ်
.
►သင် တောင်းတဲ့ ကတိကို အတတ်နိုင်ဆုံးပေးတတ်တယ် ။
တည်အောင်လည်း လိုက်နာတယ်
.
►သင် အောင်မြင်မှု ကံကောင်းမှုတွေကြုံတဲ့အခါ
သူက သင့်ထက် ပျော်နေတတ်ပါတယ်
.
►သင်က သဝန်တိုတဲ့အခါ နားလည်အောင်
စိတ်ရှည်ရှည်နဲ့ရှင်းပြတတ်တယ် ။
.
►သင့်မွေးနေ့ကို သူမမေ့ဘူး ။
အမှတ်တရနေ့တွေကို သူမမေ့ဘူး
.
►သင့် ခံစားချက်ကို သူများထက်ပိုပြီးနားလည်တယ်
.
►Facebook မှာ သူတင်သမျှ ဟာ သင့်ကို
ဘယ်လောက်ထိ ချစ်တဲ့အကြောင်းတွေချည်း
.
►အတူစကားပြောနေရင်းမှ ရုတ်ချည်း
အခြေအနေပြောင်းသွားတဲ့အခါ(သင်က စိတ်ဆိုးတဲ့အခါ)
ဟာသလေးတွေနဲ့ အခြေအနေပြောင်းလဲပစ်တတ်ပါတယ
.
►မေးစရာမလိုပါဘူး ။ ဒီနေ့ဘယ်သွားမယ် …
ဘယ်မှာ ရှိမယ် … ဘာတွေ လုပ်မယ်ဆိုတာ
သင့်ကိုအမြဲ အစီရင်ခံနေမှာပါ
.
►သင့်ကို သူ့ကြောင့် မျက်ရည်မကျစေပါဘူး ။
.
►အခမ်းနားဆုံးမဖြစ်နိုင်ရင်တောင် အကောင်းဆုံးတော့
သင့်အတွက် ကြိုးစား ဖန်တီးပေးနေပါလိမ့်မယ်
.
►သူ့ဘဝ ရဲ့ ပျော်စေတဲ့ကိစ္စ ရှိလာခဲ့ရင်
ဦးဆုံးသတိရမိသူဟာ သင်ပါပဲ
.
►ယုံကြည်ချက် … နားလည်မှု …သစ္စာ တရား ဒါတွေဟာ
သင့်မတောင်းလည်း သူ့ဆီက အလိုလိုရမယ့်
ချစ်ခြင်းမေတ္တာ တခုပါ…
.
ဒီလို အချက်တော်တော်များများနဲ့ကိုယ်ညီတဲ့
ချစ်သူယောကျာ်းလေးမျိုးပိုင်ဆိုင်ထားတယ် မဟုတ်လား
.
သင်ဟာ . . . တကယ်ကံကောင်းတဲ့ မိန်းကလေးပါပဲ … … …။
.
Credit-အလင်းဖြိုး

မိန်းမကို အလိုလိုက်နိုင်တဲ့ယောင်္ကျား ပျော်ရွှင်မှုကို ရသွားတယ်

==================================
မိန်းမကို အလိုလိုက်နိုင်တဲ့ယောင်္ကျား 
ပျော်ရွှင်မှုကို ရသွားတယ်

မိန်းမကို ပိုက်ဆံပေးသုံးနိုင်တဲ့ယောင်္ကျား
ကြီးပွားချမ်းသာမှုကို ရသွားတယ်

မိန်းမကို ပျော်အောင်ထားနိုင်တဲ့ ယောင်္ကျား
စိတ်၏ချမ်းသာမှုကို ရသွားတယ်

မိန်းမကို သည်းခံနိုင်တဲ့ယောင်္ကျား
ကိုယ်၏ကျန်းမာမှုကို ရသွားတယ်

မိန်းမ စကား နားထောင်နိုင်တဲ့ယောင်္ကျား
အကြံကောင်း ဥာဏ်ကောင်းတွေရပြီး အောင်မြင်မှုကို ရသွားတယ်

မိန်းမ ဘာသာရေး ကိုင်းရှိုင်းတာ အားပေးနိုင်တဲ့ယောင်္ကျား
ကိုယ်တိုင်လည်း ကောင်းမှုကုသိုလ်တွေ ရသွားတယ်

မိန်းမကို မိဖုရားလိုထားနိုင်တဲ့ ယောင်္ကျား
ကိုယ်တိုင်လည်း ဘုရင်လို စံစား ရသွားတယ်

မိသားစုကို ချစ်မြတ်နိုးတဲ့ ယောင်္ကျား
မိသားစု ရဲ့ လေးစားခြင်းကို အပြည့်အဝ ရသွားတယ်

ယောင်္ကျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမကို ကိုယ်ထိလက်ရောက် မရိုက်ဘူး
ယောင်္ကျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမကို စိတ်ဆင်းရဲအောင် ၊စိတ်ပျက်အောင် မလုပ်ဘူး

ယောင်္ကျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမကို လူတွေအလည်မှာ မျက်နှာမငယ်စေဘူး

ယောင်္ကျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမ ကိုအချစ်မလျော့ဘူး ၊ ရိုးအီမသွားဘူး
ယောင်္ကျားကောင်းဆိုတာ မယားအပေါ်
လင့်ကျင့်ဝတ် နှင့်အညီ တာဝန်ကျေ နိုင်တာပါ

သူငယ်ချင်း

ဇနီးမယား (မိန်းမ) ဆိုတာ ဘာလဲ

==================================
တစ်နေ့မှာ…… တိမ်ပြာHotel ရဲ့ စားသောက်ခန်းထဲကို ဧည့်သည်နှစ်ယောက်ဝင်လာတယ်...တံခါးဖွင့်သံကြားတော့ အဖြူရောင်အိင်္ကျီပေါ်မှာ နက်ပြာရောင်ကုတ် နက်ပြာရောင်စကပ်တိုဒူးဖုံးနဲ့ စားပွဲထိုးမိန်းကလေးလှမ်းကြည့်လိုက်တယ် “မင်္ဂလာပါ … ” စားပွဲထိုးမိန်းကလေးချိုမြတဲ့ နှုတ်ဆက်သံနှင့်အတူ ရိုသေစွာခါးကိုင်းလိုက်တယ် … ဝင်လာတဲ့ဧည့်သည်တွေက ကျားမ တစ်တွဲဖြစ်တယ် အသက် ၄ဝ အရွယ်လောက်ရှိကြမယ် … ဝတ်ထားတာသန့်သန့်ပြန့်ပြန့်ပဲ… မိန်းမကြီးကတော့ ဘာမှမပါဘူး ရှေ့ကဝင်လာတယ်၊ ယောက်ျားကြီးကတော့ ခရီးဆောင်အိပ်အနီကြီးကို ဘီးလိမ့်လို့ဆွဲလာတယ် … အလည်အပတ် ခရီးထွက်လာတဲ့ လင်မယားဖြစ်ဖို့များတယ်… စားပွဲထိုးမိန်းကလေး ဦးဆောင်ပြီး စားပွဲတစ်ခုမှာနေရာပေးလိုက်တယ် … Hotel က 5 star hotel ဖြစ်လို့ စားပွဲကြီးတွေက ကျွန်းစားပွဲဝိုင်းကြီးတွေ အိမ်တွင်း အလှဆင်ထားတဲ့ မီးဆိုင်းတွေနဲ့ hotel ရဲ့စားသောက်ခန်းဟာ ခန်းနားလှပနေတယ် … ထိုင်ခုံမှာ ထိုင်ပြီးတော့ စားပွဲထိုးမိန်းကလေးက စားသောက်Menu ကဒ် ကို ပြုံးပြီးလှမ်းပေးလိုက်တယ် … ယောက်ျားကြီးက ကဒ်ကို လှမ်းယူပြီး မိန်းမကြီးကို ထိုးပေးလိုက်တယ် “မင်း… ဘာစားချင်ဘာမှာလိုက်..” မိန်းမကြီးက ကဒ်ကို ကြည့်တောင်မကြည့်ဘဲ စားပွဲထိုးမိန်းကလေးကို တစ်ချက်ကြည့်ပြီး “ကျွန်မတို့ကို ဖက်ထုပ်အရည်ဖျော်တစ်ပွဲပေးရင်ရပြီ…” စားပွဲထိုးမိန်းကလေး တစ်ချက်တန့်သွားတယ် … ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး … တိမ်ပြာHotel လာပြီး ဖက်ထုပ်မှာစားတယ်? ပြီးတော့ ဒီမှာလဲ မရှိဘူး … နားကြားများလွဲသလား ဆိုပြီး မိန်းမကြီးကို မေးခွန်းများစွာပါတဲ့အကြည့်နဲ့ကြောင်ကြည့်နေမိတယ် … မိန်းမကြီးက နောက်တစ်ခေါက် ထပ်မှာလိုက်တယ် … ယောက်ျားကြီးကစကားပြောလာတော့တယ် …” ဘာလို့ဖက်ထုပ်ပြုတ်ကိုစားမှာလဲ … ပိုက်စံ မရှိတာမှမဟုတ်တာ” မိန်းမကြီးခေါင်းခါပြီး ” ကျွန်မ ဖက်ထုပ်ပဲစားမှာ!” ယောက်ျားကြီးက တစ်ချက်တန့်ပြီး စားပွဲထိုးမိန်းကလေးရဲ့ အံ့သြတဲ့အကြည့်တွေကို အားနာနာနဲ့ “ညီမ .. အကိုတို့ကို ဖက်ထုပ်နှစ်ပွဲပေးပါ” ” မဟုတ်ဘူး တစ်ပွဲတည်းယူမှာ” မိန်းမကြီးခပ်တည်တည်နဲ့ပြောတယ်.. ယောက်ျားကြီးကြောင်သွားတယ် တစ်ပွဲတည်း ဘယ်လိုစားမလဲ… မိန်းမကြီးက “ရှင်ကတိပေးထားတယ်လေ… ဒီတစ်ရက်ကို တစ်နေ့လုံးကျွန်မစကားပဲနားထောင်မယ်ဆို..” ယောက်ျားကြီးဘာသံမှထွက်မလာတော့ဘူး…ကျွန်းကုလားထိုင်ကိုမှီပြီးလက်ပိုက်နေလိုက်တော့တယ်… စားပွဲထိုးမိန်းကလေးမျက်နှာမှာ မချိပြုံးလေ ဖြတ်ပြေးသွားတယ် … အတွေးထဲမှာ {ဒီမိန်းမ ကပ်စီးနည်းတာလဲ လွန်လွန်းပါတယ် Hotel စားသောက်ခန်းမှာ ထမင်းလာစားတာ ဖက်ထုပ်မှာတဲ့အပြင် ၁ပွဲကို ၂ယောက်စားအုံးမယ်တဲ့} မိန်းမကြီးကို မဲ့ပြီး “တောင်းပန်ပါတယ်ရှင့်…ကျွန်မတို့hotel မှာ ဖက်ထုပ်မရောင်းလို့ပါ… အကိုတို့အမတို့စားချင်တယ်ဆိုရင် လမ်းမျက်နှာချင်းဆိုင်က လမ်းဘေးဆိုင်လေးမှာ စားလို့ရပါတယ်! ” မိန်းမကြီးမယုံစွာနဲ့ “ဘယ်လိုဖြစ်လို့ ဖက်ထုပ်မရောင်းတာလဲ ? နင်က မှာတာနည်းလို့ မရောင်းချင်တာလား..လူကိုအထင်သေးတာလား…” ဒီချိန်မှာ … Hotel သူဋ္ဌေး ဦးဝင်းစိန် round လှည့်လို့ စားသောက်ခန်းထဲရောက်လာတယ် … မိန်းမကြီးပြောနေတာကိုသူကြားတယ်… စားပွဲထိုးမိန်းကလေးကိုလက်ယက်ပြီးလှမ်းခေါ်လိုက်တယ်… စားပွဲထိုးမိန်းကလေးကဒေါသသံလေးနဲ့ “သူဋ္ဌေး သူတို့က ဒီမှာလာပြီးဖက်ထုပ်ကိုမရမကမှာနေတယ် … တမင်လာ နှောက်ယှက်နေတယ်ထင်တာပဲ” … ဦးဝင်းစိန် ပြုံးပြီး လက်ကာပြလိုက်တယ်… သူလဲအံ့သြနေတာပဲ ဒီလင်မယားရဲ့ဝတ်ထားပုံကြည့်လိုက်ရင် ထမင်းမစားနိုင်တဲ့ပုံမပေါ်ဘူး … တစ်ခုခုထူးခြားနေလို့ဖြစ်ရမယ် .. ဘာပဲဖြစ်ဖြစ်လေ စီးပွားရေးကကိုယ့်စီလာနေမှတော့ အပြင်ကိုတွန်းထုတ်နေရင် သဘာဝမကျလှဘူး.. စားပွဲထိုးမိန်းကလေးရဲ့နားနားကပ်ပြီး “နင် ဖက်ထုပ်တစ်ပွဲသွားဝယ်ပေးလိုက်ပါ ဘယ်လောက်ဝယ်ရလဲ .. ဘေလ်ရှင်းတဲ့အခါ အမြတ်ပိုထည့်လိုက်ပေါ့ …” ပြောပြီးတာနဲ့ သူကုလားထိုင်တစ်ခုယူပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်နေလိုက်တယ်… သိပ်မကြာလိုက်ဘူး… စားပွဲထိုးမလေး မီးခိုးတစ်လူလူ ထွက်နေတဲ့ ကြွေပန်းကန်လုံးကြီးတစ်ခု ကို အဝတ်ခံပြီးမလာခဲ့တယ် … မိန်းမကြီးရဲ့ရှေ့ကိုချပေးပြီး “အမတို့ ၂ယောက် သုံးဆောင်နိုင်ပါပြီရှင်” ဖက်ထုပ်ပွဲကိုတွေ့တော့… မိန်းမကြီးပျော်သွားတယ်… သူမမျက်နှာကို ပန်းကန်လုံးအဝမှာ ထားပြီးတစ်ချက်ရှိုက်ရှူလိုက်တယ်… ပြီးတော့ ဇွန်းနဲ့ ပန်းကန်ထဲက ဖက်ထုပ်ဖျော်ကို အသာယာလေး မွှေပေးနေတယ်… ယောက်ျားကြီးက မျက်လုံးပြူးမျက်စံ ပြူးနဲ့မိန်းမကိုကြည့်နေတယ် … ပတ်ဝန်းကျင်ကအံ့သြတဲ့အကြည့်တွေများစွာ ဒီဘက်ကိုလှည့်လာနေတယ် အားလုံးကို သူဂရုမစိုက်တော့ဘဲ.. တင်မာမာပြောလိုက်တယ် ” မင်းကိုငါ တကယ် နားမလည်းတော့ဘူးကွာ … ဒီလောက် ခရီးဝေးကြီးလာတာ ဖက်ထုပ်တစ်ပွဲစားဖို့အတွက်ပဲလား?” မိန်းမကြီးခေါင်းမော့လာတယ် “ကျွန်မ ကြိုက်လို့!” ယောက်ျားကြီး စားပွဲပေါ်မှ Menu ကဒ်ကိုယူပြီး “မင်းကြိုက်ရင်မင်းစား ငါတစ်နေကုန်လမ်းမှာဘာမှ စားခဲ့ရတာမဟုတ်ဘူး … ဗိုက်ကဆာနေပြီ ” သူလက်ကာပြီး စားပွဲထိုးမလေးကို ခေါ်လိုက်တယ် … ဟင်းကောင်းတွေကြီး ၆ မျိုး ၇ မျိုး မှာလိုက်တယ် … မိန်းမကြီးကတော့ အေးဆေးပဲ .. ယောက်ျား ဟင်းမှာပြီးမှ စားပွဲထိုးမလေးကို သတိပေးလိုက်တယ် ” ညီမလေး သူ့မှာပိုက်စံ ပါလားအရင်မေးကြည့်အုံး… မရှင်းဘဲ ထွက်ပြေးနေအုံးမယ်” စားပွဲထိုးမလေး ဘာဆိုလိုမှန်းမသိလိုက်ချိန်မှာ ယောက်ျားကြီးက မျက်နှာတစ်ခုလုံးနီလို့ ” ချီးထုပ်ကွာ ဒီမိန်းမ သက်သက် အရှက်ခွဲတာ …ငါလား မရှင်းပဲထွက်ပြေးမှာ” ပြောရင်း ဘောင်းဘီအိပ်ထောင်ထဲကို နိုက်တယ် ” ?? အင် … ငါ့ ပိုက်စံအိပ်ကော ? ” သူထပြီးတော့ရှာတယ် ဒီအိပ်ထောင်နိုက်လိုက် ဟိုအိပ်ထောင်စမ်းလိုက် …အဲအခါမှာ ဟမ်းဖုန်း ပါ မရှိတော့ဘူးဆိုတာ သတိထားမိတယ် …သူခန စဉ်းစားပြီး နောက်ဆုံး အကြည့်တွေ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ မိန်းမကြီးစီရောက်သွားတယ် … မိန်းမကြီး အေးအေးလူးလူး နဲ့ ” ရှင် အလုပ်ရှုပ်ခံမနေနဲ့ ပိုက်စံအိပ်နဲ့ဖုန်းနဲ့ မနေ့ညက ကျွန်မ မြစ်ထဲပစ်လိုက်ပြီ..တွေ့မှာမဟုတ်ဘူး” ယောက်ျားကြီး ဒေါသ ထွက်သွားတယ် ” မင်း ရူးနေပြီလား” မိန်းမကြီးကတော့ မကြားသလိုဘဲ … ဖက်ထုပ် ပန်းကန် ကို ပဲ မွှေနေတယ် ယောက်ျားကြီး တစ်ခုခုကိုသတိရလိုက်တော့ ခရီးဆောင်အိပ်အနီးကြီးထဲ လက်နဲ့စမ်းတယ် မိန်းမကြီး အေးစက်စက် လေသံနဲ့ ” ရှင်ရှာမနေနဲ့တော့ ရှင့်နာရီ ၊ ကျွန်မ လက်စွပ် ရှိရှိသမျှ ကျွန်မတို့ ခရီးမှာပါလာတဲ့ တန်းဖိုးရှိတဲ့ပစ္စည်းမှန်သမျှ ကျွန်မ အားလုံးကို မြစ်ထဲ ပစ်လိုက်ပြီ… ကျွန်မမှာ ပိုက်စံ ၅ဝဝ ရှိတယ် … ဒီ ဖက်ထုပ် တစ်ပွဲစာတော့လောက်မယ် ! ” ယောက်ျားကြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့တဲ့ အတိုင်း ဖြူသွားတယ် … ကုလားထိုင် ပေါ် ထိုင်ချလိုက်သလား ခြေပစ်လက်ပစ် ဖြစ်သွားသလား … မိန်းမကြီးကို စိုက်ကြည့်ပြီး ” မင်း တကယ်ရူးနေပြီ မင်းတကယ်ရူးနေပြီ! ငါတို့ ပိုက်စံ မပါဘဲ ဘယ်လိုပြန်မလဲ? လမ်းခရီးကနည်းတာမှတ်လို့…” မိန်းမကြီး မပူမပင် နဲ့ဘဲ … ” ရှင်ဘာစိတ်ပူနေတာလဲ … ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့မှာ ခြေထောက်တွေပါနေတာပဲ … လမ်းလျှောက်ပြန်လဲ လျှောက်ရင်းလျှောက်ရင် အိမ်ပြန်ရောက်မှာပါပဲ ” ယောက်ျားကြီး သက်ပြင်းချတယ်.. မိန်းမကြီးက ဆက်ပြောတယ် ” လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်တုန်းကလဲ .. ကျွန်မတို့ ကိုယ်ပေါ် ပိုက်စံတစ်ပြားမှ မရှိဘဲလည်း အိမ်ရောက်အောင် ပြန်ခဲ့ကြတာပဲ မဟုတ်လား … ယောက်ျားကြီး ဒီစကားလဲကြားရော…ကြောင်တောင်တောင်အကြည့်နဲ့ …” မင်း… မင်း … ဘာပြောတယ်? ” မိန်းမကြီးက ” ရှင် မမှတ်မိတော့ဘူးလား? ” သူခေါင်းခါဖြေတယ် မိန်မကြီး သက်ပြင်းချပြီး ” ကြည့်ရတာ.. ဒီနှစ်တွေမှာ ပိုက်စံလေး နှစ်ပြား သုံးပြား ရှိလာတော့ အရာရာကို မေ့ပစ်လိုက်ပြီပေါ့ ၊ လွန်ခဲ့တဲ့ အနှစ် ၂ဝ တုန်းက ကျွန်မတို့ အလုပ်လုပ်မယ်ဆိုပြီး ဆုထားတဲ့ငွေလေးနဲ့ ခရီးဝေးကို ထွက်လာကြတယ်၊ ပိုက်ဆံ အလိမ်ခံရလို့ အခြေအနေမကောင်းခဲ့ဘူး… အိမ်ပြန်ဖို့စာရိတ်တောင်မကျန်ဘူး……ဒီနားလေးရောက်တော့ ရှင် ကျွန်မကို ဖက်ထုပ် တစ်ပွဲမှာပေးတယ်လေ … ကျွန်မ သိတယ် အဲဒီအချိန် ရှင့်မှာ ပိုက်စံ ၅ဝ ပဲကျန်တော့တယ်” ယောက်ျားကြီး ဒါတွေလဲ ကြားရော … တစ်ချက် တွန့်သွားတယ် …ပတ်ဝန်ကျင် ကို သေချာကြည့်တယ် ” ဒီ ……. ဒီ နေရာက …… ” “ဟုတ်တယ် ဒီနေရာပဲ …ကျွန်မ တစ်သက်လုံး မေ့လို့ရမှာမဟုတ်ဘူး …အဲဒီအချိန်တုန်းက ဒီနေရာလေးဟာ ဖက်ထုပ်ဆိုင်လေး ဖွင့်ထားတယ်လေ … ယောက်ျားကြီး အသံတိတ်ခေါင်းလေးငုံ့လို့... မိန်းမကြီး တစ်ဖက်လှည့်ပြီး စားပွဲထိုးမလေးကို ..” ညီ မ … ပန်းကန်လုံးတစ်လုံးလောက်ပေးပါ” စားပွဲထိုးမလေး လျင်မြန်စွာပဲပန်းကန်အလွတ်တစ်လုံးယူလာပေးတယ်, မိန်းမကြီးက ပန်းကန်ထဲက ဖက်ထုပ်ကို တစ်ဝက်စီခွဲထည့်လိုက်တယ် …တစ်ပွဲကို ယောက်ျားကြီးရှေ့ကို ဖြည်းဖြည်း တွန်းပို့ပေးတယ်..”စားလိုက်ပါ ..စားပြီးရင် အိပ်အတူပြန်ကျမယ်လေ…!” ယောက်ျားကြီးက ရှေ့မှာရှိတဲ့ ဖက်ထုပ် တစ်ဝက်ကို စိုက်ကြည့်ပြီး ..” ငါ မဆာဘူး ” မိန်းမကြီးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ ” လွန်ခဲ့တဲ့ နှစ် ၂ဝ တုန်းကလည်း ရှင်ဒီလိုပြောခဲ့တာပဲလေ…ကျွန်မကိုဗိုက်ဝအောင်စားစေချင်လို့ပြောခဲ့မှန်းသိပါတယ် ” သူမ ပြောပြီး ပန်းကန်ထဲမှာ ကူးခက်နေတဲ့ ဖက်ထုပ်တွေကို စိုက်ကြည့်ပြီး အတွေးတွေထဲ လွင့်မျောနေတယ် … ယောက်ျားကြီးက ” နင်ဘာလို့မစားသေးလည်း ? ” မိန်းမကြီး တစ်ချက်ရှိုက်ပြီး ” လွန်ခဲ့တဲ့နှစ် ၂ဝ တုန်းကလဲ ရှင်ဒီအတိုင်းပဲ ကျွန်မကို မေးခဲ့တာပဲ … ကျွန်မမှတ်မိသေးတယ်… ကျွန်မအဲဒီတုန်းကဖြေခဲ့တာက ..စားရင် အတူတူစားမယ် မစားရင်လဲ လုံးဝ မစားဘူး …အခုလည်း အဲဒီ အဖြေပဲ …” ယောက်ျားကြီး ဘာမှမပြောတော့ဘူး … ဇွန်းကိုကောက်ကိုင်ပြီး ဖက်ထုပ်ကိုခပ်တယ် ..ဘာကြောင့်မသိဘူး … ဇွန်းကိုင်တဲ့လက်က တအားတုန်နေတယ်… ဘယ်နှခါ ခပ်မိတယ်မသိဘူး … ဖက်ထုပ်က ဟင်းရည်ထဲကိုပဲ ပြန်ပြန် ဆင်းသွားတယ်… နောက်ဆုံးတော့ သူ ဖက်ထုပ် တစ်ခုကို ခပ်ပြီး ပါးစပ်ထဲပို့လိုက်တယ် … ဝါးတယ်စားတယ်.. နောက်တစ်ခုကို ခပ်ပြီး ပါးစပ်ထဲ ထည့်တော့ မျက်ရည်တွေ … တပေါက်ပေါက် စီးကျလာတော့တယ် … မိန်းမကြီးက သူ့ယောက်ျားစားတာတွေ့တော့ မျက်နှာမှာ အပြုံးတွေနဲ့ ဇွန်းကိုယူ ပြီး စားတော့တယ်… ဖက်ထုပ် ပါးစပ်ထဲကိုလည်း ရောက်ရော … မျက်ရည်ကလည်း ပန်းကန်းလုံးထဲကို ကျသွားတယ်… ဒီ ဇနီးမောင်းနှံ က ဒီလိုနဲ့ မျက်ရည်ရောတဲ့ ဖက်ထုပ် တစ်ဝက်စီကို စားလို့ ကုန်သွားတယ်… ဇွန်းကို ချပြီးပြီးချင်း .. ယောက်ျားက မိန်းမကိုမေးတယ် .. ” ဗိုက်ဝပြီလား …” မိန်းမကခေါင်းခါတယ် ၊ ယောက်ျား ပြာသွားတယ်… ရုတ်တရက် သူသတိရလိုက်တယ်…ခါးကိုကုန်းပြီး ခြေနှင်း ကိုချွတ်ပြီး ခြေနင်း အောက်ခံသားရည်ပြားအောက်ကို လှမ်းယူလိုက်တယ် … ၅ဝဝ တန် တစ်ရွက်ထွက်လာတယ် … သူအံ့သြပြီး လက်ထဲက ၅ဝဝတန် ကို ကြောင်းငေးနေမိတယ် .. မိန်းမကြီးက ပြုံးပြီး ” အဲဒီ လွန်ခဲ့တဲ့ နှစ်၂ဝ တုန်းကလေ .. ရှင် ကျွန်မကို ငွေ ၅ဝ ပဲ ရှိတော့တယ် ဆို ပြီး ဖက်ထုပ်တစ်ပွဲတည်း ဝယ်းကျွေးခဲ့တယ်.. တကယ်တော့ ရှင့်မှာ နောက် ထက် ၅ဝ ရှိသေးတယ် … ခြေနင်းက အောက်ခံသားရည်ပြားအောက်ထဲမှာ ဖွက်ထားတယ် … ကျွန်မသိပါတယ် .. ရှင်က အဲဒီ ၅ဝ နဲ့ ကျွန်မ ဗိုက်ဆာရင် နောက်ထပ် စားရအောင် ဖွက်ထားခဲ့တာ .. ဒါပေမယ့် အဲဒီတုန်းက ရှင် လဲ ဖက်ထုပ် တစ်ဝက်စားလိုက်တော့ ကျွန်မဗိုက်မဝသေးဘူးဆိုတာ သိလို့ .. နောက်တစ်ပွဲ ထက်မှာ စားခဲ့ကြတယ်လေ …” သက်ပြင်းလေးတစ်ချက်ချပြီး ” ရှင်လုပ်ခဲ့ဖူးတာတွေကို ပြန်မှတ်မိသေးတယ်နော်… .. အဲဒီ ၅ဝဝ ဖွက်တာ အလကား မဖြစ်တော့ဘူး” ယောက်ျားက ပိုက်စံကို စားပွဲထိုးမလေးကို ပေးတယ် ” အကိုတို့ကို နောက်တစ်ပွဲ ထပ်ပေးအုံးကွာ…” စားပွဲထိုးမလေးကပိုက်စံကို မယူဘဲ …အပြေးလေးထွက်သွားတယ် ..ခဏကြာတော့ လက်ထဲမှာ ဖက်ထုပ် ပူနွေးနွေး တစ်ပွဲ ပါလာတယ် … ယောက်ျားက မိန်းမရဲ့ ပန်းကန်ထဲကို တစ်ဝက် ခွဲထည့်ပေးတယ် ..” ပူတုန်းလေး စားလိုက်အုံး…” မိန်းမ နည်းနည်းမှ မလှုပ်ဘဲပြောတယ် ” စားပြီးရင်တော့ ကျွန်မတို့ လမ်းလျှောက်အိပ်ပြန်ကြရတော့မယ် … ရှင်ကျွန်မကို အပြစ်မဆိုနဲ့နော် .. ကျွန်မကလည်း လမ်းမခွဲခင်လေး ရှင်နဲ့ အရင်က လို ဒုက္ခနဲ့ဗိုက်မဝ တဲ့ ဒဏ် ကို အတူတူ မျှဝေခံစားချင်လို့ပါ… ယောက်ျား ဘာအသံမှ ထွက်မလာဘူး … ခေါင်းကြီး ငုံ့လို့ .. ဖက်ထုပ်တွေ တစ်လုတ်ပြီးတစ်လုတ် … အရည် တွေ လဲ အကုန်လုံး မော့သောက်လိုက်တယ် … ပြောင်းသလင်းခါ နေအောင်း စား ပြီး … မိန်မကို လောတယ် ..” မြန်မြန်စား .. စားပြီးရင် ငါတို့ လမ်းလျှောက်ပြန်ရအုံးမယ်..” မိန်းမက ” ရှင်စိတ်ချပါ … ကျွန်မ ကတိတည်ပါတယ် … အိမ်ပြန်ရောက်တာနဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ် …. ငွေလည်းတစ်ပြားမှ မယူဘူး .. ရှင် ဘယ်မိန်းကလေးနဲ့ ပဲ ကြိုက်ကြိုက် ၉ယောက် ၁ဝ ယောက် ယူယူ … ကျွန်မနဲ့ ဘာမှ မဆိုင်တော့ပါဘူး …” ယောက်ျားကြီးအားခေါင် သံ ကြီးနဲ့ အော်ပြောတယ် ” အိမ်ပြန်ရောက် ရင် ငါ အဲဒီ ကွာရှင်းစာချုပ်ကို မီးရှို့ပစ်ပါမယ်ဟာ .ဟုတ်ပြီလား.. ” ပြောအပြီးမှာ .. သူ ရှိုက်ကြီးတငင်ငိုပြောတယ်..” ငါမှားသွားတယ် မိန်းမ … ငါ ဦးနှောက်ထဲရေဝင်လို့ အဲလို မှားခဲ့မိတယ်. ..” မိန်းမကြီးက ပြုံးပြုံးလေးနဲ့ အေးအေးဆေးဆေး ဖက်ထုပ် ပန်းကန် တစ်ဝက်ကို ကုန်အောင်စားလိုက်တယ် … ပြီးတော့ စားပွဲထိုးမိန်းကလေးကို ..” ညီမရေ ဘေလ်ရှင်းမယ်နော်” တစ်ချိန်လုံး ဘေးကနေကြည့်နေတဲ့ hotel သူဋ္ဌေး ဦးဝင်းစိန် သတိပြန်ဝင်လာပြီး .. စားပွဲဝိုင်းရှိရာကို လာခဲ့တယ် … ငွေပေးနေတဲ့ မိန်းမကြီးလက်ကို တားပြီး အိပ်ထဲကနေ ၁ဝဝဝ တန် ၅ရွက်ထုတ်ပေးတယ်.. ” မင်းတို့ အိမ်ပြန်ရောက်ရင် ကွာရှင်းစာချုပ်မီးရှို့ပစ်ဖို့တောင် ဆုံးဖြတ်ပြီးပြီပဲ … အိမ်ကိုလဲ လမ်းလျှောက်မပြန်နဲ့တော့..” လင်းမယားနှစ်ယောက်လုံး ဘာမှနားမလည်ဘဲ ဦးဝင်းစိန်ကို ငေးကြည့်နေကြတယ်. .. ဦးဝင်းစိန်က ပြုံးပြီး..” မင်းတို့က ငါ့ရဲ့ဖောက်သည်ဟောင်းကြီးတွေပဲလေ … လွန်းခဲ့တဲ့ အနှစ် ၂ဝ တုန်းက ဖက်ထုပ် ဆိုင် ကလဲ ငါ့ဆိုင်ပဲ … အဲဒီ အချိန်တုန်းက ဖက်ထုပ်က ငါ့မိန်းမလက်ရာကွ … ” ပြောပြီး ပိုက်စံကို ယောက်ျားလက်ထဲ အတင်း ထည့်ပြီး လှည့်ထွက်သွားတယ် … ဦးဝင်းစိန် ရုံးခန်းထဲလဲရောက်ရော… စားပွဲ အံဆွဲထဲကနေ စာစီပြီးသား ကွာရှင်းစာချုပ် စာရွက်လေးတစ်ရွက်ထွက်လာတယ် … ” အော် … ငါလဲ ဦးနှောက်ထဲ ရေဝင် ပြီး မှားချင်ခဲ့တာပဲ ” ….. လမ်းခွဲတော့မယ်ဆိုရင်တွေးကြည့်ပါ… အရင်ကအတိတ်ဟောင်းတွေမှာ ဒုက္ခဆင်းရဲမျှဝေခံစားခဲဖူးတဲ့သူဟာ တစ်လျှောက်လုံးလက်တွဲလာခဲ့ပြီး အသင်တို့ရဲ့ ဇာတ်လမ်းတွေ ဤမျှမတိုတောင်းပါဘူး… အချိန်တွေ့တရွေ့ရွေ့တွားနေလို့ ပျော်ရွှင်မှုချစ်ခြင်းမေတ္တာတွေကို နှလုံးသား ချောင် တစ်ခုမှာ ပိတ်ထားမိခဲ့ကြတယ်… တကယ်တော့ သင့်ကို ချိုမြိန်သာယာတဲ့စကားနဲ့ ပျော်ရွှင်အောင်ချော့ပြောနေတဲ့သူဟာ သင့်ကိုအချစ်ဆုံးသူမဟုတ်ပါဘူး… ခုလို ငွေလေး၅ဝဝကို ဖွက်ပြီး လိုအပ်ချိန်မှာ သင့်ကို အနစ်နာခံ ဂရုစိုက်ကာ နောက်ဆုံး စားစရာလေး ကျွေးပြီး ငါမဆာဘူးလို့ပြောမယ့်သူ သာလျှင် သင့်ကိုအချစ်ဆုံးသူပါ ဇာတ်လမ်းလေးကိုကြည့်ပြီး (ဇနီးမယား)မိန်းမဆိုတာ ဘာလဲသိပြီလား…. မိန်းမဆိုတာ သင့်နှစ်သက်မယ့်လက်ဆောင်လေးတစ်ခုဝယ်ပေးဖို့ငွေတွေဆုပြီး အစားလျော့နေတယ်လို့ပြောမယ့် ” ငပိန်းမလေး” ပါ။ မိန်းမဆိုတာ သင့်ကိုချစ်လို့ ကျန်တဲ့သူတွေကိုလျစ်လျူရှုပြီး သင့်ဘေးမှာတဖြေးဖြေး အိုစာတဲ့အထိသစ္စာရှိစွာနေသွားမယ့် “အရိုး အ အ မလေး” ပါ။ မိန်းမဆိုတာ သင့်ကိုတခြားမိန်းကလေးအကြောင်းမပြောဖို့၊ မကြည့်ဖို့၊ မချီးကြူးဖို့ကို အမြဲပြောနေမယ့် ” သဝင်ကြောင်မလေး” ပါ။ မိန်းမဆိုတာ ဖုန်းထဲမှာ သင်ပို့သမျှ message ကို သိမ်းထားပြီး အကြိမ်ကြိမ်ပြန်ဖတ်ပြီးပျော်နေတတ်တဲ့ “အချစ်ရူးမလေး” ပါ။ မိန်းမဆိုတာ သင်ဘယ်ဘောင်းဘီလေးတွေ့ခဲ့လို့ကြိုက်တယ်ပြောမိရင် တစ်မြို့လုံးမရမကရှာပြီးဝယ်ပေးမယ် ပြီးတော့ လမ်းကြုံတွေ့လို့ဝယ်ပေးခဲ့တယ်လို့ပြောမယ့် “အပိုတွေမပြောတတ်တဲ့ မုသားမလေး” ပါ။ မိန်းမဆိုတာ သင်သူမဘေးမှာမရှိချိန်မှာ သင့်ကိုအရမ်းသတိရပြီး ဖုန်းကိုကိုယ်နဲ့မကွာထားကာ နေ့တိုင်းဖုန်းမျှော်နေတတ်တဲ့ “သနားစရာ မိန်ကလေး” ပါ။ 
KO Koon

Thursday, November 12, 2015

စေ့စပ်ပြီးသွားတဲ့ စုံတွဲတွေအနေနဲ့ လက်ထပ်ဖို့မစီစဉ်ခင် တစ်ဦးကိုတစ်ဦးမေးထားသင့်တဲ့ မေးခွန်း (၅) ခု


သင်တို့နှစ်ဦးဟာ ခုချိန်မှာစေ့စပ်ပြီးသွားပြီမို့ ကွန်ကရက်ကျူလေးရှင်းလို့ ပထမဆုံး ဆိုချင်ပါတယ်။ ကဲ နောက်ထပ်ခြေလှမ်းသစ်တွေ မလှမ်းခင်၊ သင်တို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အစီအစဉ်မဆွဲခင် တစ်ယောက်နဲ့တစ်ယောက် သေချာမေးထားရမယ့် မေးခွန်းလေး (၅) ခုရှိနေပါတယ်။ ဒီမေးခွန်းတွေကို စိတ်တိုင်းကျ မေးမြန်းပြီးပြီ သဘောတူကြည်ဖြူတယ်ဆိုရင်တော့ မင်္ဂလာပွဲအတွက် စစီစဉ်သင့်ပြီပေါ့နော်။ ကဲ မေးခွန်း(၅)ခုကို ပြောပြရရင်ဖြင့်
၁။ငွေကြေးနဲ့ပတ်သက်ပြီး သင့်ရဲ့အယူအဆက ဘယ်လိုများလဲ။
သင်တို့တစ်ဦးချင်းစီရဲ့ ငွေကြေးအနေအထားအကြောင်း ခုချိန်မှာ ပွင့်လင်းစွာပြောဆိုဆွေးနွေးသင့်တဲ့အချိန်ပါပဲ။ ပြီးတဲ့အခါ တစ်လကို ဘယ်လောက်ဝင်တယ်။ အသုံးစရိတ်ကဘယ်လောက်ရှိတယ် စတာတွေကိုလည်း နှစ်ဦးသား တိုင်ပင်သင့်နေပါပြီ။ တစ်ချို့စုံတွဲတွေကတော့ တစ်လမှာဘယ်လောက်ဝင်တယ်။ ဘယ်လောက်သုံးပြီး ဘယ်လောက်စုမယ်။ ဘယ်နှစ်လတစ်ခါ ခရီးသွားမယ် စတာတွေအထိပါ တွက်ချက်ထားလေ့ရှိကြပါတယ်။
၂။ကလေးယူဖို့ ၊ မယူဖို့။
အိမ်ထောင်ကျသွားတော့မှ တစ်ယောက်က ကလေးလိုချင်တယ်။ တစ်ယောက်က မလိုချင်ဘူး စသဖြင့် အငြင်းပွားမှုတွေ ရှိလာခဲ့ရင် အိမ်ထောင်ရေးအတွက် ထိခိုက်မှုတွေ ရှိလာပါလိမ့်မယ်။ ဒီတော့ သင်တို့နှစ်ယောက်အနေနဲ့ တစ်ယောက်က လိုချင်ရဲ့သားနဲ့ အိမ်ထောင်ကျပြီးပြီးချင် မယူချင်သေးတာလား။ ဒါမှမဟုတ် လုံးဝမယူချင်တာလား စတာတွေကို သေချာဆွေးနွေးပါ။  ဒီအချက်ကလည်း အရေးကြီးပါတယ်။
၃။သင်တို့နှစ်ယောက်ထဲက တစ်ယောက်က တခြားတစ်ယောက်ကို စိတ်ဝင်စားတာမျိုး၊ သံယောဇဉ်တွယ်သွားတာမျိုးတွေ ရှိလာရင် ဒါကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ။
ဒီအခြေအနေကတော့ နာကျင်စရာကောင်းပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးကြုံလာရမယ်ဆိုရင် နှစ်ယောက်စလုံး ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတာမျိုးကိုတော့ ခုကတည်းက ကြိုတွေးထားရပါမယ်။ ဒီလိုအခြေအနေမျိုးက မသိလိုက်မသိဖာသာ ကျော်သွားလို့ရတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ့်အိမ်သူအပေါ်မှာလည်း လေးစားသမှုလေး ရှိရပါဦးမယ်။ ဒီတော့ သင်တို့နှစ်ဦးသာ ဒီအခြေအနေကြုံရမယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးပါ။
၎။သင့်ရဲ့ဘ၀အိပ်မက်တွေက ဘာဖြစ်သလဲဆိုတာရယ်၊ သင့်အိမ်ထောင်ဖက်ရဲ့ ပန်းတိုင်အတွက်သင်ဘာတွေ လုပ်ပေးချင်တယ်၊ မလုပ်ပေးချင်ဘူးဆိုတာကိုပါ ဆွေးနွေးပါ။
သင့်မှာ ဘ၀နဲ့ပတ်သက်ပြီး အစီအစဉ်တွေ ဆွဲထားတာမျိုးရှိပါသလား။ အိပ်မက်တွေ ရှိပါသလား။ ဒီအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ သင်ကြိုးစားရပ်တည်နေတာမျိုးလား။ သင်ဟာ သင့်အနာဂတ်နဲ့ပတ်သက်ပြီးတွေးထားတဲ့ အရာတွေရှိရင် တစ်ဖက်လူကို ပြောပြပေးပါ။ တစ်ဖက်လူမှာရော ဘယ်လိုဘ၀ပန်းတိုင်တွေ ရှိသလဲဆိုတာမေးပါ။ သူ့အတွက် သင်ဘာတွေ ပံ့ပိုးပေးနိုင်သလဲဆိုတာ ပြောပြပါ။ ဘယ်လိုအရာမျိုးတွေတော့ သင်မလုပ်ပေးနိုင်ဘူးဆိုတာ ခုကတည်းက ရှင်းလင်းစွာ ပြောဆိုထားဖို့ သင့်လှပါတယ်။
၅။နှစ်ဦးသားအငြင်းပွား၊ ရန်ဖြစ်ကြချိန်မှာ သင်သည်းမခံနိုင်တဲ့ သူ့ရဲ့အပြောအဆိုတွေက ဘာတွေများဖြစ်မလဲ။
နှစ်ဦးသား ပြသနာတက်တာမျိုးကတော့ စုံတွဲတိုင်းကြုံဖူးမှာပါ။ ဒါပေမယ့် အဲ့ဒီလိုပြသနာတက်တဲ့အချိန်တွေဆို တစ်ဖက်လူက သင့်စိတ်နာကျင်အောင် ဘယ်လိုစကားလုံးမျိုးတွေ သုံးပြီး ပြောဆိုတတ်ပါသလဲ။ သင်ခံနိုင်ရည်လုံးဝ မရှိတဲ့၊ သည်းမခံနိုင်တဲ့ စကားလုံးမျိုးတွေကို သူ့ကိုပြောပြထားပါ။ နောက်တစ်ခါ ဒီလိုအသုံးအနှုန်းမျိုးတွေ မသုံးဖို့လည်း ပြောဆိုဆွေးနွေးဖို့ သင့်ပါတယ်။
Ref:thefrisky

အမျိုးသားတွေလည်း ရိုမန်တစ် ဆန်ကြတယ်ဆို ဒီအချက် (၇)ချက်က ပြောပြပေးနိုင်


အမျိုးသားတွေဟာ အမျိုးသမီးတွေလောက် ရိုမန်တစ်ဆန်ဆန် မနေတတ်ကြသလို သူငယ်ချင်းတွေနဲ့ ဘီယာလေးသောက်၊ ဂိမ်းလေးကစားတာလောက်သာ စိတ်ဝင်စားကြတာလို့ ထင်ရင် အမှားကြီးမှားပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သူတို့တွေဟာ အမျိုးသမီးတွေနဲ့ မတူတဲ့နည်းလေးတွေနဲ့ ရိုမန်တစ်ဆန်စွာ ပြုမူလုပ်ဆောင်နေကြလို့ပါပဲ။ ဒါကိုများသောအားဖြင့် သတိမထားမိတတ်ကြသလို သူတို့ကို သွေးအေးသတ္တ၀ါတွေသဖွယ် ထင်မြင်မှတ်ယူ ကြလေ့ရှိပါတယ်။ ဘယ်လိုအရာတွေက သူတို့ရိုမန်တစ်ဆန်ကြောင်း ပြောပြပေးနေသလဲဆိုတာ ကြည့်ရအောင်။
၁။ကိုယ့်ချစ်သူကောင်မလေးကို ပွေ့ဖက်ပေးလေ့ရှိတယ်။ ပွေ့ဖက်ခြင်းကို မကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ။
အမျိုးသားတွေဟာ ကိုယ့်ချစ်သူဘယ်အရာကို သဘောကျသလဲဆိုတာကို သိကြပါတယ်။ ဥပမာ နဖူးလေးကို ညင်သာစွာ နမ်းတာမျိုးလား၊ ကြင်နာစွာပွေ့ဖက်ထားတာမျိုးလားဆိုတာတွေကိုပေါ့။ သူတို့ဟာဒါကို ပြုမူလုပ်ဆောင်ပေးလေ့ရှိပါတယ်။ ဒါကလည်း ရိုမန်တစ်ဆန်တဲ့အပြုအမူပါပဲ။
၂။ကိုယ့်ချစ်သူကောင်မလေးရဲ့ အိတ်တွေကို သူတို့ပင်ပန်းနေတဲ့အခါ ဒါမှမဟုတ် အရက်မူးနေတဲ့အခါ လွယ်ပေးကြတယ်။
အိတ်ကလေးကတော့ ကိုယ့်ဘာသာကိုယ် လွယ်နိုင်တယ်လို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီအိတ်ကလေးကိုတောင် သူတို့တွေက လွယ်ပေးသယ်ပေးကြတာ ဘယ်လောက်ချစ်စရာကောင်းတဲ့ အပြုအမူတစ်ခုပါလဲ။
၃။ကိုယ့်ချစ်သူအတွက် ကားတံခါးဖွင့်ပေးတာ၊ ကိုယ့်ချစ်သူကို လမ်းမဘေးမှာ မလျှောက်ခိုင်းပဲ ကိုယ်သာလျှောက်ပေးတတ်ကြတယ်။
ကားပေါ်တက်တော့မယ်ဆို ကိုယ့်ချစ်သူအတွက်ကားတံခါး ဖွင့်ပေးတာမျိုး အမျိုးသားတွေ လုပ်ပေးတတ်ကြသလို တက်စီစီးရင်တောင် ကိုယ့်ကောင်မလေးကို အရင်တက်ခိုင်းတတ်ကြပါတယ်။ ဒါ့အပြင် နှစ်ယောက်အတူ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ချိန် အမျိုးသားတွေဟာ လမ်းမဘေးနေရာကို ယူတတ်ကြပြီး သူတို့ဘေးကမှသာ ကိုယ့်ချစ်သူကောင်မလေးကို လျှောက်ခိုင်းတတ်ပါတယ်။ ဒါဟာ အန္တရာယ်များတဲ့ဘက်မှာ သူတို့နေပေးပြီး တစ်ခုခုဆို သူတို့အရင်ခံပေးမယ်ဆိုတဲ့ သဘောမို့ ရိုမန်တစ်လည်းဆန် ချစ်စရာလည်း ကောင်းပါတယ်နော်။
၎။ချစ်သူရဲ့အိမ်မွေးတိရစ္ဆာန်တွေနဲ့လည်း သူတို့ချစ်ချစ် မချစ်ချစ် အတူတူရှိပေးကြတာပဲ။
ကောင်မလေး ရှော့ပင်သွားတဲ့အခါ သူ့ရဲ့ခွေးလေးကိုခေါ်လာမယ်ဆိုပါစို့။ ကောင်လေးက ကောင်မလေး အ၀တ်အစားရွေးနေတုန်း ခွေးလေးကို လူကြားထဲ ထိန်းပေးထားရတာပဲလေ။ သူတို့က ဒါမျိုးတွေလုပ်လေ့လုပ်ထ မရှိပေမယ့် ကိုယ့်ကောင်မလေးအတွက် လုပ်ဆောင်ပေးခြင်းဟာ ကျေးဇူးတင်စရာပါ။
၅။ကိုယ့်ကောင်မလေး သိက္ခာအတွက် အမြဲကာကွယ်ပေးတတ်တယ်။
ဒီအချက်ဟာ ရှေးခေတ်ကတည်းက ခုချိန်ထိ အမျိုးသားတွေ ကိုယ့်ချစ်သူအတွက် လုပ်ပေးလေ့ရှိတဲ့အရာတစ်ခုပါ။ ကိုယ့်ကောင်မလေးကို မထိတထိ စနောက်တာမျိုးတောင် ခံလေ့မရှိကြပဲ ထိုးရကြိတ်ရတဲ့ဇာတ်လမ်းတွေထိ ရှိရင် တောင် သူတို့တွေက မဖြုံပါဘူး။
၆။ကိုယ့်ကောင်မလေးအတွက် အံ့သြဖွယ်လက်ဆောင်လေးတွေ ပေးရင်း ရိုမန်တစ်ဆန်ဆန်ပြုမူတတ်ကြပြန်တယ်။
သင့်အတွက် အမှတ်တရဖြစ်စေမယ့်နေ့လေးတွေမှာ လက်ဆောင်လေးတွေ ၀ယ်ပေးရုံသာမက၊ သင်ကိုယ်လက်မအီမသာဖြစ်တဲ့အခါ ဘယ်လိုအရာမျိုးတွေ စားချင်လဲဆိုတာ သူတို့သိပြီးသားမို့ အိမ်အရောက်လာပို့ပေးတတ်တာမျိုး၊ သင့်အတွက် အရေးကြီးတဲ့ နေ့တစ်နေ့မှာ မနက်အစောကြီး သင့်ဆီရောက်လာပြီး အတူရှိပေးတာမျိုး စတဲ့အရာတွေက သူတို့ရဲ့ ရိုမန်တစ်ဆန်တဲ့ အပြုအမူတွေပါပဲ။
၇။သင့်အတွက် ခေါက်ဆွဲပြုတ်ပေးမယ်၊ မနက်စာဝင်ချက်ပေးမယ်။
သင်နဲ့အတူ ရှိချိန်မှာ သင်ဗိုက်ဆာရင် သူကိုယ်တိုင်ခေါက်ဆွဲပြုတ်ပေးမယ်၊ ကော်ဖီဖျော်ပေးမယ်၊ မနက်စာ ပြင်ဆင်ပေးမယ်ဆိုရင်လည်း ဒါဟာ သင့်ချစ်သူရဲ့ ရိုမန်တစ်ဆန်တဲ့အပြုအမူတွေလို့ မှတ်လိုက်ပါ။
Ref:yourtango

Thursday, November 5, 2015

သင့်သူငယ်ချင်းဟာ လိင်တူချစ်သူမှန်း သင်သိသွားတဲ့အခါ

သူငယ်ချင်းတစ်ယောက်က တစ်နေ့ မှာ သူဟာလိင်တူချစ်တူတစ်ယောက်ပါလို့  ဖွင့်ဟပြောလာတဲ့အချိန် သင်ကဘယ်လိုပုံစံမျိုးနဲ့ တုံ့ ပြန်မိမလဲ။ ရှာင်ဖယ်သွားမှာလား ဒါမှမဟုတ် ဖေးမအားပေးတဲ့ သူငယ်ချင်းအဖြစ် သူ့ ဘက်မှာဆက်လက်ရပ်တည်ပေးသွားမှာလား။
ဒီလိုအခြေနေမျိုးမှာဆိုရင် ဖေးမအားပေးဖို့ ထက် ရှောင်ဖယ်သွားကြတဲ့ သူတွေကပိုများနေကြပါတယ်။ ရှောင်ဖယ်သွားတတ်တဲ့သူတွေ အများစုကတော့ သူတို့ ကိုလည်း ပတ်ဝန်းကျင်က လိင်တူချစ်သူလို့ ထင်မှတ်သွားမှာကို စိုးရိမ်နေကြလို့ ပါပဲ။ ဒါမှမဟုတ်ရင် ဆန့် ကျင်ဘက်လိင်ကို စိတ်ဝင်စားဖို့ အတင်းတိုက်တွန်းပြောဆိုတတ်ကြပါတယ်။ လိင်တူချင်းချစ်ကြိုက်တယ်ဆိုတဲ့ စိတ်ခံစားမှုကို ပြုပြင်လို့ မရသလို လုပ်ယူလို့ လည်းမရနိုင်ပါဘူး။ ဒီတော့ အားပေးဖေးမတဲ့ စကားတွေ မပြောပြတတ်ရင်တောင် ရှောင်ဖယ်သွားဖို့ မသင့်ဘူးထင်ပါတယ်။
သင့်ကို ယုံကြည်အားကိုးလို့  သူကိုယ်သူ လိင်တူချစ်သူပါလို့  ဖွင့်ပာထွက်လာတဲ့သူငယ်ချင်းရဲ့  ခံစားချက်တွေ နားထောင်ပေးလိုက်ခြင်းကလည်း သူ ကိုကူညီရာရောက်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပါ ကူညီဖေးမတဲ့ နည်းလမ်းမျိုးတွေလဲရှိပါတယ်။ ဒီလိုလိင်တူချစ်သူတွေရဲ့ ဘဝကိုစာနာနားလည်ပေးပြီး သူတို့ ဘက်မှာရပ်တည်ပေးတာတွေကလည်းသူတို့ ရဲ့  စိတ်ပိုင်းဆိုင်ရာကိုဖေးမပေးရာရောက်ပါတယ်။ လျှို့ ဝှက်စရာကိစ္စမျိုးတွေရှိရင် လျှို့ ဝှက်ထားပေသင့်တာပေါ့။ သူ့ နောက်ကွယ်ရာမှာလည်း သူကလိင်တူချစ်သူတစ်ယောက်ဖြစ်တယ်ဆိုပြီး အတင်းစကားတွေပြောဆိုလှောင်ပြောင်တာတွေလဲ မလုပ်သင့်ပါဘူး။ ဒါတွေက လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ဂူသွင်းလိုက်သလိုပါပဲ။
အချို့ အချို့ တွေရဲ့ ရှေးရိုးစွဲအယူအဆနဲ့ ဘာသာရေး အယူအဆတွေအရ လိင်တူချစ်တူတွေကဘာဘာညာညာဆိုပြီး ပညတ်ပုတ်ခတ်ပြောဆိုတတ်ကြပါတယ်။ အစွဲလို့ ပဲပြောရမှာပေါ့၊ လိင်တူချစ်တူလို့ ဆိုလိုက်ရင် လိင်တူချစ်သူတွေမှာ AIDS ရောဂါရှိတယ်ဆိုပြီးပဲ မြင်နေကြပါတယ်။ ဒါကလုံးဝမှားယွင်းတဲ့ အယူအဆတစ်ခုပါပဲ။ AIDS ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာနည်းပါးတဲ့ သူတွေကသာဒီလိုမှားယွင်းတဲ့ အယူအဆကို ယုံကြည် လက်ခံနေကြတာပါ။ နောက်တစ်ခုကတော့ လိင်တူချစ်သူတွေကို စိတ်ရောဂါသည်တွေလို့ သတ်မှတ်ခဲ့တဲ့ အယူအဆတွေကိုလည်း၁၉၉၀ ခုနှစ် မှာWHO (World Health Organization) က စိတ်ရောဂါသည်စာရင်းမှာ လိင်တူချစ်သူတွေမပါဝင်ကြောင်းကို သိပ္ပံနည်းကျကျနဲ့ ဖော်ထုတ်ရှင်းလင်းခဲ့ပါတယ်။ လိင်တူချစ်သူတွေကို မုန်းတီးတဲ့သူတွေဆီမှာသာ လိင်တူချစ်တူတွေကိုကြောက်ရွံတဲ့ ရောဂါရှိနေတာပါလို့ လဲပြောခဲ့ပါသေးတယ်။
Powered by Blogger.

Ads Inside Post