Showing posts with label နိုင်ငံတကာ. Show all posts
Showing posts with label နိုင်ငံတကာ. Show all posts

Friday, November 13, 2015

ပဲရစ်မြို့တော်က ဘားဆိုင် အတိုက်အခိုက်ခံရ


ပဲရစ်မြို့တော် ရဲ့ အမျိုးသား အားကစားကွင်း Stade de France အနီး ပေါက်ကွဲ မှု တစ်ခု အပါအဝင် နေရာတချို့ မှာ ပစ်ခတ်မှု တွေ ဖြစ်ပေါ် ခဲ့လို့ အနည်းဆုံး လူ ၁၈ ဦး သေဆုံး။
 ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော် ရဲ့ အမျိုးသား အားကစားကွင်း Stade de France အနီး ပေါက်ကွဲ မှု တစ်ခု အပါအဝင် နေရာတချို့ မှာ ပစ်ခတ်မှု တွေ ဖြစ်ပေါ် ခဲ့လို့ အနည်းဆုံး လူ ၁၈ ဦး သေဆုံး သွားရပါတယ်။

အမှတ် ၁၁ ရပ်ကွက် ထဲ က စားသောက်ဆိုင် မှာ လူတစ်ဦး က သေနတ် နဲ့ ပစ်ခတ်လို့ လူတချို့ သေကြေ ဒဏ်ရာ ရခဲ့ ပါတယ်။

Bataclan အနုပညာ ခန်းမ အနီးမှာ အနည်းဆုံး လူ ၁၅ ယောက် သေဆုံး ခဲ့ရတယ် လို့ ပြင်သစ် မီဒီယာ တွေက ဆိုပါတယ်။

ဓားဆာခံ တွေ ကိုလည်း ဖမ်းဆီး ထားတာမှာ လူ ၆၀ လောက်ထိ ရှိနိုင်တယ် လို့ သတင်းတွေ က ဆိုပါတယ်။

အမျိုးသား အားကစားကွင်း Stade de France နားက ဘားဆိုင် တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ လည်း ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ခဲ့တယ် လို့ သတင်းတွေ ရရှိ နေပါတယ်။

အဲ့ဒီ့ကွင်းမှာ ပြင်သစ်နဲ့ ဂျာမနီ အသင်း ချစ်ကြည်ရေး ဘောလုံးပွဲ ကန် နေတာ မှာ ပြင်သစ် သမ္မတ Francois Hollande ကိုယ်တိုင် ရှိနေခဲ့ ပါတယ်။

အခု အချိန်မှာတော့ ဘော်လုံးပွဲ ပြီးဆုံးသွား ပြီ ဖြစ်ပါတယ်။

အခုဆိုရင် သမ္မတ Hollande နဲ့ ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve တို့ ပြည်ထဲရေး ဌာန ကို သွားရောက် နေကြ ပါတယ်။

ဘီဘီစီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်မှာလည်း ပြင်သစ် တိုက်ခိုက်မှု အကြောင်း အချိန်နဲ့ တပြေးညီ သတင်းတွေ တင်ပေးနေတာ ကို သွားရောက် ကြည့်ရှု နိုင်ကြပါတယ်။

http://www.bbc.co.uk/news/live/world-europe-34815972

BBC Burmese
http://www.bbc.com

ပါရီမြို့တော် တိုက်ခိုက်ခံနေရ

ပဲရစ်က အတိုက်ခိုက်ခံလိုက်ရတဲ့ စားသောက်ဆိုင်။(နိုဝင်ဘာ ၁၃၊ ၂၀၁၅)
 သေနတ်သမားတွေက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ နေရာတချို့မှာ သေနတ်နဲ့ပစ် ဗုံးဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့ပြီး၊ မြို့တော်ရဲ့ ဘတ်တာကလန် ပြပွဲရုံမှာ ဓားစာခံတွေကို ထိန်းထားတယ်လို့ ပြင်သစ်အရာရှိတွေက ပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး၊ ဒါဇင်နဲ့ချီ ဓားစာခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ အစောပိုင်း သတင်းတွေ မှာ ဖော်ပြကြပါတယ်။

အနည်းဆုံး သေနတ်သမား ၁ ဦးကနေ မြို့တော်ရဲ့ ၁၀ လမ်းမှာရှိတဲ့ စားသောက်ဆိုင် တခုမှာ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။

နောက်ထပ် တိုက်ခိုက်မှုတခုကတော့ ပြင်သစ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ ဂျာမနီအသင်းနဲ့ ဘောလုံးပွဲကျင်းပရာ အမျိုးသား အားကစားကွင်းအနီး စားသောက်ဆိုင်တခုမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

ဒီဘောလုံးပွဲကို ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန် လည်း သွားရောက်ကြည့်ရှုနေပြီး၊ ပေါက်ကွဲမှုကြောင့် ထွက်ခွာခဲ့ရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သမ္မတဟာ လောလောဆယ် အရေးပေါ် အစည်းအဝေး တရပ် ကျင်းပနေတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ - ပဲရစ်မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် - ကုလသမဂ္ဂကနေ ကြီးမှူးကျင်းပတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ မတိုင်ခင် ရက်သတ္တပတ်အလိုမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို အမေရိကန် နာမည်ပျက်စာရင်း သွင်း


===========================================================================
သံအမတ် မစ္စတာ ကင်မ် ဟာ အမေရိကန် က ပိတ်ဆို့ ကန့်သတ်မှု တွေ ပြုလုပ် ထားတဲ့ Komid လို့ ခေါ်တဲ့ မြောက်ကိုရီးယား လက်နက် ကုမ္ပဏီ အတွက် ကြားဝင် ညှိနှိုင်း ဆောင်ရွက် ပေးသူ တစ်ဦး ဖြစ်တယ် လို့ အမေရိကန် အစိုးရ က စွပ်စွဲ ထား။
အမေရိကန် ရဲ့ ဘဏ္ဍာ အခွန် ဝန်ကြီး ဌာန က မြန်မာ နိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ် Kim Sok Chol ကို နာမည်ပျက် စာရင်း ထဲ ထည့် သွင်း လိုက် ပါတယ်။

သံအမတ် မစ္စတာ ကင်မ် ဟာ အမေရိကန် က ပိတ်ဆို့ ကန့်သတ်မှု တွေ ပြုလုပ် ထားတဲ့ Komid လို့ ခေါ်တဲ့ မြောက်ကိုရီးယား လက်နက် ကုမ္ပဏီ အတွက် ကြားဝင် ညှိနှိုင်း ဆောင်ရွက် ပေးသူ တစ်ဦး ဖြစ်တယ် လို့ အမေရိကန် အစိုးရ က စွပ်စွဲ ထားပါတယ်။

Komid ကုမ္ပဏီဟာ မြောက်ကိုရီးယား အစိုးရပိုင် သတ္တု တူးဖော်ရေး ကုမ္ပဏီ ဖြစ်ပြီး အမေရိကန် ကတော့ မြောက်ကိုရီးယား ရဲ့ ထိပ်ဖူးတပ် ဒုံးကျည် နဲ့ ပတ်သက်တဲ့ ပစ္စည်း တွေ အပါအဝင် တခြား စစ် လက်နက် ပစ္စည်း အမျိုးစားတွေ အမြောက်အများ ထုတ်လုပ် တင်ပို့ရာမှာ အဓိက နေရာ က ရှိတဲ့ အဖွဲ့အစည်း အဖြစ် ယူဆ ထားတာ ဖြစ်ပါတယ်။

ဒီ တခေါက် အမည်ပျက် စာရင်းထဲမှာ မြန်မာပြည် ဆိုင်ရာ သံအမတ် နဲ့ အတူ Komid ကုမ္ပဏီ က နောက်ထပ် အရာ ရှိ ၂ ဦး လည်း ပါဝင် ပါတယ်။

BBC Burmese
http://www.bbc.com/burmese

၁၂နှစ်အရွယ်မှာ လူမှောင်ခိုကူးခံခဲ့ရပြီး အကြိမ်ပေါင်း ၄၃၀၀၀ မုဒိန်းကျင့်ခံခဲ့ရသူ

==================================
မက္ကဆီကို လူမှောင်ခိုသမားတွေလက်ထဲကို အသက် ၁၂နှစ်အရွယ်မှာ တရားမဝင်ရောက်သွားပြီးတဲ့နောက် အဲ့ဒီ့ကောင်မလေးဟာ ၄နှစ်တာအချိန်အတွင်း အကြိမ်ပေါင်း ခန့်မှန်းခြေ ၄၃၂၀၀ မုဒိန်းအကျင့်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ အခုလို ထိတ်လန့်ဖွယ် လူကုန်ကူးမှုတွေကို သတိထားလာကြစေဖို့ မျှော်လင့်တဲ့အနေနဲ့ Karla Jacinto ဟာ သူ့ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းကို ဝေငှခဲ့ပါတယ်။ လူမှောင်ခိုကူးမှုတွေက ကမ္ဘာ့အနှံ့က မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရဲ့ ဘဝကို ဖျက်စီးနေတာပါ။ Jacinto ဟာ သူ့မိခင်ရဲ့ လျစ်လျူရှုမှုကို အမြဲခံခဲ့ရပြီး ငယ်စဉ်ကတည်းက အလွဲသုံးစားလုပ်မှုကို ခံခဲ့ရတယ်လို့ သူကပြောပါတယ်။ ‘သမီးက ပုံမှန်မဟုတ်တဲ့ မိသားစုကနေလာတာပါ။ အသက် ၅နှစ်ကတည်းက အမျိုးတစ်ယောက်ရဲ့ လိင်ပိုင်းအလွဲသုံးစားလုပ်မှုကို ခံခဲ့ရတယ်။” လို့ သူက CNN ကိုပြောပြခဲ့ပါတယ်။ သူ အသက် ၁၂နှစ်တုန်းက မြေအောက်ဘူတာရုံမှာ သူငယ်ချင်းတွေကိုစောင့်နေတုန်း လိင်ကုန်ကူးသမားတစ်ဦးကနေ သူ့ကိုပစ်မှတ်ထားခဲ့ပြီး စကားလုံးလှလှတွေသုံးကာ အရမ်းမြန်တဲ့ကားတစ်စီးနဲ့ ခေါ်သွားတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီ့လူကြီးက အသုံးပြုပြီးသား ကား အရောင်းသမား တစ်ဦးဖြစ်ပြီး သူငယ်ငယ်တုန်းကလည်း အလွဲသုံးစားလုပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ လူကြီးက အရမ်းကြင်နာဖို့ကောင်းပြီး ဖုန်းနံပါတ်တွေ အပြန်အလှန်ပေးခဲ့မိကြတယ်လို့ သူက ပြောပါတယ်။ “သူ သမီးကိုစခေါ်သွားတုန်းက သူ့အသက်က ၂၂နှစ်ပဲ။ သူနဲ့ သမီး ၃လလောက်နေတဲ့အချိန်အတွင်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ သူ သမီးကိုချစ်ခဲ့တယ်။ အဝတ်တွေ၊ ဖိနပ်တွေ၊ ပန်းတွေ၊ ချောကလက်တွေ ဝယ်ပေးခဲ့၊ ဂရုစိုက်ခဲ့ပြီး အရာရာက လှပခဲ့တယ်။” လို့ သူက ပြောပါတယ်။ နောက်တော့ သူ့ကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့ပြီး တစ်နေ့ကို ဖောက်သည် အယောက် ၃၀နှုန်းနဲ့ ရက်ပျက်မရှိဘူးလို့ သိရပါတယ်။ သူဟာ အရိုက်နှက်ခံ၊ အထိုးခံ၊ ဆံပင်ဆွဲခံခဲ့ရပါတယ်။ မီးပူနဲ့တောင် အကပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၀၈ခုနှစ် မက္ကဆီကိုမြို့ လူကုန်ကူးမှုတိုက်ဖျက် စစ်ဆင်ရေးမှာ သူဟာ ကယ်ဆယ်ခံခဲ့ရပြီး အဲ့တုန်းက သူဟာ အသက် ၁၆နှစ်ပါ။ အခု အသက် ၂၃နှစ်အရွယ်မှာတော့ အများပြည်သူ ပွဲတွေ၊ အစည်းအဝေးတွေမှာ သူ့ရဲ့ ရှင်သန်လွတ်မြောက်လာတဲ့ အကြောင်းတွေကို ဝေငှလျက်ရှိပြီး လူကုန်ကူးမှုကို တိုက်ဖျက်နေတယ်လို့ သိရပါတယ်။ 
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ) #knowledge.thithtoolwin.com Ref: Daily Mail

ရေမြောင်းပေါက်ထဲကနေ အမျိုးသမီးတွေရဲ့ စကတ် အောက်ကို ဓါတ်ပုံခိုးရိုက်ခဲ့တဲ့ ဂျပန်လူမျိုး အဖမ်းခံရ

=============================
ဂျပန်အမျိုးသားတစ်ဦးဟာ ရေမြောင်းထဲ ဆင်းပုန်းနေပြီး လမ်းသွားလမ်းလာ အမျိုးသမီးတွေရဲ့ စကတ်အောက် ကို ဓါတ်ပုံခိုးရိုက်ခဲ့တဲ့အတွက် သုံးနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် အဖမ်းခံခဲ့ရပါတယ်။ အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ Yasumi Hirai ဟာ စမတ်ဖုန်းကို အသုံးပြုပြီး အမျိုးသမီးတွေရဲ့ စကတ်တွေကို ဓါတ်ပုံခိုးရိုက်ဖို့ ငါးနာရီကြာ ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ သူရဲ့ဆံပင်တွေ မြောင်းဖုံးထဲကနေ ထောင်ထွက်နေတာကို သတိထားမိပြီးနောက် ရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် Hirai ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Hirai က ရေမြောင်းထဲကို မနက် ၃နာရီကတည်းက ဆင်းပြီး ပုန်းခိုနေခဲ့တာဖြစ်ကြောင်း ရဲတွေကို ၀န်ခံခဲ့ပါတယ်။ Hirai ရဲ့ ဖုန်းကို ရှာဖွေစစ်ဆေးတဲ့အခါမှာတော့ အမျိုးသမီးတွေရဲ့ အတွင်းခံ ဗီဒီယိုနဲ့ ဓါတ်ပုံအမြောက်အမြားကို တွေ့ရှိခဲ့ရပါသတဲ့။ သူဟာ ၂၀၁၃ ခုနှစ်ကလည်း Konan Women’s University နားမှာရှိတဲ့ ရေမြောင်းအောက်မှာ ပုန်းခို ရိုက်ကူးခဲ့တဲ့အတွက် အဖမ်းခံခဲ့ရဖူးပါတယ်။ 

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ) knowledge.thithtoolwin.com Ref : Upi

သတ်ဖြတ်ခံရသည့် မြန်မာမိန်းကလေး ဆွေမျိုးမိဘနှင့် အဆက်အသွယ်မရ

-----------------------------------------------------------
ထိုင်းနိုင်ငံ ဘန်ကောက်မှာ လွန်ခဲ့တဲ့အပတ်က အပိုင်း ၇ ပိုင်းဖြစ်အောင် ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား မိန်းကလေး နန်းဆောင် မလိ ထိုင်းယိုင် ဆိုသူဟာ ခုထက်ထိ ဘယ်ဆွေမျိုး မိဘဆီကမှ အဆက်အသွယ် မရသေးဘူးလို့ ဘန်ကောက် လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသူရဲ့ နိုင်ငံကူးလက်မှတ်ပါ အမည်မှာ နန်းဆောင် မလိ ထိုင်းယိုင် (ရှမ်း) လို့ ဖော်ပြထားတဲ့အတွက် ဘန်ကောက် ရှမ်းလူမှုအဖွဲ့အစည်းက နာရေးကိစ္စ စီစဉ်ပေးဖို့ စီစဉ်နေပေမယ့် ဆွေမျိုးမိဘ အဆက်အသွယ် မရသေးတာကတကြောင်း၊ သေသူရဲ့ အစိတ်အပိုင်းအားလုံး ပြည့်စုံအောင် ရှာမတွေ့သေးတာကြောင့် အသုဘချလို့ မရသေးဘူးလို့ တုမ်းတွန့်တိုင်း ရှမ်းအဖွဲ့က နန်းနုမ်မောဝ်းမှ ဒီဗွီဘီကို ပြောပါတယ်။

“သူ့ရဲ့နာရေးကိစ္စလုပ်ဖို့ လောလောဆယ် မိဘဆွေမျိုးတွေကို ဆက်သွယ်လို့ မရသေးပါဘူး။ ပတ်စပို့မှာ မျိုးရင်းနာမည်က ထိုင်းယိုင်လို့ရေးထားပြီး မြန်မာနိုင်ငံသား သထုံကလို့ ဖော်ပြပါတယ်။ လက်မှတ်ထိုးတဲ့ နေရာမှာတော့ သဇင်ဦးလို့ ရေးထားပါတယ်။ သူ ရှမ်းအစစ် ဟုတ်မဟုတ်က အရေးမကြီးပါဘူး။ ဘာလူမျိုးဖြစ်ဖြစ် ကူညီမှာပါ။ ဒါပေမယ့် ၇ ပိုင်း အခုတ်ခံရတာမှာ ရင်အုပ်ပိုင်းတခြမ်း ရှာမတွေ့သေးလို့ ရဲစခန်းက အလောင်းမထုတ်ပေးသေးပါဘူး။ လူသတ်သမားကိုတော့ တရားရုံးက စွဲချက်တင်ပြီးပါပြီ။”

သေဆုံးသူ မိန်းကလေးရဲ့ မိဘဆွေမျိုးတွေကို ဆက်သွယ်နိုင်ဖို့ အဖွဲ့အစည်းက လိုက်လံစုံစမ်းရာမှာ ရည်းစားဖြစ်သူ ထိုင်းလူမျိုးက လျှပ်စစ်မီးဆိုင်ရာ အလုပ်လုပ်ပြီး ရည်းစားဖြစ်တာ မကြာသေးတဲ့အတွက် ဆွေမျိုးအကြောင်း ဘာမှမသိရကြောင်း၊ သူ့ကို သတ်ဖြတ်ခဲ့တဲ့ လာအိုလူမျိုးကတော့ အမှုအခင်းထဲမှာမို့ မေးမြန်းခွင့် မရသေးဘူးလို့ ဆိုပါတယ်။

သူအလုပ်လုပ်ရာ ကာရာအိုကေဆိုင်မှာ သွားစုံစမ်းတော့လည်း အလုပ်ဝင်တာ ၂ လပဲ ရှိသေးလို့ သူ့အကြောင်း ပြောပြနိုင်သူ မရှိပါဘူး။

ပတ်စ်ပို့ထဲမှာပါတဲ့ သူ့ရဲ့အလုပ်ရှင်ကတော့ နခွမ်ဖနွန်ခရိုင် နားထုမ်မြို့ကဖြစ်ပြီး သေဆုံးသူ မိန်းကလေးဟာ အသက် ၇ နှစ်ရွယ်ကတည်းက ထိုင်းကိုရောက်နေတာဖြစ်ကြောင်း၊ ဒီမတိုင်ခင် ထိုင်းလူမျိုးတဦးနဲ့ တရားဝင်လက်ထပ်ပြီး လက်ရှိ အသက် ၇ နှစ်ရွယ် သားတဦးရှိပေမယ့် အဲဒီ ထိုင်းလူမျိုး ခင်ပွန်းနဲ့လည်း တရားဝင်စာချုပ်နဲ့ ပြန်လည်ကွာရှင်းခဲ့ပြီး ခင်ပွန်း၊ ယောက္ခမနဲ့ သားဖြစ်သူတို့လည်း အဆက်အသွယ်မရှိတာ ကြာပြီလို့ သိရကြောင်း နန်းနုမ်မောဝ်းက ပြောပါတယ်။

သက်ဆိုင်ရာ ဆွေမျိုးမိဘတွေအနေနဲ့ ဒီသတင်းကြားသိတယ်ဆိုရင် ဘန်ကောက် ရှမ်းအဖွဲ့အစည်း ဖုံးနံပါတ် ၆၆၈၁ ၄၃၂၆၇၁၈၊ ၆၆၈၀ ၄၅၅၇၂၉၉၊ ၆၆၈၈ ၈၀၃၀၆၅၉ တို့ကို ဆက်သွယ်အကြောင်းကြားဖို့ ကြေညာထားပါတယ်။

ထိုင်းဥပဒေအရ ပိုင်ရှင်မဲ့အလောင်းတွေကို တနှစ်အထိ ထားခွင့်ရှိပြီး တနှစ်ကျော်မှ သင်္ဂြိုဟ်ခွင့်ရှိပါတယ်။

အသက် ၂၇ နှစ်ရွယ် နန်းဆောဝ်မလိဟာ ဘန်ကောက်ခရိုင် ဘန်ကပိမြို့နယ် ဟိုမတ်ရပ်ကွက် ရမ်ခမ်းဟိုင်လမ်းသွယ် ၅၃ က တိုက်ခန်းတခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က အသတ်ခံရတာဖြစ်ပြီး ခေါင်း၊ ကိုယ်နဲ့ ခြေလက်တွေ အပိုင်းပိုင်းဖြစ်နေတာကို တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၇ ရက်နေ့က အဲဒီရပ်ကွက် ဆိုင်ဆက်ပ်ချောင်းထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လူသတ်မှု ကျူးလွန်သူလို့ ၀န်ခံထားသူမှာ လာအိုနိုင်ငံကလာတဲ့ ရွှေ့ပြောင်းအလုပ်သမား နိုင်းကျိုင်းခင်းခမ်းဆိုသူဖြစ်ပြီး မိန်းကလေးက လက်ထပ်ဖို့ ငြင်းဆန်တဲ့အတွက် ဒေါသအလျောက် လူသတ်မိကြောင်း၊ အရင်က သားသတ်ရုံမှာ အလုပ်လုပ်ခဲ့တာဖြစ်ပြီး ဒီမိန်းကလေးကို ခုတ်ထစ်ဖို့ ၃ နာရီကြာ အချိန်ယူခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။

DVB

တောင်တရုတ်ပင်လယ်တွင်း ကန်လေယာဉ် ပျံသန်းမှု တရုတ် သတိပေး

===================

တောင်တရုတ်ပင်လယ်အတွင်း နယ်မြေ အငြင်းပွါးမှုဖြစ်ပွါးနေတဲ့ ကျွန်းစုအနီး ဒီသီတင်းပတ် အစောပိုင်းက အမေရိကန်တပ်ရဲ့ဗုံးကြဲလေယာဉ် B-52 ၂ စင်း ပျံသန်းသွားချိန်မှာ တရုတ်မြေပြင်ထိန်းချုပ်ရေးစခန်း ဘက်က နှုတ်အားဖြင့် ၂ ကြိမ် သတိပေးလာတယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိတွေကပြောပါတယ်။

အမေရိကန်လေတပ်အခြေစိုက်စခန်း Guam ကနေB-52 ဗုံးကြဲလေယာဉ်တွေဟာ Spartley ကျွန်းစုအနီးနိုင်ငံတကာလေပိုင်နက်အတွင်း ပုံမှန်ပျံသန်းမှုတွေကို နိုဝင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ လုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ ပင်တဂွန်ပြောခွင့်ရ Bill Urgan ကမနေ့ ကြာသပတေးနေ့ ကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ဥပဒေကို အမြဲတမ်း လိုက်နာပျံသန်းတဲ့ ဒီလေယာဉ် ၂ စင်းဟာ ဘယ်လို အနှောင့်အယှက်မှ မရှိဘဲ ပုံမှန်အတိုင်းဆက်လက် ပျံသန်းသွားခဲ့ တယ်လို့လည်း သူက ဆိုပါတယ်။

ရေကြောင်းလေကြောင်းဆိုင်ရာလွပ်လပ် သွားလာပျံသန်းခွင့် ကိုအကြောင်းပြပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့လုံခြုံရေးကို လျှော့တွက်တဲ့ လုပ်ရပ်မျိုးကို ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei က ဒီကနေ့ သောကြာနေ့မှာပြောပါတယ်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ ဗီယက်နမ်နဲ့ တရုတ်တို့အကြား နယ်မြေပိုင်ဆိုင်မှုအငြင်းပွါးနေတဲ့

တောင်တရုတ်ပင်လယ်တွင်း အမေရိကန်တပ်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် အတိုင်းလွပ်လပ်စွာ ကင်းလှည့် ပျံသန်းနေခဲ့တာပါ။ နောက်သီတင်းပတ်အတွင်း ကျင်းပမယ့် အာရှ ပစိဖိတ် ထိပ်သီးညီလာခံအတွင်း တောင်တရုတ်ပင်လယ်အရေး တင်းမာမှုတွေတိုးလာ နေတဲ့ကိစ္စကို အသားပေးဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။ ဒီထိပ်သီး ညီလာခံကို အမေရိကန်သမ္မတ ဘရက်အိုဘားမား တက်ရောက်ဖို့ရှိပါတယ်။

============

VOA Burmese Fan Page

Thursday, November 12, 2015

အရေပြားအောက်မှာ LED မီးလုံးတွေ ခွဲစိတ်ထည့်သွင်းမှု ခေတ်စားနေ


ဂျာမနီနိုင်ငံက ဘိုင်အိုဟက်ကာအဖွဲ့ တစ်ဖွဲ့ ဟာ သူတို့ ရဲ့ လက်ဖမိုးအောက်မှာ LED မီးလုံးတွေ ခွဲစိတ် ထည့်သွင်းခဲ့ပါတယ်။ အကြွေစေ့ အကြီးစား အရွယ်အစားလောက်သာရှိတဲ့ Northstar V1 chip ကို ထည့်သွင်းထားတာဖြစ်ပြီး  LED မီးလုံးတွေ ပါဝင်ကာ ခန္ဓာကိုယ်မှာ ထိုးထားတဲ့တက်တူးတွေကို တောက်ပနေအောင် အလှဆင်ဖို့ ဖြစ်ပါတယ်။
၁၅ မိနစ်သာကြာမြင့်တဲ့ခွဲစိတ်မှုကို အမေရိကန်နိုင်ငံ၊ Pittsburgh မြို့ အခြေစိုက် Grindhouse Wetware အဖွဲ့ က ပြုလုပ်ပေးတာဖြစ်ပြီး အန္တရာယ်ကင်းစိတ်ချရတဲ့ နည်းပညာကိုအသုံးပြုကာ လူသားစက်ရုပ်တွေ ဖန်တီးနိုင်ဖို့ အတွက် ပထမအဆင့်ဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့ ခေါင်းဆောင် Tim Cannon ဆိုသူက အဆိုပါ chip ကို ဖန်တီးခဲ့တာဖြစ်ပြီး သူကိုယ်တိုင်လည်း ခွဲစိတ်ထည့်သွင်းထားပါတယ်။ Tim ဟာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်း စီးကရက်ဘူး အရွယ်အစားလောက်ရှိတဲ့ Circadia 1.0 ကွန်ပြူတာချစ်ပ်ကိုသူ့ ခန္ဓာကိုယ်ထဲ ခွဲစိတ်ထည့်သွင်းထားသူဖြစ်ပါတယ်။
ဒီ chip မှာပါဝင်တဲ့ အာရုံခံ sensor ကို မည်သည့် Android ပစ္စည်းနဲ့ မဆို wireless နည်းနဲ့ ချိတ်ဆက်နိုင်ပြီး ခန္ဓာကိုယ်အပူချိန်ပြောင်းလဲမှုကို ဖတ်သားကာ Android စက်ကို text message အနေနဲ့ ပြန်လည်ပေးပို့ နိုင်ပါတယ်။အခု chip မှာ စက်ဝိုင်းပုံစံ LED မီးလုံး ငါးလုံးပါဝင်ပြီး sensor ကို သံလိုက်နဲ့ ပြေးကပ်သွားပြီး ဆယ်စက္ကန့် အကြာမှာ စတင်အလုပ်လုပ်စေနိုင်မှာဖြစ်ပါတယ်။ စက်ကို ဆီလီကွန်နဲ့ ဖုံးအုပ်ထားကာ ၃ ဗို့  ဘက်ထရီနဲ့  အားဖြည့်ထားပါတယ်။ ဘက်ထရီအားမကုန်ခင် အကြိမ်ပေါင်း တစ်သောင်းလောက် မီးလင်း ထားနိုင်ပြီး အားပြန်သွင်းလို့ တော့မရဘူးလို့ သိရပါတယ်။
ယခု ထည့်သွင်းခွဲစိတ်မှုကို လာမယ့်နှစ်မှာ အများပြည်သူတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ယခုအခါ Bluetooth ချိတ်ဆက်နိုင်မယ့် Northstar version 2 ကို စတင်ဖန်တီးနေတယ်လို့ ဆိုပါတယ်။ ဒီ ဗားရှင်း 2 မှာတော့ တက်တူးကို မီးထိုး အလှဆင်မှုအပါအ၀င် sensor ထည့်ထားတဲ့လက်ကနေ တီဗီတို့ အဲကွန်းတို့ လို gadget တွေကို ကြိုးမဲ့ထိန်းချုပ်စေခိုင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref: Dailymail 

Thursday, November 5, 2015

မှော်ကော်ဇောပျံစီးပြီး နယူးယော့ခ်မြို့ လမ်းတွေပေါ် ပျံသန်းပြခဲ့တဲ့ အပြင်လောကရဲ့ အာလာဒင်

ယခုထွက်ပေါ်လာတဲ့ ဗီဒီယိုအပိုင်းတစ်ခုမှာ လူငယ်တစ်ယောက်ဟာ နာမည်ကြီး Disney ဇာတ်ကောင် အာလာဒင် အတိုင်း ၀တ်ဆင်ကာ မှော်ကော်ဇောပျံပေါ် ရပ်ပြီး လမ်းတွေပေါ်မှာ ပျံသန်းပြခဲ့ပါ တယ်။ မှော်ကော်ဇောပျံဟာ မြေပြင်ကနေ လက်မ အနည်းငယ် မြောက်တက်နေတာကို တွေ့ မြင်ရမှာပါ။
အဆိုပါ အာလာဒင်ဟာ ယာဉ်အသွားအလာ ရှုပ်ထွေးနေတဲ့လမ်းမတွေပေါ်မှာ ကွေ့ ကောက်ရှောင်တိမ်းကာ တစ်ဟုန်ထိုးပျံသန်းပြခဲ့ပါတယ်။ အာလာဒင် ကို ရုတ်တရက်မြင်တွေ့  လိုက်ရ တဲ့ လမ်းသွားလမ်းလာတွေဟာ မှင်တက်သွားခဲ့ပြီး သူ ဘေးနားက ဖြတ်ပျံသွားတာကို မြင်တွေ့ လိုက်ရတဲ့ တစ်ချို့ လူတွေဟာ အံ့သြ၀မ်းသာစိတ်နဲ့ အော်ဟစ်မိတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ လူတော်တော်များများဟာ သူတို့ ဖုန်းတွေကို အချိန်မီထုတ်ပြီး အဆိုပါ ရင်သပ်ရှုမောစရာ မြင်ကွင်းကို အမိအရမှတ်တမ်းတင်ခဲ့ကြပါတယ်။
ဒီ အံ့အားသင့်စရာဗီဒီယိုကို Youtuber Casey Neistat နဲ့ Jesse Wellens ဆိုသူနှစ်ဦးက သူတို့ ရဲ့ PrankvsPrank ချယ်နယ်အတွက် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ယခုဆို ဒီဗီဒီယိုကို ၀င်ရောက်ကြည့်ရှုမှုပေါင်း ၆.၄ သန်းကျော်ရှိနေပြီဖြစ်ပါတယ်။
Jesse က အာလာဒင်အဖြစ် ၀တ်ဆင်သရုပ်ဆောင်ကာ အဝေးထိန်းစကိတ်ဘုတ်တစ်ခုနဲ့ ပျံသန်းနေသယောင် ဖန်တီးခဲ့တာပါ။ Jesse ရဲ့ ကင်မရာသမား၊ Casey ကလည်း စကိတ်ဘုတ်တစ်ခုနဲ့  ဘေးဘက်ကနေ လိုက်ပါပြီး ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။
Ref: Mirror 

စင်ပေါ်မှာ မီးရှုးမီးပန်းဖောက်ရာကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး ဟဲဗီးမက်တယ်လ် ဖျော်ဖြေပွဲလာပရိသတ် ၂၇ ဦးသေဆုံး


ပြီးခဲ့တဲ့ သောကြာင်္နေ့ညက ရိုမေးနီးယား နိုင်ငံ ၊ ဘူချာရက်စ် မြို့  မှာရှိတဲ့ နိုက်ကလပ်တစ်ခု မီးလောင်ကျွမ်းမှုကြောင့် “Goodbye To Gravity” ဆိုတဲ့ တေးဂီတ ဖျော်ဖြေပွဲမှာရှိနေသူ အနည်းဆုံး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ 
ထို Goodbye To Gravity ဆိုတဲ့ တေးဂီတ ဖျော်ဖြေပွဲကိုတော့ ထို မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ နိုက်ကလပ် မှာ ကျင်းပပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ 
မီးလောင်ကျွမ်းမှု စတင်ခဲ့တာကတော့ စင်မြင့်ပေါ်က မီးရှုးမီးပန်း ပစ်ဖောက်တဲ့ တင်ဆက်မှု ပြုလုပ်နေစဉ် စတိတ် စင် ကို အလှဆင်ထားတဲ့ ရော်ဘာ ဘောင်တွေကို မီးကူးကာ ထပ်မံ လောင်ကျွမ်းရာကနေ စက္ကန့် ပိုင်းအတွင်း မျက်နှာကျက် တစ်ခုလုံးကိုပါ မီးတောက်များက ၀ါးမြိုသွားခဲ့တာ ဖြစ်ပါတယ်။ 
ဖျော်ဖြေပွဲကို လာရောက်တဲ့ ပရိတ်သတ်များကလည်း တံခါး ပေါက် ရှိရာသို့ အပြေးအလွှား သွားကြရာကနေ တံခါးပေါက်မှာ လူတွေ စုပြုံ ပိတ်မိသွားခဲ့ပါတယ်။ အဲဒီလို ပိတ်မိခြင်းကနေ ဖျော်ဖြေပွဲ အတွင်းမှာ ရှိနေသူ ၁၈၀ ယောက် ဒဏ်ရာ ရရှိခဲ့ပြီး အနည်းဆုံး ၂၇ ယောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သက်ဆိုင်ရာ က အတည်ပြု ပြောကြားခဲ့ပါတယ်။ 
ထို သေဆုံးသွားသူတွေထဲမှာတော့ GTG ဆိုတဲ့ ဟဲဗီးမက်တယ်လ် တီးဝိုင်း ရဲ့  ဂစ်တာသမား တွေ ဖြစ်ကြတဲ့ Vlad Telea နဲ့ Mihai Alexandru တို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။Ref:tmz
Powered by Blogger.

Ads Inside Post