Friday, November 13, 2015

ဒီမိုကရေစီက နဲနဲတော့ ခါးနိုင်တယ် နော်

9:04 AM

=====================================
အများလိုလား တောင့်တနေတဲ့ ဒီမိုကရေစီ ဆိုတာ သိပ်တော့ မချိုနိုင်ဘူးနော်..။ နဲနဲ ခါးသက်သက် နဲ့ စပ်ဖျဉ်းဖျဉ်းတော့ဖြစ်နိုင်တယ်..။ အထူးသဖြင့် ရေလိုက်ငါးလိုက်နေခဲ့ကြသူတွေ အဖို့ ပိုခါးနိုင်တယ်..။ ဒီမိုကရေစီဟာ အလုပ်လုပ်ရတယ်..။ လုပ်အား တန်ဖိုးကိုလဲ ထိုက်ထိုက်တန်တန် ရလိမ့်မယ်..။ အပါးခိုလို့ မရဘူး..။ လဘက်ရည်ဆိုင် ခဏ တို့ ကွမ်းထွက်ဝယ်လိုက်ဦးမယ် တို့ ဆေးလိပ်တစ်ဖွာလောက်ပါ တို့ မရဘူးနော်..။ သတ်မှတ် အလုပ်ခွင်မှာ သတ်မှတ်ထားတဲ့ အလုပ်ခွဲတမ်းကို သတ်မှတ်ချိန်အတွင်း ပြီးအောင်လုပ်ရတာ.။ အင်မတန် တင်းကျပ်တာ ဒီမိုကရေစီပါ..။ မလိုက်နာဘူးလား.. အရေးယူမှာပေါ့..။ Justice ဆိုတာ နှစ်ဖက်မျှတတာကို ပြောတာ..။ တစ်ဖက်သတ် ကိုယ်လိုချင်တာ တောင်းတဲ့ အမျိုး မဟုတ်ဘူး..။

ပြီးတော့ ဒီမိုကရေစီမှာ အခွန်ဆောင်ရတယ်ဗျ.။ နိုင်ငံသားတိုင်းမှာ အခွန်ဆောင်ဖို့ တာဝန်ရှိတယ်..။ နိုင်ငံသားတိုင်း နိုင်ငံ့တာဝန်ကျေဖို့ National Service စစ်မှုထမ်းရတာလဲ ပါတယ်..။ အခွန်ကောက်ရာမှာ လဲ အလုပ်လက်မဲ့ ခွန်တောင်ပေးရတယ်..။ အလုပ်လက်မဲ့တွေကို တိုင်းပြည်က ထောက်ပံ့နိုင်ဖို့ပေးကြရတာ..။ ဒီမိုကရေစီ အစိုးရရဲ ယန္တရားဟာ အခွန်ငွေနဲ့ လည်ပတ်ရတာ..။ ဒါကြောင့် အခွန်ရှောင်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်ပဲ..။ ခါးတယ်နော်..။

ဒီမိုကရေစီက ပေးတဲ့ အခွင့်အရေးတွေလဲ အများကြီးရှိသလို နိုင်ငံသား တစ်ဦးချင်းစီက ကြေပွန်ရမယ့် တာဝန်တွေလဲ များတယ်..။ ဒီမိုကရေစီမှာ အစိုးရက စီးပွားမရှာဘူး..။ စီးပွားရှာနိုင်တဲ့ သူတွေကို လမ်းဖွင့်ပေးတာ..။ လမ်းကြောင်းပေးတာ..။ ကူညီပံ့ပိုးပေးတာ..။ စီးပွားဖြစ်လာရင် အခွန် ပေးပေတော့ပဲ..။ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ဝင်ငွေရဲ့ လေးဆယ်ရာခိုင်နှုန်းလောက်အထိ အခွန်ဆောင်ကြရတယ်..။ သူတို့ ဆီမှာလဲ နည်းမျိုးစုံနဲ့ အခွန်ရှောင်နိုင်အောင် ကြိုး စားကြတာပါပဲ..။ စာရင်းမရှိ အင်းမရှိ ချမ်းသာနေတဲ့ မာဖီးယား တွေလဲ အများကြီးပါပဲ..။ ဒီနေ့ကမ္ဘာ့ အချမ်းသာဆုံး ဆိုတဲ့ ပုဂ္ဂိုလ်တွေကို မာဖီးယားတွေက ရီတာပေါ့..။

Accounts နှစ်ခု သုံးခု ဖွင့်ထားသူတွေ.. (Share holder တွေအတွက် တစ်ခု.. အစိုးရ အခွန်ဋ္ဌာနကို ပြဖို့က တစ်ခု.. ကိုယ်ကိုယ်တိုင်ကြည့်ဖို့သိဖို့က တစ်ခု) ........ အခွန်နဲနဲပဲ ဟန်ပြလောက် ဆောင်ပြီး အကျိုး အမြတ်များများ ရနေသူတွေ အဖို့ ခါးတော့မှာ အမှန်ပါပဲ..။ တစ်ဖက်မှာလဲ အခွန်တာဝန်ကျေရင် ရလာမယ့် ဂုဏ်သိက္ခာက မြင့်မားပါတယ်..။ ဒါကြောင့် အခုအချိန်အထိ လုပ်ငန်းရှင်များ နှစ်သက်စွာကျင့်သုံးဆဲဖြစ်တဲ့ အခွန်ရှောင်နည်း များကို အခုအချိန်က စပြီး တော်တည့် မှန်ကန် အောင် ပြုပြင်ကြဖို့လိုပါပြီ..။

ပြင်တဲ့ အခါမှာ စာရင်းကိုင်တွေ အများကြီးထားပြီး စာရင်းလိမ်တဲ့ practice ကို စပြင်ရမှာပါ..။
Accounts Professional ဆိုတာ ကမ္ဘာမှာ ဂုဏ်သိက္ခာ အတော်ကြီးမားတဲ့ ပရိုဖက်ရှင်နယ် တွေ ဖြစ်ပါတယ်..။ American Institute of Certified Public Accountants (AICPA) ဆိုတဲ့ အဖွဲ့အစည်းဟာ အမေရိကားမှာ ရှိတဲ့ ပြည်နယ် အားလုံးက CPA တွေနဲ့ ဖွဲ့စည်းထားတာပါ..။ ၁၉၀၆ ခုနှစ်ကတည်းက ရှိခဲ့တဲ့ The American Accociation of Public Accountant အဖွဲ့အစည်းကို မွမ်းမံထားတာပါ..။ အဲဒီ အဖွဲ့အစည်း ထဲမှာ Professional Ethics Executive Committee က ကြီးကြပ်တဲ့ လိုက်ရာရန် ကျင့်ဝတ်များ ရှိပါတယ်..။
AICPA က ပြဋ္ဌာန်းထားတဲ့ Code of Conduct တွေက..
The six principles to which the CPA must adhere are:
1. Commitment —to the public interest and honoring public trust
2. Integrity —sensitivity to professional and moral judgments
3. Objectivity —requires the CPA to be unbiased and impartial in assessing facts, making estimates and arriving at judgments
4. Independence —unbiased, impartial, and free of conflicts of interest (independence in fact and appearance) when providing auditing or other attestation serves. CPAs may not audit a company if they (or spouse or dependents) own stock in that company and/or have financial or employment relationships with the client (apart from financial interest in timely receipt of audit fees).
5. Confidentiality —information known to accounting professionals may not be disclosed to outsiders except when professional work papers are subpoenaed by a court. (Accountants do not have attorney-client privilege.)
6. Professional competence —exercising due care, including observing professional technical and ethical standards. Accounting professionals should undertake only tasks that they can complete with professional competence, and they must carry out their responsibilities with sufficient care and diligence, usually referred to as due care.
တွေဖြစ်ပါတယ်..။

(Ref: Encyclopedia of Business and Finance, 2nd ed. | 2007 | Sweeney, Jan | 700+ words COPYRIGHT 2007 Thomson Gale. )

ဒါကြောင့် ခေတ်သစ်မှာ နိုင်ငံတကာ တန်းဝင် Accountant တစ်ယောက်ဖြစ်ချင်ရင် ဒီအချက်တွေကို လိုက်နာရပါတယ်..။ ဒါတွေကိုစောင့်ထိန်းပါမယ်လို့ ကျမ်းကျိန်ရပါတယ်..။ ဒါကြောင့် ရှေ့တစ်ခေတ်မှာ LCCI Level ဘယ်လောက်အောင်ရမယ် ဆိုတဲ့ လိုအပ်ချက်နဲ့တင် မပြီးတော့ပါဘူး.။ Ethics တွေ Code of Conduct တွေကိုပါ နားလည် လိုက်နာ ကြရတော့မှာပါ..။ ဒါမှလဲ လုပ်ငန်းရှင်တွေဖက်ကလဲ လိုက်နာ လာကြမှာပါ..။ နယ်ပယ် အသီးသီးက Professional တိုင်းဟာ ကိုယ့် ပရိုဖက်ရှင်ကို ကိုယ် ချစ်ခင် မြတ်နိုးကြပါတယ်..။

ပရိုဖက်ရှင်နယ် တိုင်းမှာ ဂုဏ်သိက္ခာ အသီးသီး ရှိပါတယ်..။ အဲဒီ ဂုဏ်သိက္ခာတွေကို အမိန့်အာဏာနဲ့ လွှမ်းမိုးခြင်း ခံခဲ့ကြရတာပါ..။ တကယ်တော့ accountant ဆိုသူတွေဟာ လုပ်ငန်းရှင်အတွက် စာရင်းလိမ်ပေးရသူတွေ မဟုတ်ကြပါဘူး.။ အဲဒါဟာ အတော်ကြီးတဲ့ ပြစ်မှုပါ..။ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာတော့ ဒါကို ပြစ်မှုမှန်း မသိလောက်အောင် မေ့ထားပြီး ကျူးလွန်နေကြပါတယ်..။ သိပ်မကြာခင်မှာ ဒါတွေ ပျောက်ကွယ်သွားရမယ်လို့ ယုံကြည်ပါတယ်..။

အလုပ်ရှင်တွေဖက်ကလဲ စာရင်းအင်းပရိုဖက်ရှင်နယ်တွေကို သူတို့ရဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ လစာ နဲ့ အခွင့်အရေးတွေ ပေးပြီးသူတို့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင် ပေးကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်..။ ပြည်တွင်းမှာ ရှိပြီးသား Accounting Firm တွေ Auditing Firm တွေ အပြင် ပြည်ပက ဂုဏ်သိက္ခာ ကြီးမားတဲ့ Firm တွေလဲ အပြိုင်အဆိုင် ရောက်လာ ကြတော့မှာပါ..။ အဲဒီ အချိန်မှာ ကိုယ့်ဖက်က အားနည်းမနေဖို့ .. အားငယ်မနေဖို့ ကြိုတင် ပြင်ဆင်ရတော့မှာပါ..။ နိုင်ငံတကာသုံး ဘာသာစကား ဖြစ်တဲ့ English ကတော့ မရှိမဖြစ် ESSENTIAL ပါပဲခင်ဗျား..။

Credit to ကောင်းလွန်း
Powered by Blogger.

Ads Inside Post