Saturday, November 14, 2015

တိုက်ခိုက်ခံရမှု အပြီး ပြင်သစ် နိုင်ငံ တွင်း အခြေ အနေ

5:56 PM


 ပြင်သစ် နိုင်ငံ မှာ သေဆုံး ခဲ့ရ သူတွေ အတွက် နိုင်ငံတော် အဆင့် ဝမ်းနည်းဖွယ် နေ့ ၃ ရက် သတ်မှတ် ထားပါတယ်။

ဒဏ်ရာရသူ တွေ လည်း ၃၅၂ ယောက်ရှိပြီး အဲဒီ့ ထဲက ၉၉ ယောက်ဟာ စိုးရိမ် ရတဲ့ အနေ အထား မှာ ရှိတယ် လို့ ပြင်သစ် အာဏာပိုင် တွေက ထုတ်ဖော် ပြောပါတယ်။

နိုင်ငံတလွှား စစ်တပ် နဲ့ ရဲ တွေ ပိုမို တိုးမြှင့် ချထား နေပြီး ပဲရစ် မှာ လူစုလူဝေး နဲ့ ဆန္ဒပြမှု တွေ၊ အားကစား ပွဲ တွေ အားလုံး ကို ပိတ်ပင် ထားပါတယ်။

မီးရောင်တွေ နဲ့ ထိန်ထိန်ငြီး နေကြ နာမည်ကျော် အိုင်ဖယ် မျှော်စင် ကိုလည်း အမှောင်ချ ထားပြီး အများသူငါ ဝင်ရောက် ခွင့် ပိတ်ပင် ထားပါတယ်။

ဒဏ်ရာ ရသူတွေ အတွက် သွေးလှူဒါန်းဖို့ စောင့်ဆိုင်း နေကြတဲ့ ပဲရစ် မြို့သူ မြို့သား တွေ နဲ့ လူတန်းရှည် ကြီး တွေ ဖြစ်ခဲ့ ကြပါတယ်။

တနင်္လာနေ့ မှာ ကျောင်းတွေ ပြန်ဖွင့် နိုင်မယ် လို့ ပြည်ထဲရေး ဝန်ကြီး ဘယ်နား ခတ်ဇ်နက်ဗ် က ပြောပြီး မနက်ပိုင်း ကျောင်းတွေ အားလုံးမှာ တစ်မိနစ် ငြိမ်သက် ကြမယ် လို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Powered by Blogger.

Ads Inside Post