Showing posts with label ကျန်းမာရေးဗဟုသုတ. Show all posts
Showing posts with label ကျန်းမာရေးဗဟုသုတ. Show all posts
Thursday, November 12, 2015
အဆီဆဲလ်တွေ အမြန်ဆုံး နိမ်နင်းပေးမယ့် ဖြည့်စွက်ဓာတ်စာ
အသည်းက လူ့ခန္ဓာကိုယ်ရှိ နားလည်ရ အခက်ဆုံးနဲ့ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး သူ့ရဲ့ မြောက်များစွာသော လုပ်ဆောင်ချက်တွေကြောင့် မရှိမဖြစ် အရေးပါပါတယ်။အသည်းကို ပြန်လည် သန်စွမ်းစေပြီး အဆိပ်အတောက်ဖယ်ရှားပေးမယ့် အံ့မခန်းဖွယ်ဆေးနည်းတစ်ခုရှိပါတယ်။
ခန္ဓာကိုယ်အဆိပ်အတောက်များသန့်စင်စေပြီး ခန္ဓာကိုယ်လုပ်ငန်းဆောင်ရွက်ချက်များ ပိုမို တိုးတက်ကောင်းမွန်စေမှာ ဖြစ်တယ်။ ဒီဆေးနည်းအတွက် ဂျင်း၊ သံပုယိုသီးနဲ့ ခရင်းဘယ်ရီရည် လိုအပ်ပါတယ်။ အစာခြေချက်မှုပိုမိုကောင်းမွန်စေဖို့အလို့ငှာ ခန္ဓာကိုယ်ကို လန်းဆန်းသက်ကြွစေပြီး အဆိပ်အတောက်များ သန့်စင်ပေးမယ့် အကောင်းဆုံးဖြည့်စွက်ဓာတ်စာတစ်ခု ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ခရင်းဘယ်ရီရည် (၄) ပေါင်
သစ်ကြံပိုးခေါက်အမှုန့် ထမင်းစားဇွန်း တစ်ဝက်
ဇာတိပ္ဖိုလ်သီး လက်ဖက်ရည်ဇွန်း ၄ပုံ ၁ပုံ
လတ်လတ်ဆတ်ဆတ်ညစ်ယူထားတဲ့ လိမ္မော်သီးညစ်ရည် ခွက်ဖြင့် ၄ပုံ ၃ပုံ
လတ်လတ်ဆတ်ဆတ်ညစ်ယူထားတဲ့ သံပုယိုသီးညစ်ရည် ခွက်ဖြင့် ၄ပုံ ၁ပုံ တို့ပဲဖြစ်ပါတယ်။
လမ်းညွှန်ချက်များ
ခရင်းဘယ်ရီညစ်ရည်ကို ကျိုပြီးနောက် အအေးခံရပါမယ်။ ၁၅ မိနစ်ကျိုပြီး အခန်းအပူချိန်လောက်အေးသည့်အထိ စောင့်ပါ။ နောက်ဆုံး သံပုယိုနဲ့ လိမ္မော်ရည်ပေါင်းထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပါ။ခရင်းဘယ်ရီရည်က ထိရောက်တဲ့ antioxidant ဖြစ်တာမို့ အဓိက ပါဝင်ပစ္စည်းဖြစ်ပါတယ်။ သံပုယိုနဲ့ လိမ္မော်ရည်မှာ ကိုယ်အလေးချိန်ပေါင်ကျစေတဲ့ ဗီတာမင်တွေ ပေါကြွယ်ဝပါတယ
Ref:healthyfoodteam 
ရှန်ပိန်သောက်ခြင်းက မှတ်ဥာဏ်ကို ထာဝရ ထက်မြက်ကောင်းမွန်စေနိုင်
တစ်ပတ်ကို ရှန်ပိန်သုံးခွက်လောက် သောက်ခြင်းဟာ ဦးနှောက်ထိခိုက်မှုကြောင့် မှတ်ဥာဏ်ယုတ်လျော့၊စိတ်မူမမှန်တဲ့ dementia ရောဂါနဲ့ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ မှတ်ဥာဏ်ဆုံးရှုံးမှု အယ်လ်ဇိုင်းမား ရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း သုတေသနတစ်ရပ်မှာ တွေ့ ရှိခဲ့ရပါတယ်။
ရှန်ပိန်ဝိုင်ဖောက်ရာမှာ အသုံးပြုတဲ့ Pinot noir နဲ့ Pinot meunier စပျစ်သီးမျိုးနွယ်တွေမှာ ပါရှိတဲ့ ဒြပ်ပေါင်း တစ်မျိုးက ဒီလို စိတ်ပိုင်းဆိုင်ရာဖောက်ပြန်မှုရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်တာဖြစ်တယ်လို့  ဆိုပါတယ်။ရီးဒင်းတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ ရှန်ပိန်ပုံမှန်သောက်လေ့ရှိတဲ့လူတွေဟာ မိမိပတ်ဝန်းကျင်ရဲ့ အချက်အလက်တွေကို မှတ်သားရာမှာ အဓိကကျတဲ့ spatial memory ပိုင်း ကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ ရှိခဲ့ တာဖြစ်ပါတယ်။
“ရှန်ပိုင်ကို အသင့်အတင့် ပမာဏသောက်သုံးပေးခြင်းက မှတ်ဥာဏ်စတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို လွှမ်းမိုးသက်ရောက်နိုင်စွမ်းရှိကြောင်း ဒီလေ့လာမှုကနေ ပထမဆုံးအကြိမ် လေ့လာသိရှိရတာဖြစ်ပါတယ်” လို့  ရီးဒင်းတက္ကသိုလ်က ပါမောက္ခ Jeremy Spencer က ရှင်းပြပါတယ်။ ကင်ဆာနဲ့ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ပိုလီဖီနော် (polyphenol) ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဘလူးဘယ်ရီသီးတို့  ကိုကိုးသီးတို့ က ဦးနှောက်ပိုင်းဆိုင်ရာကို ကောင်းမွန်စေကြောင်း အောင်မြင်စွာစမ်းသပ်သိရှိပြီးဖြစ်ပါတယ်။
ဒီလိုပဲ ပိုလီဖီနော်ပါဝင်တဲ့ ရှန်ပိန်ကို အသင့်အတင့်သောက်သုံးခြင်းက လူသားတွေရဲ့အသိဥာဏ်၊မှတ်ဥာဏ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်လာနိုင်မှာဖြစ်တယ်ဆိုတာ ခန့် မှန်း သိရှိထားပြီးဖြစ်တယ် လို့ ယခုလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ David Vauzour က ပြောပြပါတယ်။ရှန်ပိန်ကြိုက်သူတွေအတွက်တော့ သောက်ဖို့ အကြောင်းပြချက်ကောင်းကောင်း တစ်ခုရလိုက်တာပါ။ ကဲ ချီးယားစ်။  
Ref: yourtango 
၁၀ မိနစ်အတွင်း အိပ်ပျော်သွားစေမယ့် တရုတ်ရိုးရာ သဘာဝအိပ်ဆေး
အိပ်မပျော်မျက်စိကြောင်ခြင်းဟာ တရုတ်လူမျိုးတွေရဲ့ အရှေ့တိုင်းဆေးဝါးဖြင့် ထိရောက်စွာ ကုသနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီအိပ်မပျော်မျက်စိကြောင်ခြင်းကို ပျောက်ဆုံးသွားစေမယ့်နည်းကြောင့် အိပ်ဆေး ဆေးပြားများပါ မေ့သွားပါလိမ့်မယ်။
တရုတ်ရိုးရာဆေးဝါးတွေဟာ သဘာဝပါဝင်ပစ္စည်းတွေနဲ့ အဓိကပြုလုပ်ထားတာကြောင့် အလွန်အမင်း ထိရောက်ကြပါတယ်။ ဒီအင်မတန် အကျိုးဖြစ်စေတဲ့ ရေနွေးကြမ်းက သဘာဝအိပ်ဆေးအဖြစ်သာမက ခန္ဓာကိုယ် တစ်ခုလုံးပါ ပိုမိုကျန်းမာစေပါတယ်။ အရသာကောင်းမွန်တဲ့ ဒီအရည်ကို ပျားရည်တချို့ထည့်လိုက်ပါက အရသာပိုကောင်းသွားအောင် ဖန်တီးနိုင်ပါတယ်။
လာဗင်ဒါရေမွှေးပွင့်ခြောက်
လတ်ဆတ်တဲ့ လိမ္မောသီးခွံ
ပြင်ဆင်ပုံပြင်ဆင်နည်း
ပါဝင်ပစ္စည်းအားလုံးကို ကြိတ်ချေပြီး ရောသမမွှေပါ။ အိပ်ပျော်စေတဲ့ ဒီရေနွေးကြမ်းဖော်စပ်ဖို့ ပွက်ပွက်ဆူနေတဲ့ ရေနွေးတစ်ခွက်ထဲ ထမင်းစားဇွန်း (၁) တစ်ဇွန်း ခပ်ထည့်ပါ။ လတ်ဆတ်တဲ့ လိမ္မော်သီးခွံ သုံးဖို့အရေးပါတယ်။ လိမ္မော်သီးခွံကို မသုံးခင် အရင်ဆေးကြောသန့်စင်ပါ။ ဒီအရှေ့တိုင်း အိပ်ဆေး တစ်ခွက်စာလေးအတွက် လိမ္မော်သီးခွံသေးလေး တစ်ခုဆိုရင် လုံလောက်ပါတယ်။ ဒါကို မအိပ်ခင် တစ်ခွက်သောက်ပေးရမှာ ဖြစ်ပါတယ်။
Ref:healthyfoodteam
Thursday, November 5, 2015
ဝက်ခြံဖြစ်စေတဲ့ အစားအသောက်များ
 ပုစွန်
ပုဇွန်ဟာ ဝက်ခြံဖြစ်စေတယ်တဲ့။  အစားအစာထဲမှာ ပုစွန်ပါမယ်ဆိုတာ ထင်ထားမိကြမှာ မဟုတ်ပါဘူး။ သိထား သလောက်ကတော့ ခွဲစိတ်ကုသမှုတွေ လုပ်ထားရင်တော့ ပုစွန်စားရင် ခွဲစိတ်ထားတဲ့ အရေပြား မျက်နှာက ယားယံနေတတ်ပါတယ်။
မုတ်ကောင်၊ကမာကောင်
မုတ်ကောင်၊ကမာကောင်တွေကိုစားရတာ ကြိုက်တဲ့သူတွေအတွက်တော့ မုတ်ကောင်တွေကို မစားဖို့ ၊ရှောင်ဖို့ က ခက်ခဲပါတယ်။ ဒီကမာကောင်တွေက မျက်နှာအရေပြားမှာအဖုအပိန့် တွေပေါက်လာအောင်လုပ်တဲ့ အဓိကတရားခံတွေပါပဲ။
ဒေါက်ခွရွက်
အသီးအရွက်တွေက အသားအရေလှပစေပါတယ်။ ဒေါက်ခွရွက်က အားအင်ဖြစ်စေတဲ့ အရွက်တစ်မျိုးပါ။ ဒါပေမယ့် ဒီအရွက်မှာ အိုင်အိုဒင်းဓာတ်တွေ ပါဝင်နေတာကြောင့် အရေးပြားကိုထိခိုက်စေနိုင်ပါတယ်။
ဘေကွန်
ဝက်သားကို ဆားနဲ့ နယ်ပြီး အခြောက်လှန်းထားတဲ့ ဘေကွန်ကို စားသုံးရင် အသားအရေခြောက်သွေ့ စေနိုင်ပါတယ်။
ချိစ်
ဘယ်က ထုတ်တဲ့ ချိစ်မျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအရောင် ချိစ်မျိုးပဲဖြစ်ဖြစ် အဆီဓာတ် အရမ်းပါလို့  အလွန်အကျွံစားသုံးမိရင်လည်း ဝက်ခြံထွက်စေနိုင်ပါတယ်။
 ကဖိန်းဓာတ်ပါသော အချိုရည်
အချိုရည် အေးအေးလေးသောက်လိုက်ရရင် အမောပြေပြီး စိတ်ကို လန်းစေတယ်လို့ ကြော်ငြာတွေမှာ မြင်တွေ့ နေရပါတယ်။ ဒါတွေက ကဖိန်းဓာတ်တွေကြောင့် လူကိုလန်းဆန်းသွားစေတာပါ။ ကဖိန်းဓာတ်က အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်စေတတ်လို့  ကပ်ဖ်ဖိန်းဓာတ်ပါတဲ့ အချိုရည်များများ သောက်မိရင်လည်း ဝက်ခြံထွက်နိုင်ပါတယ်။
အသင့်စားသုံးနိုင်သော အစားအစာများ
စည်သွပ်ဘူးတွေထဲက အစားအစာတွေ ဒါမှမဟုတ် အသင့်စားသုံးလို့ ရတဲ့ ရေခဲရိုက်ထားတဲ့ အစားအစာတွေက စားသုံးရလွယ်ကူပေမယ့် ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ အရေပြားအတွက်လည်းမကောင်းပါဘူး။
 ပေါက်ပေါက်ဆုပ်
အဆီအစိမ့်ဖြစ်တဲ့ ထောပတ်နဲ့  ပြောင်းစေ့တို့ ကိုမီးဖုတ်ထားတဲ့ ပေါက်ပေါက်ဆုပ်ကအပျင်းပြေစားဖို့ အတွက် အရသာလည်းရှိအနံကလည်းမွှေးတော့ လူတွေကို တော်တော်ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့် အသားအရေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။
အာလူးကြော်
ကြွပ်ကြွပ်ရွရွနဲ့ အစာပြေစားလို့ ကောင်းတဲ့ အာလူးကြော်က ဆီပူပူထဲ နှစ်ကြော်ထားလို့  ဝက်ခြံထွက်ဖို့ ကိုတွန်းအားပေးနေသလိုပါပဲ။
Ref:likes.com
Powered by Blogger.
Ads Inside Post