Showing posts with label လူမှု့ဘဝ. Show all posts
Showing posts with label လူမှု့ဘဝ. Show all posts

Friday, November 13, 2015

ပျော်ရွှင်မူတွေ ဆုံးရှုံးသွားရခြင်းမှာ မိမိကြောင့်သာ အဓိက ဖြစ်တယ်

=====================================
ငယ်ငယ်တုန်းကတော့ ပျော်ရွှင်မူ ဆိုတာ အချိန်တိုင်း ရနေပေမယ့် ကြီးလာတဲ့ အခါမှာ ပျော်ရွှင်မူတွေ တဖြည်းဖြည်း ပျောက်ဆုံးလာတယ် ဆိုတာကို သတိပြုမိမှာ ဖြစ်တယ်။ ပျော်ရွှင်မူတွေ ဆုံးရှုံးသွားရတဲ့ အကြောင်းအရင်း များစွာဟာ မိမိဟာ အဓိက ဖြစ်ပါတယ်။

မိမိ၏ ဆိုးသွမ်းမူကြောင့်၊ မိမိ၏ တပါးသူ အပေါ် မရိုးသားမူကြောင့်၊ ပတ်ဝန်းကျင် အပေါ် မကောင်းမြင်မူကြောင့် စတာတွေကြောင့် ပျော်ရွှင်မူတွေ တစ်စတစ်စနဲ့ ကွယ်ပျောက်လာပါတယ်။ မိမိ အရင်က လုပ်သမျှ အရာတွေ အားလုံး နောင်တစ်ချိန် မိမိသာ ခံစားရမှာ ဖြစ်လို့ အရင်က မှားယွင်းမူတွေက ဒီကနေ့ သင့်ရဲ့ စိတ်ကို ဖိစီးမူတွေ များစွာ ပေးနေမှာ ဖြစ်ပါတယ်။

ပျော်ရွှင်ခြင်း မရှိတော့တဲ့ အခါမှာ ဘဝကို ရှင်သန်နေရတာလည်း အဓိပ္ပါယ် မရှိ။ ဒါကြောင့် မနက်ဖြန် ပျော်ရွှင်ဖို့ ဒီကနေ့ မကောင်းမူ လုပ်ခြင်းကို ရှောင်လိုက်ပါ။

Credit' yoyarlay

B သွေး အကြောင်း သိကောင်း စရာ

============================================
B သွေးများဟာ တစ်ယောက်တည်းအေးအေးဆေးဆေး
နေချင်ကြသူများဖြစ် ကြပါတယ်

အားတဲ့အချိန်တိုင်းအခန်းထဲမှာတစ်ယောက်တည်း နေရင်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။

သိပ်မခင်တဲ့သူငယ်ချင်းတွေနဲ့တွေ့ရင်ခပ်တည်တည်နေတတ်ပြီး
အရမ်းခင်တဲ့သူငယ်ချင်းတွေနဲ့တွေ့ရင်တော့နားညဉ်းအောင်ပြောတတ်တာ B သွေးတွေပါ

လူတိုင်းကိုမခင်တတ်လို့မာနကြီးတယ်လို့အထင်ခံရတတ်ပြီးပေါင်းကြည့်မှတကယ်ကိုရိုးသားဖြူစင်ကြတာပါ

မိသားစုထဲမှာပဲ့ဖြစ်ဖြစ်သူငယ်ချင်းအပေါင်းအသင်းကြားထဲမှာဖြစ်ဖြစ်ကိုယ့်ကိုပိုဂရုစိုက် ပိုချစ်တာလိုချင်တတ်ကြပါတယ်.

အလိုလိုက်ခံရရင်လည်းအရမ်းပျော်တတ်ကြပါတယ်အရမ်းခင်တဲ့လူတွေအပေါ်တကယ့်စိတ်ရင်းမပါဘဲချစ်စနိုးနဲ့အနိုင်ကျင့်တတ်သလို

ကိုယ့်ကိုအနိုင်ကျင့်ရင်လည်းအလျော့ပေးတတ်ပါတယ်

ခဏခဏစိတ်ကောက်တတ်ပီးဘယ်သူမှပြန်ချော့စရာမလိုပဲအလိုလိုစိတ်ကောက်ပြေသွားတတ်တာလည်း B သွေးတွေပါပဲ့

ဝမ်းနည်းလွယ်ပီးမျက်ရည်အကျမြန်တတ်ပါတယ် ပျော်စရာကိစ္စတစ်ခုကိုအကြာကြီးမခံစားတတ်ပေမယ့်

ဝမ်းနည်းစရာကိစ္စနဲ့ကြုံလာပါကပြန်တွေးလိုက် စိတ်မကောင်းဖြစ်လိုက်မျက်ရည်ကျလိုက်ဖြစ်နေတတ်ကြပါတယ်

အရမ်းကြိုက်တဲ့သီချင်းတစ်ပုဒ်ကိုပဲ့ထပ်ခါထပ်ခါနားထောင်တတ်တာလည်း B သွေးတွေရဲ့စရိုက်တစ်မျိုးပါ

စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကိုအချိန်ခဏလေးနဲ့တတ်မြောက်ပေမယ်

့စိတ်မ၀င်စားတဲ့အကြောင်းအရာဆိုပါကမည်သို့ပင်အကျိုးရှိစေကာမူလှည့်မကြည့်တတ်ကြပါ

အချစ်ရေးနဲ့ပတ်သက်လာရင်တော့အားနည်းချက်အနည်းငယ်ရှိတတ်ကြပါတယ်

သံသယစိတ်အနည်းငယ်ဝင်တတ်ပီးကိုယ့်ကိုယ်ကိုယ်လည်းမယုံကြည်တတ်ကြပါဘူး

အချစ်ရေးထက်မိသားစုအရေးကိုပိုဦးစားပေးတတ်ကြပါတယ်မိသားစုအတွက်အမြဲကြိုးစားနေပီးစိတ်ချမ်းသာပျော်စေချင်တာ B သွေးတွေပါ

B. သွေးပိုင်ရှင်များရဲ့အကြောင်းတစိတ်တပိုင်း..

B. သွေးပိုင်ရှင်တွေဟာဒေါသထွက်နေတဲ့အချိန်ဆိုရင်မိုးမမြင်
လေမမြင်ပါပဲ..သူတို့စိတ်ထဲမှာရှိတဲ့အတိုင်းလုပ်တတ်ကြတယ်..

အရာဝတ္ထုတခုခုကိုအာရုံရနေရင်ဘေးပတ်ဝန်းကျင်ကိုသတိမထားကြတော့ဘူး..သူတို့လုပ်နေတဲ့အရာကိုပဲအာရုံစိုက်လုပ်နေတတ်ကြတယ်..

လူတယောက်ကိုချစ်မိပြီဆိုရင်လဲအသဲအသန်ပါပဲသူတို့ချစ်မိနေတဲ့သူဘယ်လောက်ပဲဆိုးသွမ်းနေပါစေအဲဒီဆိုးသွမ်းမှူ့တွေကိုမမြင်နိုင်ကြတော့ဘူး..လိမ်ပြောနေတာကိုသိနေရင်တောင်ဖြေပြီးတွေးတတ်ကြတယ်..

လုပ်စရာရှိတာကိုသူတို့အသိဥာဏ်နဲ့စဉ်းစားပြီးသွားလုပ်မဲ့အချိန်မှာတယောက်ယောက်ကကိုယ်သွားလုပ်မဲ့အရာကိုလက်ညှိုးထိုးခိုင်းလိုက်ရင်စိတ်ထဲမှာသိပ်မကျေနပ်ကြဘူးဘုဂလန့်တိုက်ချင်ကြတယ်...

သူတို့စာဖတ်နေတဲ့အချိန် TV ကြည့်နေတဲ့အချိန်တယောက်
ထဲဘာရယ်မဟုတ်ငုတ်ထိုင်စဉ်းစားနေတဲ့အချိန်မှာတယောက်ယောက်ကလှမ်းခေါ်ရင်မကြိုက်ကြဘူး...မဖြစ်မနေပြန်ထူးရမယ်ဆိုရင်ပုံမှန်မဟုတ်တဲ့အသံနဲ့ပြန်ထူးတတ်ကြတယ်...

သူတို့စိတ်ထဲမှာသဘောမကျတဲ့သူတွေဆိုလုံးဝစကားမပြောချင်ကြဘူးမဖြစ်မနေစကားပြောရမယ်ဆိုရင်တောင်ဝတ်ကျေတန်ကျေပဲပြန်ပြောတတ်ကြတယ်...အဲဒီလူနဲ့မပတ်သတ်ချင်တော့ဘူးဆိုရင်ဟန်ဆောင်ပြိးတော့ကိုစကားမပြောချင်ကြတော့တာ.

အရမ်းသွားချင်တဲ့နေရာတွေဆိုရင်တယောက်ထဲဖြစ်နေပါစေရောက်အောင်သွားတတ်ကြတယ်..မသွားချင်တဲ့နေရာဆိုရင်ထမ်းခေါ်ပါ့မယ်လိုက်ခဲ့လို့ပြောရင်တောင်မလိုက်ချင်ကြဘူး....
သူသွားချင်တဲ့နေရာဆိုရင်သွားသင့်လားမသွားသင့်ဘူးလားဆိုတာမစဉ်းစားတော့ဘူးရောက်အောင်ကိုသွားတတ်ကြတယ်....

သူတို့တွေဟာအရမ်းဟန်ဆောင်ကောင်းကြတယ်...သူတို့အရမ်းချစ်တဲ့ခင်တဲ့သူတွေပေါ်မှာပဲဟန်ဆောင်ကောင်းကြတာပါ...
သူတို့မခင်တဲ့သူသံယောဇဉ်မရှိတဲ့သူတွေအပေါ်မှာတော့ဟန်ဆောင်မကောင်းကြပါဘူး...

သူတို့တွေဟာအရမ်းအရယ်သန်ကြတယ်...စိတ်ပျော်ရွှင်နေတဲ့အချိန်မှာဆိုပြုံးရယ်ခြင်းတွေဟာအချိန်တော်တော်ကြာထိရပ်တန့်မသွားကြဘူး...စိတ်မပျော်ရွှင်တဲ့အခါတယောက်ယောက်ကဟာသလာပြောနေပါစေပြုံးရယ်ခြင်းမရှိဘူးတည်ငြိမ်စွာပဲနေတတ်ကြတယ်....

တိုက်ဆိုင်မှူ့ရှိရင်တော့မန့်သွားကြပေါ့...

ဘီသွေးများ

1… သင်ဟာ အရမ်းချော တဲ့အထဲမှာ မပါပေမဲ့ သင်ဟာ လူအများစိတ်ဝင်စားခြင်း ခံရတဲ့ အထဲမှာတော့ အမြဲပါနေတတ်ပါတယ်
တနည်းပြောရ ရင် သင်ဟာ ချစ်စရာကောင်းသော အသွင်တမျိုးကို ပိုင်ဆိုင်ထားးးပါတယ်…

2.…သင်ဟာ မွေးထဲက ပြည့်စုံတဲ့ သူတစ်ယောက်မဟုတ်ပေမဲ့ သင်ဟာ အရမ်း ဆင်းရဲသော သူတစ်ယောက်အဖြစ်ကိုလဲ ဘယ်တော့မှ မရောက်ရှိပါဘူဲးးးး

3… သင်ဟာ ဥာဏ်ရည် မြင့်မားမှု နဲ့ ဖြတ်ထိုးဥာဏ်ကောင်းသော သူတစ်ယောက်ပါ

4…သင့်မှာ ကောင်းမွန်တဲ့ စိတ်ဓာတ် :ကိုယ်ချင်းစာမှု :သူတစ်ပါးအား သနားတတ်သော စိတ်တွေဟာ သစ်ပင်ရဲ့ အမြစ်လို မွေးရာပါ သန္ဓေတည် ခဲ့သော သူတစ်ယောက်ပါ

5…သင်ဟာ အားနာရင်လဲ အရမ်းအားနာတတ်ပေမဲ့ အားမနာမိတော့ရင်လဲ လူတစ်ယောက်ကို ရစရာမရှိတောင် ပြောဆိုတတ်ပါတယ်

6…သင်ဟာ မာန ကြီးသော သူတစ်ယောက်
မဟုတ်တာ ပြောခံရ ရင် သေးသေးတင် မခံနိုင်သော သူတစ်ယောက်ဖြစ်မှန်းး ဝန်ခံ လိုက်ပါ……………

7…သင်ဟာ အချစ်ကြီးသော သူတစ်ယောက်
ချစ်သူအပေါ် သဝန်တိုမှု လွန်ကဲသော သူတစ်ယောက် ဖြစ်မှန်းးလဲ ဝန်ခံလိုက်ပါ

8…ထို သဝန်တို မှု တွေ အချစ်ကြီးမှု တွေကြောင့်ဘဲ သင်ဟာ အချစ်မှာ မအေးချမ်းနိုငိဘဲ ချစ်သူနဲ့ လမ်းခွဲမှု တွေ မကြာခဏ ဖြစ်ပေါ်နေသော သူတစ်ယောက်ပါ

9...Bသွေး အချစ် တည်မြဲချင်ပါသလားး?
လက်ရှိတွဲနေတဲ့ ချစ်သူကို အကန်းတစ်ယောက်လို မျက်စိမှိတ်ပီးး ချစ်လိုက်ပါ။ အရာ၂နားးလည်မှု ပေးးလိုက်ပါ။
တခါတရံ ပေါ်လာတဲ့ မိ၂ရဲ့ မာနတွေကို တံတွေးနဲ့အတူ မြို ချ လိုက်ပါ

ဒါဆို သင်ဟာ ဒီလောကမှာ အချစ်ကံအကောင်းးဆုံးးလူ ဖြစ်လာပါလိမ့်မယ်

10…သင့်ရဲ့ အချစ်ကြီးမှု ဟာ သင့်အတွက် သေဆေး အဆိပ်တစ်ခွက်လို ဖြစ်နေတယ် ဆိုတာ သင် ဒီတစ်သက် လုံးဝလုံးဝ
မမေ့ ပါနဲ့ ………………………………
ထပ်ပြောပါမည်
သင့်ရဲ့ အားနည်းချက်ဟာ…
သင့်ရဲ့
အချစ်ကြီးးမှု ပါဘဲ……………

အလွှာသုံးလွှာ

======================================
အထက်တန်းလွှာမှာအရည်အချင်းရှိတယ်။
မာနမရှိပါ။
အလယ်တန်းလွှာမှာအရည်အချင်းရှိတယ်။
မာနကြီးတယ်။
အောက်တန်းလွှာမှာ အရည်အချင်းမရှိပါ။မာနကျတော့လုံးဝမလျှော့ပါ။

အထက်တန်းလွှာဟာသူတစ်ပါးကပြုဖူးတဲ့ 
ကျေးဇူးတရားကို အမှတ်တရပြောဆိုပြီး
ဘယ်လို ပြန်လည်ပေးဆပ်ရမလဲ
ရှာနေတတ်တယ် ။
အလယ်တန်းလွှာဟာသူတစ်ပါးကပြုဖူးတဲ့ ကျေးဇူးတရားကိုသိတတ်တယ်။မမေ့မလျော့
ပြန်လည်ပြောဆိုတတ်တယ်။
ကြုံ ရင်ပြန်လည် ပေးဆပ်ဖို့ စိတ်ကူး ရှိတယ်။
အောက်တန်းလွှာဟာ သူတစ်ပါးကပြုဖူးတဲ့ 
ကျေးဇူးတရားကို မသိယောင်ဆောင်တတ်တယ်။
ကိုယ့် ကံကြောင့်သူတို့ ကကူညီပေးရတယ်လို့
့မှတ်တယ်။ ကျေ။ဇူးပြုဖူးသူကိုပါ
ပြန်လည်ပြိုင်ဆိုင် ရန်လုပ်တတ်တယ် ။

အထက်တန်းလွှာဟာ
ဥာဏ်ပညာအကြောင်း ဆွေးနွေးကြတယ်။
အလယ်တန်းလွှာဟာ
အလုပ်အကိုင်အကြောင်း ဆွေးနွေးကြတယ်။
အောက်တန်းလွှာဟာ
အတင်းအဖျင်း တွေဆွေးနွေးကြတယ်။

အထက်တန်းလွှာဟာ ပေးဆပ်ကြပါတယ်။
ပြန်လည်ရယူဖို့ မျှော်လင့်မှုမရှိပါ။
အလယ်တန်းလွှာဟာ လဲလှယ်ကြပါတယ်။
စေတနာ ကိုအသိအမှတ်ပြုခံချင်ကြတယ်။
အောက်တန်းလွှာဟာ အမြဲလိုလို
အလကားပဲ ရချင်ကြပါတယ်။
သူများ အကူအညီပဲမျှော်နေတယ်။
ကိုယ်ကပေးဖို့ ဆိုအကြောင်းအမျိုးမျိုးနဲ့
ရှောင်နေတတ်တယ် ..။

အထက်တန်းလွှာဟာ
သူများကိုအမြဲချီးမွမ်းကြတယ်။
အလယ်တန်းလွှာဟာ
သူများကိုသိပ်မခေါ်မပြောဘူး။
အောက်တန်းလွှာဟာ
အထက်ဖားသလောက်
အောက်အရမ်းဖိနှိပ်တယ်။

အထက်တန်းလွှာဟာ ယုံကြည်ချက်ခိုင်မာတယ်။
ဆုံးဖြတ်ချက် ကိုအောင်မြင်အောင်ဖြစ်အောင်
လုပ်တတ်တယ်။
အလယ်တန်းလွှာဟာကိုယ့်ကိုယ်ကိ
ယုံကြည်တယ်။ သူများစကားနားမယောင်
ကိုယ့်ဆုံးဖြတ်ချက်ကိုဆုံးခန်း
တိုင်အောင်လုပ်တယ် ။
အောက်တန်းလွှာဟာ
စိုးရိမ်စိတ်သံသယစိတ်တွေ
ပြည့်နက်နေတတ်တယ်။အပြောင်းအလဲများတယ်။
ဘာကိုမှစွဲစွဲမြဲမြဲမလုပ်ချင်
အကြောင်းပြချက်များစွာနဲ့
ဆင်ခြေပေးနေတတ်တယ်။

အထက်တန်းလွှာဟာရည်မှန်းချက်ကြီးမားတယ် ရဲရဲရင့်ရင့် လက်တွေ့အကောင်အထည်ဖေါ်တယ်။
အလယ်တန်းလွှာဟာ ရည်မှန်းချက် ရှိတယ်ဒါပေမဲ့
စဉ်းစားချင့်ချိန်နေတတ်တယ်။
အောက်တန်းလွှာဟာ ဘာမှ မရှိစိတ်ခံစားချက် နောက်လိုက်နေတတ်တယ်။
သူတို့ ရဲ မရှိတဲ့အရည်အချင်းကိုလူအထင်ကြီး
အောင် အော်နေတတ်ကြတယ်။

*********************************

လောကမှာ အလွှာမတူသူများက ပေါင်းလို့မရပါ။ အလွှာတူသူအချင်းချင်းသာပေါင်းကြ အဆင်ပြေကြပါတယ်.. ကိုယ့်ကိုယ်ကိုမညှာ
တမ်းဝေဖန် ပါ...
အောက်တန်းလွှာများကအထက်အဆင်တွေ့ကို
အမြဲ တိုက်ခိုက် နှောင့်ယှက် နေ တတ်တယ် ။
အမြဲ ရယူဖို့ အကူအညီတောင်းဖို့ ရှာနေတတ်တယ်။ မရရင် အပြစ်ပြောပြီး ရသွားရင် ကျေးဇူးကို
အသိအမှတ်ပြုဖို နေနေသာသာ လှည့်တောင် မကြည့် အခန့်မသင့်ရင် ကျေးဇူးပြုဖူးသူကို
ပခုံးချင်းယှဉ် ပြိုင်ဆိုင် စော်ကား တတ်ကြ လို့  အထက် လွာများက အောက် အဆင့်များ ကို
ရှောင်ချင်ကြပါတယ် ...အောက်ဆုံးအဆင့်က
အချက်တော်တော်များများကတော့ ဘုရားဟော သူယုတ် မာ ရဲ့ စရိုက်လက္ခဏာ နဲ့ တော်တော်
များများ တူနေလို့ မဖြစ်အောင်တော့ရှောင်ကြပါ။
ပြင်ကြပါ လို့ တိုက်တွန်းပါတယ်။

သင်ကော…ဘယ်နှစ်ချက် လောက် ဘယ်အလွှာထဲကလဲ မညှာတမ်း ဆုံးဖြတ်ကြည့်ပါ။
အောက်တန်းလွှာထဲ က အားလုံး ဆိုရင်တော့
ပြုပြင်ပါ လို့ တိုက်တွန်းပါတယ် ဘယ်အရွယ်မဆို အချိန် မှိပါသေးတယ် ... တို့ လဲ ကိုယ့်ကိုကိုယ်
ဆန်းစစ် ပါတယ် .....ကြိုးစားရပါဦးမည် ကိုယ့်ကိုယ် ကို ဘာမှန်း မသိတာထက်စာရင် သိထားတော့ ကြိုးစားလို့ ရတာပေါ့ ကွယ်.... သိရဲ့ သားနဲ့ မပြု ပြင်ရင်တော့ ....
အင်တာနက်မှရသော
(#ထိုင်ဝမ် ဘုန်းကြီးတစ်ပါး၏ ဆုံးမ စကား) ကို
(45 နှစ် ဘ၀ တစ်သတ်တာ အတွေ့ အကြုံများဖြင့် ပေါင်းစပ်ခံစားရေးပါသည်)

Credit>>Yuri Ko
Photo credit to owner.

ဧကရီပြုံးရဲ့ စေတနာစာစုများ

=======================================
"ပြင်းထန်သော လူမှု့ ရေးလက်နက်ကြီး"

အတင်းအဖျင်း ဆိုတာ ပြင်းထန်ထိရောက်တဲ့ လူမှု့ ရေးလက်နက်ကြီး တခုပါ။ အတင်းအဖျင်း ပြောခံရသူမှာ စိတ်ထိခိုက် စီတ်ဖိစီးမှု့ နဲ့ စိတ်မတည်ငြိမ်မှု့တွေ ဖြစ်ရတယ်။ သုသေသန အရ အတင်းပြောတဲ့ရာခိုင်နှုန်းမှာ အမျိုးသမီး ၆၇% အမျိုးသား ၅၅%။ 

လူလူချင်း ဆုံတဲ့အခါ သူငယ်ချင်းတွေ ဆုံတဲ့အခါ...အပြင်မှာ အလုပ်မှာ ဟိုအကြောင်း ဒီအကြောင်းပြော သူများအကြောင်းပြော ဆိုတာဖြစ်တတ်တယ်။ တချို့ကလည်း သူများရဲ့အတွင်းရေး ကိုယ်ရေးကိုယ်တာ ကို ပြောရ ဝါသနာပါတယ်။ တချို့ကလည်း နားထောင်ရတာ ဝါသနာပါတယ်။

***အတင်းအဖျင်း ဆိုတာ ဘာလည်း။ ***
တဖက်သားရဲ့ လှို့ဝှက်ချက်၊ ယုံကြည်မှု့၊ ကို အလွဲသုံးစား ဖောက်ဖျက်ပြီး ထိပါးနစ်နာ စေတဲ့ အကြောင်း အချက်ကို သူများနဲ့ ဝေမျပြောဆိုတာ။ ကိုယ်ပိုင်အမြင်နဲ့ တဖက်သတ် ပြောဆို ဖြန့်ချီတာပါ။ သတင်းလွှင့်တာ။ စကားနဲ့ စာပေနဲ့ အင်တာနက် ဆိုရှယ်မီဒီယာ အားလုံး အကျုံးဝင်ပါတယ်။

***အတင်းပြောသူ ဘယ်လိုလူလည်း။***
သုသေသန တွေမှာ တွေ့ရှိတာကတော့ အတင်းအဖျင်း ပြောသူတွေမှာ စိုးရမ်ပူပန်စိတ် anxiety မြင့်မားတယ်။ သူတို့မှာ ခင်မင်နှစ်သက်သူ နဲ့ ယုံကြည်မှု့ နည်းပါးသူတွေလည်းဖြစ်တတ်တယ်

***ဘာကြောင့် အတင်းပြောကြသလည်း။***
စိတ်ပညာရှင် ဒေါက်တာ အယ်လီစင် ပေါလ်ဆန် ကဆိုတယ်။
...ကိုယ့်ကိုယ်ကို မကြေနပ်တဲ့သူများဟာ သူများအကြောင်း အဆိုးဖက်က ပြောတဲ့အခါ ယာယီကြေနပ်မှု့ ကိုပေးတယ်။ ကိုယ့်ကိုယ်ကို အထက်စီးရတယ်ခို့ ခံစားရတယ်။
...တချို့ကလည်း ပျင်းစရာအလွန်ကောင်းတဲ့ သူတို့ရဲ့ ဘဝမှာ ဗဟုသုတတိုးစရာ စိတ်ဝင်စားစရာ အတွေးအကြံတွေ မရှိလို့ပါ။
...တဖက်သားရဲ့ အရည်အသွေးကောင်း၊ အောင်မြင်မှု၊ ပြည့်စုံတဲ့ဘဝ ကို ကြည့်မရလို့။
...သူများရဲ့ အတွင်းရေး လှို့ဝှက်ချက် ကို ပြောနေတဲ့ အုပ်စုထဲပါလိုက်ရလို့ အဖွဲ့ ဝင်ဖြစ်ရတာ ကြေနပ်လို့။
...အတင်းပြောတဲ့အခါ လူတွေရဲ့ စိတ်ဝင်စားမှု့ကိုရလာတယ်။
...ဒေါသ ဖြစ်လို့။ မပျော်ရွှင်လို့။

*** အတင်းပြောတိုင်း မှားသလား။ ***
လူ့သဘာဝအရ လူတွေနဲ့ လူ့အဖွဲ့အစည်းအကြောင်း စပ်စပ်စုစု ရှိတတ်တယ်။ ကိုယ်ရေးမှတ်တမ်း စာအုပ် တွေ အောင်မြင်နေတာမျိုးပေါ့။ ဒါပေမဲ့...ကမ္ဘာ ကျော်တဲ့ ကိုယ်ရေးမှတ်တမ်းက တော့ လူတယောက်ရဲ့ နက်နဲရှုတ်ထွေးတဲ့ ဘဝ အတွေ့အကြုံ နဲ့ စိတ်ပိုင်းဆိုင်ရာကို ထင်ရှားစွာဖေါ်ပြတယ်။ တဖက်သတ် အမြင်နဲ့ သုံးသတ်တာမျိုးမဟုတ်ဘူး။

ဒါကြောင့် အတင်းပြောသူတွေရဲ့စကားလို့ မေးခွန်းထုတ်ပါ။ သုံးသတ်ပါ။
ရည်ရွယ်ချက်က ဘာလည်း။ တဖက်သားရဲ့ဘဝကို ပြုပြင်တိုးတက်စေဖို့လား။ ဒါမှမဟုတ် သက်သက် ပါးစပ် အရသာခံပြီး အတင်းချ အပုပ်ချ နေတာလား။

***အတင်းဘယ်လိုရှောင်ရှားမလည်း။ ***
ပညာရှင်တွေက အကြံပေးတယ်။
အတင်းလာပြောတဲ့အခါ အလွန်အရေးကြီးတာက သိပ်သိချင်တယ်။ သဘောတူတယ် ဆိုတဲ့ အမူအရာ မဖြစ်သင့်ဘူး။
...ရိုးရိုးလေး အကြောင်းအရာ ပြောင်းပြောကြည့်ပါ။ မရခဲ့ရင်...မေးလိုက်ပါ။
..."သူ့မအကြောင်း အခုတလောသိပ်ပြောတာ ဘာကြောင့်လည်း။"
..."သူမဖက်ကလည်း စဉ်းသားကြည့်ရအောင်။"
..."သူများ အကြောင်းပြောတာထက် ဘယ်လိုကူညီရင်ရမလဲဆိုတာကို ကျမက ပိုစိတ်ဝင်စားတယ်။"

အကျဉ်းချုပ်ပြောရရင် အတင်းပြောခြင်းဟာ ကိုယ့်ကိုယ်ကို လုံခြုံမှု့နည်းပါးသူ စိတ်ကောင်းမရှိသူလို့ ပြသရာ ရောက်တယ်။ တဖြည်းဖြည်း အများကလည်း သိလက်ခံလာပြီး ရှောင်ရှားလာမှာပဲ။ အတင်းပြောတဲ့သူ ကြုံတိုင်း တွေးမိတယ်။ ကိုယ့်အကြောင်းလည်း ကွယ်ရာမှာ ပြောမှာပဲလို့။

အတင်းအဖျင်းဆိုတာ ပြင်းထန်ထိရောက်တဲ့ လူမှု့ရေး လက်နက်ကြီးမို့ လူတယောက် အကြောင်း အကောင်းပြောစရာ မရှိရင်လည်း နှုတ်ဆိတ် နေတာကောင်းပါတယ်လို့ ယုံကြည်မိပါတော့တယ်။

ဧကရီပြုံး

တံငါသည် နဲ့ သူဋ္ဌေးကြီး တို့ရဲ့ ပုံပြင်

==========================
တခါ တုန်းက တံငါရွာလေး တစ်ရွာရဲ့ သဲသောင်ပြင်မှာပေါ့ ....

တံငါသည် တစ်ယောက်ဟာ သောင်ပြင်ပေါ်မှာ ခြေပစ် လက်ပစ် ဇိမ်ကျကျလေး အနားယူ နေလေရဲ့ ....

ဆေးပေါ့လိပ်လေး ဖွာ လိုက် ကောင်းကင်ကြီးကို မော့ကြည့်ရင်း
တေးသွား တစ်ချို့ ငြီးလိုက် နဲ့ပေါ့ ...

အဲ့ဒီ အချိန်မှာပဲအပန်းဖြေ ခရီးထွက်လာတဲ့ သူဋ္ဌေးကြီး တစ်ယောက် ဟာ
သောင်ပြင် တလျှောက် လျှောက်လာလေရဲ့ ...

လာရင်းနဲ့ သူဋ္ဌေးကြီးက တံငါသည်ကို တွေ့တဲ့ အခါ စကားစမြည်ပြောဖို့ အနားကို လျှောက်လာပြီးစကား စ လိုက်တယ် ...

သူဋ္ဌေးကြီး ။ မောင်ရင် ဒီမှာ ဘာလုပ် နေတာတုန်းကွ ...

တံငါသည် က သူ ဇိမ်ကျနေတာကို နှောက် ယှက်ရန်ကော ဆိုတဲ့
မျက်နာပေး မျိုးနဲ့ သူဋ္ဌေးကြီးကို ကြည့်ရင်း ဖြေတယ် ...

တံငါသည် ။ မြင်တဲ့ အတိုင်းပဲလေ သူဋ္ဌေးမင်းရယ်
သောင်ပြင်မှာ အိပ်နေတာလေ

သူဋ္ဌေးကြီး ။ ဟ မောင်ရင်က ဒီ အချိန်မှာ အနားယူနေပြီလားကွ
အလုပ် ဆက် မလုပ်တော့ ဘူးလား

တံငါသည် ။ ဟောဗျာ မနက်က လုပ်ပြီးပြီလေဗျာ နေ့ဖို့ ညစာ ရပြီးပြီ
တော်ပြီပေါ့ ...

သူဋ္ဌေးကြီး ။ မဟုတ်သေးဘူးလေ မောင်ရင်ရယ် ဒီ အချိန်မှာ နားမနေဘဲ
အလုပ် ဆက်လုပ်နေမယ်ဆိုရင် မောင်ရင် ငါးတွေ အများကြီး ရမှာပေါ့ ...

တံငါသည် ။ ဟာဗျာ ငါးတွေ အများကြီးရတော့ ဘာလုပ်ရမှာလဲ
အခုလဲ စား လောက် နေတာပဲ...

သူဋ္ဌေးကြီး ။ ဟ ငါးတွေ အများကြီးရတော့ ဈေးမှာ သွားရောင်း
ပိုက်ဆံတွေ အများကြီး ရတာပေါ့ကွ ...

တံငါသည် ။ ကဲ ဗျာ အဲ့ပိုက်ဆံတွေ အများကြီး ရလာတော့ ဘာလုပ်ရမှာလဲ

သူဋ္ဌေးကြီး ။ ဟ ပိုက်ဆံတွေအများကြီး ရလာတော့
ငါ့လို စက်လှေ ဝယ်ပြီး လူငှားနဲ့ ဖမ်းခိုင်းပေါ့ကွ ...
ပြီးရင် ရတဲ့ ပိုက်ဆံနဲ့ စက်လှေတွေ ထပ် ထပ်ဝယ်.... လူတွေ ထပ်ထပ်ငှား..
ပိုက်ဆံတွေ ရပြီးရင်း ရ .. ဝင်လာ မစဲ တ သဲသဲ ပေါ့ကွာ...

တံငါသည် ။ ဟုတ်ပါပြီ အဲလို ဝင်လာမစဲ တ သဲသဲ တော့ ဘာဖြစ်တုန်း...

ဒီ တစ်ခါတော့ သူဋ္ဌေးကြီးက စိတ်မရှည်တော့တဲ့ လေသံနဲ့

သူဋ္ဌေးကြီး ။ ဟ... ကိုယ်တိုင် အလုပ် မလုပ်ဘဲ ပိုက်ဆံ ကို ပြန် အလုပ် လုပ်ခိုင်းနိုင်မှတော့ မင်း ငါ့လို ဇိမ် နဲ့ နေနိုင်ပြီ ...
အလုပ် မလုပ်ပဲ နေနိုင်ပြီပေါ့ကွ... ငတုံး ရ ... မင်း က လည်း ဝေး ပ ....

တံငါသည်က သူဋ္ဌေးကြီးကို အ ရန် ကော ဆိုတဲ့ မျက်နှာပေးမျိုး နဲ့ စောင်း ငဲ့ ကြည့်တယ် ပြီး တော့ ဒီလို ပြောပါလေရော ...

တံငါသည် ။ ဟ ကျုပ်က မဝေးဘူးဗျ.. ခင်ဗျားကမှ ဝေး တာ ...
အခုရော ကျုပ်က ဘာလုပ်နေတယ် ထင်တုန်း.. သောင်ပြင်မှာ အလုပ် မလုပ်ဘဲ ဇိမ်ကျကျနဲ့ နှပ်နေတာလေ...

ခင်ဗျားကမှ ခင်ဗျား စက်လှေတွေ ရန်သူမျိုးငါးပါး ဖျက်ဆီးမလား... အလုပ်သမားတွေများ မဟုတ်တာ လုပ်မလား... ဆိုတာတွေ စိတ်ပူရင် ပူရမယ်... ကျုပ်က အေးဆေးပဲဗျ... ဘာမှ အပူ အပင် မရှိဘူး...
အခု ခင်ဗျား နားနေနိုင်တာထက်တောင် ကျုပ်က နားနေနိုင်သေးတယ် ...
ခင်ဗျား မြင်တဲ့ အတိုင်းပဲ မဟုတ်လား ...

စကား အဆုံးမှာတော့ ....
သူဋ္ဌေးကြီး တစ်ယောက် တံငါသည် ကို ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အ သွားလေရဲ့ ...

Credit to Original Writer

ဘဝတည်ဆောက်ရေး အတွက် အောင်မြင်ရေး လမ်းကြောင်း

======================================
လောကလူသားတိုင်း မွေးရာပါစိတ်ဓာတ်တွင် လောကကို တည်ဆောက်လိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ မိမိကိုယ်ပိုင် အတွေးအခေါ်များကို ထုတ်ဖော် ပြောပြလိုစိတ်နှင့် မိမိဘဝ ရပ်တည်မှုအတွက် ဥစ္စာဓနတို့ကို လိုအပ်သည်ထက် ပိုမိုရယူစိတ်တို့ ပါဝင်သည်။ထို့အပြင် လူတစ်ဦးချင်းစီတွင် ရှိသော ကြောက်ရွံ့မှု အင်္ဂါရပ်များရှိကြရာ ဆင်းရဲရမည်ကို ကြောက်ရွံ့မှု၊ ဝေဖန်ပြစ်တင်ခံရမည်ကို ကြောက်ရွံ့မှု၊ ချစ်ခင်မှုဆုံးရှုံးရမည်ကို ကြောက်ရွံ့မှု၊ အသက်ကြီးရင့်ရမည်ကို ကြောက်ရွံ့မှု၊ လွတ်လပ်ခြင်း ဆုံးရှုံးရမည်ကို ကြောက်ရွံ့မှုနှင့် သေဆုံးရ မည်ကို ကြောက်ရွံ့မှုတို့ဖြစ်ကြောင်း ပညာရှင်များကပြောကြားထားသည်
မွေးရာပါစိတ်ဓာတ်များကို ဖြည့်ဆည်းပေးရန် အားထုတ်ရမည့်အဓိကအချက်များမှာ တိကျခိုင်မာသော ရည်မှန်းချက်ရှိရမည်၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယရှိရမည်၊ စိတ်ဓာတ်ခိုင်မာရမည်၊ လုံလောက်သော ဉာဏ်ပညာရှိရမည်ဟု ညွှန်ပြထားကြသည်။

တိကျခိုင်မာသော ရည်မှန်းချက်မရှိဘဲ ဘဝတစ်လျှောက်လုံးတွင် အစီအစဉ်မဲ့ မျောပါနေသော အလေ့အထရှိခြင်းသည် အောင်မြင်ရေး လမ်းကြောင်းအတွက် အဟန့်အတားဖြစ်ကာ အကျိုးယုတ်စေသော အကြောင်းတရားများဆီသို့ လုံးဝဦးတည်သွားမည်ဖြစ်သည်။

မိမိအလုပ်တာဝန်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်၍ ကြိုတင်ပြင်ဆင်မှု မရှိပါကလည်း အောင်မြင်မှုရရှိမည် မဟုတ်ပေ။ မိမိအင်အားနှင့် အချိန်တို့ကို အလဟဿဖြစ်စေမည့် ကိစ္စရပ်တို့ဖြင့် ကုန်လွန်စေခြင်းမျိုးကို ရှောင်ကြဉ်၍ အင်အားနှင့်အချိန်တို့ကို မိမိရည်မှန်းချက် အောင်မြင်ရေးအတွက် အကျိုးရှိစွာ အသုံးချတတ်သောစိတ် မွေးမြူထားကြရန်လိုသည်။

မိမိအောင်မြင်ရေး လမ်းကြောင်း ရွေးချယ်ရာတွင်လည်းကောင်း၊ လုပ်ငန်းစဉ်များ ချမှတ်ဖော်ဆောင်ရာတွင် လည်းကောင်း ဉာဏ်ရှိရမည်။
ပညာဆိုရာ၌ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှန်အမှားတို့ကို ခွဲခြားသိမြင်တတ်သော အသိဉာဏ်ဖြစ်သည်။ ဉာဏ်စွမ်းဖြင့် မိမိကိုယ်မိမိသော် လည်းကောင်း၊ မိမိဆွေမျိုး မိတ်သင်္ဂဟများအပေါ်တွင်သော် လည်းကောင်း၊ မိမိကိုးကွယ်သည့် ဘာသာတရားအပေါ်တွင်သော် လည်းကောင်း ယုံကြည်မှု တည်ဆောက်နိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ မိမိအတွက် ရသင့်ရထိုက်သည့် အကြောင်းတရားကို အခြေခံ မစဉ်းစားသည့်အပြင် ကြိုးပမ်းအားထုတ်မှုမရှိဘဲ အခွင့်အရေးကို အစဉ်တစိုက် လိုချင်မက်မောလွန်းခြင်း၊ သစ္စာတရားထားရှိရန် လိုအပ်သောနေရာတွင် သစ္စာမဲ့ခြင်းတို့သည် ဘဝအောင်မြင်ရေး လမ်းကြောင်းကို သွေဖည်သွားစေမည့် အကြောင်းတရားများဖြစ်ကြောင်း သိရှိနားလည်ထားရပေမည်။

ထို့ကြောင့် လူတို့၏ မွေးရာပါစိတ်ဓာတ်ကို ဖြည့်ဆည်းပေးရန် အားထုတ်ရမည့်အချက်များနှင့် ပြည့်စုံအောင်ကြိုးစားကြပါက ဘဝတည်ဆောက်ရာတွင် အောင်မြင်ရေး လမ်းကြောင်း ဖြောင့်ဖြူးနိုင်မည့်အပြင် လူတစ်ဦးချင်းစီတွင် ရှိတတ်သော ကြောက်ရွံ့မှုများကိုလည်း ပြေပျောက်စေနိုင်မည်ဖြစ်သည်။ ခြွင်းချက်အနေဖြင့် အိုခြင်း၊ နာခြင်းနှင့်သေခြင်းတရားတို့သည် ဆုတောင်း၍ မရသကဲ့သို့ ရှောင်လွှဲ၍ မရနိုင်သည်ကိုကား တရားဓမ္မနှင့်အညီသာ ရှိနိုင်မည်ဖြစ်ပေသည်။ ။

သစ်ပင် ၅၀၀ ကို စိုက်ခဲ့သူ ဆိုက်ကားသမားကြီး ဦးငွေ

===============================
ဦးငွေကတော့ အခု မရှိတော့ပါဘူး။ ဦးငွေဟာ ၁၂၆၇ ခုနှစ်ဖွား မန္တလေးသား တစ်ယောက် ဖြစ်ပါတယ်။ ဦးငွေဟာ သမီး ၇ ယောက်နဲ့ ဆိုက်ကားနင်းစားရတဲ့ လူဆင်းရဲ တစ်ယောက် ဖြစ်တယ်လို့ လူထုစိန်ဝင်းရဲ့လူငယ်နဲ့ တာဝန်ယူစိတ် စာအုပ်မှာ ဖော်ပြထားပါတယ်။

သူဟာ သစ်ပင်တွေကို ပျိုးတယ်၊ သူ ကြိုက်ရာ နေရာတွေမှာ မြေကိုတူးတယ်၊ ပြီးတော့ အပင်တွေကို စိုက်ခဲ့တယ် ဆိုပါတော့။ အရိပ်ရ အပင်တွေ ဖြစ်တဲ့ ညောင်ပင်၊ ကုက္ကိုလ်ပင်၊ စိန်ပန်းပင်၊ အားလုံးပေါင်း အပင် ၅၀၀ ကျော်ရှိတယ်။ သူ့အပင်တွေကို အေလမ်း တစ်လျှောက်၊ ရွှေကျီးမြင့် ဘုရားပေါက်၊ ကျုံဘေး၊ ရွှေတစ်ချောင်းဘေး နေရာ အတော်များများမှာ ခုအထိ တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။

သစ်ပင်စိုက်ဖို့ ဦးငွေကို ဘယ်သူမှ တိုက်တွန်းခဲ့တာ မဟုတ်ပါဘူး။ သူ့စေတနာနဲ့သူ စိုက်ခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ မနက် ၃ နာရီခွဲ ၄ နာရီဆိုရင် အိပ်ရာထတယ် ပြီးတော့ ကြိုးနဲ့ ရေပုံး၊ တူရွင်း၊ ပေါက်ပြား တောင်းတစ်လုံးနဲ့ အိမ်က ထွက်ပြီး သူ့စိုက်ထားတဲ့ အပင်တွေကို ရေလောင်းတယ်လို့ သိရပါတယ်။ အခုဆိုရင် နှစ်တွေ အတော်ကြာပြီ ဖြစ်လို့ ဦးငွေ စိုက်ခဲ့တဲ့ အပင်တွေဆိုရင် အရိပ်တွေလည်း ရပြီး အခက်တွေဝေ ဧရာမ အပင်ကြီးတွေ ဖြစ်လို့နေပါပြီ။

အသက် ၇၀ ကျော်သည်အထိ ဦးငွေဟာ သူ့အပင်တွေကို ရေလောင်းတုန်း၊ သစ်ပင်စိုက်ရုံတင် မဟုတ်ဘူး ခုတ်သင့်တဲ့ အကိုင်း အခက်တွေကို ခုတ်တယ်၊ ပယ်သင့်တဲ့ အကိုင်းတွေကို ပယ်တယ်၊ ပြုပြင်ရေး လုပ်မယ့်နေ့ ဆိုရင် သူ့ဆိုက်ကားလေးပေါ်သို့ လှေကား တစ်စင်း ယူလာခဲ့တယ်လို့ သိရပါတယ်။ လူတွေ အရိပ်အာဝါသ ခိုနားလို့ ရရန် အတွက် သစ်ပင်ကြီးတွေ အောက်မှာ ထိုင်ခုံလေးတွေလည်း လုပ်ပြီးလှူခဲ့ပါတယ်။

"လူ့လောကကို တာဝန်ကျေပွန်သူ အပေါမှာ လူ့လောက ကလည်း တာဝန်ကျေပါတယ်။ လူသားတို့ရဲ့အကျိုး သည်ပိုးသူမှာ ဘာသာ အယူဝါဒ ကွဲပြားစိတ် မရှိတော့ပါဘူး။ လူမျိုး၊ ဘာသာ ဆိုတာတွေရဲ့ ကန့်သတ်ချက် နယ်နမိတ်ကို ကျော်လွန်သွားခဲ့ပါပြီ"

လူထု စိန်ဝင်းရဲ့လူငယ်နဲ့ တာဝန်ယူစိတ် စာအုပ်မှာ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။

Credit' yoyarlay

ဒီလိုအချိန်မျိုးမှာ ကလေးကို မဆုံးမပါနဲ့

========================================
မိဘများဟာ ကလေးကို ပေါက်မြောက်စေချင်လွန်းတော့ နည်းမျိုးစုံနဲ့ သွန်သင်တာမျိုး၊ ဆိုဆုံးမတာမျိုး ပြုလုပ်တတ်ပါတယ်။ ဒါပေမဲ့ အောက်ပါ အချိန်အခါနဲ့ အခြေအနေ ကို ရှောင်ရှားတတ်ဖို့လိုပါတယ်။

၁။ သတိရမှ သွန်သင်ဆုံးမ တာမျိုး

ကလေးကို သွန်သင်တယ်။ လမ်းညွန်တယ်။ ဆိုဆုံးမတယ်ဆိုတာ စိတ်ရှည်ရှည်နဲ့ ရေ ရှည်ပြုလုပ်ရမဲ့ ၀တ္တရားတစ်ခုပါ။ မိဘများ အလုပ်ရူပ်တယ်ဆိုပြီးတော့မှ သတိရခါမှ ကောက်ကာငင်ကာ ဆုံး မလိုက်တာမျိုး မလုပ်သင့်ပါဘူး။ အဲလိုပြုလုပ်လိုက်ရင် ကလေးရဲ့ နုနယ်တဲ့စိတ်ထဲမှာ အူတူတူနဲ့ အနာတရ ရသွားတတ်ပါတယ်။

၂။ စိတ်ဆိုးမှ သွန်သင်ဆုံးမတာမျိုး

ဘယ်သူပဲဖြစ်ဖြစ် စိတ်ဆိုးတဲ့အခါ၊ ဒေါသထွက်တဲ့ အခါကျရင် သွေးပူနေတတ်ပါတယ်။ သွေးပူ ခေါင်းပူနေတဲ့ အချိန်မှာ တစ်ခုခု ကို ပြောချင်ရင်တောင်မှ ကိုယ့်စိတ်ကို ခဏ ထိန်းသိမ်းပြီး စိတ်ပြေသွားမှ ပြောဆိုသင့်ပါတယ်။ တစ်ခါတစ်လေမှာ ကလေးမှားတာက ဘာမ မပြောပ စလောက်လေး၊ ကိုယ်ဘ၀င်မကျတာက များများ၊ အဲလိုအချိန်မျိုးမှာ ကိုယ်က စိတ်ဆိုးနေတတ်ပြီး ဆိုဆုံးမ လိုက်ရင် ဆိုးကျိုးဘက်ကို ဦးတည်သွားစေတတ်ပါတယ်။

၃။ လူရှေ့သူရှေ့ မှာ ကလေးကို ဆိုဆုံးမတာမျိုး

ကလေး ဘယ်လောက်ပဲမှားနေမှားနေ၊ ကလေးကို အိမ်ခေါ်ပါ။ အိမ်ရောက်မှ အကြောင်းအရာကို သေသေချာချာ မေးမြန်းပြီး ဆိုဆုံးမစရာ ရှိက ဆုံးမပါ။ လူရှေ့ သူရှေ့မှာ ဆိုဆုံးမ မိရင် ကလေးရဲ့ အတွင်းစိတ်ကို အလွန်ထိခိုက်တတ်ပြီး ကလေးရဲ့ ရှေ့ရေး ကို ထိခိုက်နိုင်တဲ့ အထိဖြစ်တတ်ပါတယ်။

၎။ ကလေးနဲ့ တစ်ခုခု ဆွေးနွေး နေတဲ့ အခါမျိုးမှာ ဆိုဆုံးမတာမျိုး

မိသားစု စကားလက်ဆုံ ကျတဲ့ အခါမျိုးမှာ တစ်ခုခု တိုင်ပင်ဆွေးနွေးနေတဲ့ အခါ အကြောင်းအရာ တစ်ခုခု နဲ့ ပတ်သက်လို့ မိဘက အလိုမကျခဲ့ရင် ကောက်ကာငင်ကာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။ အဲလိုလုပ်ရင် ကလေးက ကိုယ့်ကို ဘာမှ ပြန်မပြောပြတော့ဘူး၊ နောင်တစ်ခါ ကိုယ်နဲ့ လည်းဘာမှ မဆွေးနွေးတော့ဘူး။

၅။ ထ္မင်း စားချိန်၊ အိပ်ရာဝင်ခါနီးချိန်မှာ ဆိုဆုံးမတာမျိုး

ထ္မင်းလက်ဆုံ စားတဲ့အချိန်ဆိုတာ မိသားစု အတွက် အလွန်ကြည်နူးစရာ ကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ ပျော်ရွှင်မူကို ခံစားသင့်တဲ့ အချိန်အခါ၊ ကျေးဇူးတင်သင့်တဲ့ အချိန်အခါ၊ မိသားစုအတွင်း စကားလက်ဆုံ ကျပြီး အတွေးအခေါ် ဖလှယ်နှီးနောတဲ့ အချိန်အခါ ကောင်းဖြစ်သင့်ပါတယ်။ အဲဒီ အချိန်မှာ တစ်ခုခု ကို သတိရလိုက်လို့ ဆိုဆုံးမလိုက်ရင် မိသားစု ၀င်များအားလုံးရင် ခံစားမူ ကို ပြောင်းလည်းသွားစေပါတယ်။ ညအိပ်ရာ ၀င်ခါနီးရင်လည်း ကလေးများ ကောင်းကောင်းမွန်မွန် နားနေစေဖို့ အဲဒီအချိန်မှာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။

၆။ အပြစ် နှစ်ခု သုံးခုကို စုပုံ ပြီး တပြိုင်တည်း ဆိုဆုံးမတာမျိုး

အပြစ်သုံးလေးခု ကိုစုပုံပြီး တစ်ပြိုင်တည်း ဆိုဆုံးမတာမျိုးဟာ လုံးဝမထိရောက်တတ်ပါဘူး။ ကလေးဟာ ဘယ်ဟာကို ဦးစားပေး ပြုပြင်ရမယ်ဆိုတာကို ဦးတည်ချက်ပျောက်ဆုံးနေတတ်ပါတယ်။ မိဘများအနေနဲ့ မိမိကလေးကို သိပ်ပြီးဂရုမစိုက်ရာလည်းရောက်ပါတယ်။ ဂရုတစ်စိုက် ရှိခဲ့ရင် အပြစ်သေးသေးလေးကတည်းက တွေ့ရှိရမဲ့ ကိစ္စကို သုံးလေးခု ကျမှ တစ်ပြိုင်းထဲ ဆိုဆုံးမတာကိုက သဘာဝ သိပ်မကျလှပါဘူး။

Credit;Sya Aung Ko Latt
Powered by Blogger.

Ads Inside Post