Friday, November 13, 2015

ဧကရီပြုံးရဲ့ စေတနာစာစုများ

9:06 AM

=======================================
"ပြင်းထန်သော လူမှု့ ရေးလက်နက်ကြီး"

အတင်းအဖျင်း ဆိုတာ ပြင်းထန်ထိရောက်တဲ့ လူမှု့ ရေးလက်နက်ကြီး တခုပါ။ အတင်းအဖျင်း ပြောခံရသူမှာ စိတ်ထိခိုက် စီတ်ဖိစီးမှု့ နဲ့ စိတ်မတည်ငြိမ်မှု့တွေ ဖြစ်ရတယ်။ သုသေသန အရ အတင်းပြောတဲ့ရာခိုင်နှုန်းမှာ အမျိုးသမီး ၆၇% အမျိုးသား ၅၅%။ 

လူလူချင်း ဆုံတဲ့အခါ သူငယ်ချင်းတွေ ဆုံတဲ့အခါ...အပြင်မှာ အလုပ်မှာ ဟိုအကြောင်း ဒီအကြောင်းပြော သူများအကြောင်းပြော ဆိုတာဖြစ်တတ်တယ်။ တချို့ကလည်း သူများရဲ့အတွင်းရေး ကိုယ်ရေးကိုယ်တာ ကို ပြောရ ဝါသနာပါတယ်။ တချို့ကလည်း နားထောင်ရတာ ဝါသနာပါတယ်။

***အတင်းအဖျင်း ဆိုတာ ဘာလည်း။ ***
တဖက်သားရဲ့ လှို့ဝှက်ချက်၊ ယုံကြည်မှု့၊ ကို အလွဲသုံးစား ဖောက်ဖျက်ပြီး ထိပါးနစ်နာ စေတဲ့ အကြောင်း အချက်ကို သူများနဲ့ ဝေမျပြောဆိုတာ။ ကိုယ်ပိုင်အမြင်နဲ့ တဖက်သတ် ပြောဆို ဖြန့်ချီတာပါ။ သတင်းလွှင့်တာ။ စကားနဲ့ စာပေနဲ့ အင်တာနက် ဆိုရှယ်မီဒီယာ အားလုံး အကျုံးဝင်ပါတယ်။

***အတင်းပြောသူ ဘယ်လိုလူလည်း။***
သုသေသန တွေမှာ တွေ့ရှိတာကတော့ အတင်းအဖျင်း ပြောသူတွေမှာ စိုးရမ်ပူပန်စိတ် anxiety မြင့်မားတယ်။ သူတို့မှာ ခင်မင်နှစ်သက်သူ နဲ့ ယုံကြည်မှု့ နည်းပါးသူတွေလည်းဖြစ်တတ်တယ်

***ဘာကြောင့် အတင်းပြောကြသလည်း။***
စိတ်ပညာရှင် ဒေါက်တာ အယ်လီစင် ပေါလ်ဆန် ကဆိုတယ်။
...ကိုယ့်ကိုယ်ကို မကြေနပ်တဲ့သူများဟာ သူများအကြောင်း အဆိုးဖက်က ပြောတဲ့အခါ ယာယီကြေနပ်မှု့ ကိုပေးတယ်။ ကိုယ့်ကိုယ်ကို အထက်စီးရတယ်ခို့ ခံစားရတယ်။
...တချို့ကလည်း ပျင်းစရာအလွန်ကောင်းတဲ့ သူတို့ရဲ့ ဘဝမှာ ဗဟုသုတတိုးစရာ စိတ်ဝင်စားစရာ အတွေးအကြံတွေ မရှိလို့ပါ။
...တဖက်သားရဲ့ အရည်အသွေးကောင်း၊ အောင်မြင်မှု၊ ပြည့်စုံတဲ့ဘဝ ကို ကြည့်မရလို့။
...သူများရဲ့ အတွင်းရေး လှို့ဝှက်ချက် ကို ပြောနေတဲ့ အုပ်စုထဲပါလိုက်ရလို့ အဖွဲ့ ဝင်ဖြစ်ရတာ ကြေနပ်လို့။
...အတင်းပြောတဲ့အခါ လူတွေရဲ့ စိတ်ဝင်စားမှု့ကိုရလာတယ်။
...ဒေါသ ဖြစ်လို့။ မပျော်ရွှင်လို့။

*** အတင်းပြောတိုင်း မှားသလား။ ***
လူ့သဘာဝအရ လူတွေနဲ့ လူ့အဖွဲ့အစည်းအကြောင်း စပ်စပ်စုစု ရှိတတ်တယ်။ ကိုယ်ရေးမှတ်တမ်း စာအုပ် တွေ အောင်မြင်နေတာမျိုးပေါ့။ ဒါပေမဲ့...ကမ္ဘာ ကျော်တဲ့ ကိုယ်ရေးမှတ်တမ်းက တော့ လူတယောက်ရဲ့ နက်နဲရှုတ်ထွေးတဲ့ ဘဝ အတွေ့အကြုံ နဲ့ စိတ်ပိုင်းဆိုင်ရာကို ထင်ရှားစွာဖေါ်ပြတယ်။ တဖက်သတ် အမြင်နဲ့ သုံးသတ်တာမျိုးမဟုတ်ဘူး။

ဒါကြောင့် အတင်းပြောသူတွေရဲ့စကားလို့ မေးခွန်းထုတ်ပါ။ သုံးသတ်ပါ။
ရည်ရွယ်ချက်က ဘာလည်း။ တဖက်သားရဲ့ဘဝကို ပြုပြင်တိုးတက်စေဖို့လား။ ဒါမှမဟုတ် သက်သက် ပါးစပ် အရသာခံပြီး အတင်းချ အပုပ်ချ နေတာလား။

***အတင်းဘယ်လိုရှောင်ရှားမလည်း။ ***
ပညာရှင်တွေက အကြံပေးတယ်။
အတင်းလာပြောတဲ့အခါ အလွန်အရေးကြီးတာက သိပ်သိချင်တယ်။ သဘောတူတယ် ဆိုတဲ့ အမူအရာ မဖြစ်သင့်ဘူး။
...ရိုးရိုးလေး အကြောင်းအရာ ပြောင်းပြောကြည့်ပါ။ မရခဲ့ရင်...မေးလိုက်ပါ။
..."သူ့မအကြောင်း အခုတလောသိပ်ပြောတာ ဘာကြောင့်လည်း။"
..."သူမဖက်ကလည်း စဉ်းသားကြည့်ရအောင်။"
..."သူများ အကြောင်းပြောတာထက် ဘယ်လိုကူညီရင်ရမလဲဆိုတာကို ကျမက ပိုစိတ်ဝင်စားတယ်။"

အကျဉ်းချုပ်ပြောရရင် အတင်းပြောခြင်းဟာ ကိုယ့်ကိုယ်ကို လုံခြုံမှု့နည်းပါးသူ စိတ်ကောင်းမရှိသူလို့ ပြသရာ ရောက်တယ်။ တဖြည်းဖြည်း အများကလည်း သိလက်ခံလာပြီး ရှောင်ရှားလာမှာပဲ။ အတင်းပြောတဲ့သူ ကြုံတိုင်း တွေးမိတယ်။ ကိုယ့်အကြောင်းလည်း ကွယ်ရာမှာ ပြောမှာပဲလို့။

အတင်းအဖျင်းဆိုတာ ပြင်းထန်ထိရောက်တဲ့ လူမှု့ရေး လက်နက်ကြီးမို့ လူတယောက် အကြောင်း အကောင်းပြောစရာ မရှိရင်လည်း နှုတ်ဆိတ် နေတာကောင်းပါတယ်လို့ ယုံကြည်မိပါတော့တယ်။

ဧကရီပြုံး
Powered by Blogger.

Ads Inside Post