Friday, November 13, 2015

ဆင်ဂျာမြို့ကို ကာ့ဒ်တွေ ပြန်သိမ်းနိုင်ပြီ


 ဆင်ဂျာမြို့ဟာ ဆီးရီးယား နဲ့ နယ်စပ်အနီး တည်ရှိတာ ကြောင့် မဟာဗျုဟာ အရ အရေးပါတဲ့ မြို့ ဖြစ်ပါတယ်။
၁၅ လကြာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ လက်အောက် ကျရောက် နေခဲ့တဲ့ ဆင်ဂျာ မြို့ကို အမေရိကန် တို့ လေကြောင်း ပစ်ကူ နဲ့ ကာ့ဒ်မျိုးနွယ်စု တပ်တွေက ပြန်လည် သိမ်းပိုက် လိုက် နိုင်ပါတယ်။

ဆင်ဂျာမြို့ဟာ ဆီးရီးယား နဲ့ နယ်စပ်အနီး တည်ရှိတာ ကြောင့် မဟာဗျုဟာ အရ အရေးပါတဲ့ မြို့ ဖြစ်ပါတယ်။

အခု ဆိုရင် ကာ့ဒ် မျိုးနွယ်စု တပ်ဖွဲ့ တွေ က သူတို့ရဲ့ ကြီးမားလှတဲ့ အလံကြီး ကို ဆင်ဂျာ မြို့မှာ လွှင့်ထူ ထားလိုက် ပြီ ဖြစ်ပါတယ်။

IS တွေဟာ အရပ်မျက်နှာ ၃ ဘက် ကနေ ကာ့ဒ်တပ်ဖွဲ့တွေ ရဲ့ ပိတ်ဆို့ တိုက်ခိုက်တာ ခံခဲ့ရတဲ့ နောက် ဆင်ဂျာ မြို့ ကနေ ဆုတ်ခွာ သွားခဲ့တာ ဖြစ်တယ် လို့ အဲဒီ့ မြို့မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဆင်ဂျာ မြို့ကိုပါ ပြန်လည် ရရှိ လိုက်နိုင် တာကြောင့် ကာ့ဒ် မျိုးနွယ်စု တပ်ဖွဲ့ အတွက် မနှစ်က ဆုံးရှုံး ခဲ့ရတဲ့ နယ်မြေ ပိုက်နက် အများအပြား ထဲ က အခုဆိုရင် အားလုံးနီးပါး ကို ပြန်လည် သိမ်းပိုက် နိုင် ခဲ့ပြီ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

သမီးရည်းစားချိန်းတွေ့စဉ်ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း၍ မီးရှို့မှုဖြစ်


======================================================
အောင်လံ နိုဝင်ဘာ ၁၃

အောင်လံမြို့မြောက်ဘက် မြို့ အဝင် မောင်းတံဂိတ်အနီး ကြက်ရုံးကြီး ကျေးရွာသို့သွားသော ရေနံတူးဖော်ရေး ကျောက်လမ်းတွင် နိုဝင်ဘာ ၁၁ ရက် နံနက် ၈ နာရီခန့်က သမီးရည်းစား နှစ်ဦးချိန်းတွေ့ရာမှ အဆင်မပြေ ဖြစ်ပြီး ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မxxxxက တရော် ကုန်းရပ်ကွက်တွင် နေသူသည် ဆိုင်ကယ် မီးလောင်ပြီး ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုကြရာ မxxxxအား လည်ပင်း အောက် ခန္ဓာကိုယ်အနှံ့ မီးလောင် ထားသည့်ဒဏ်ရာများနှင့်တွေ့ရပြီး စုံစမ်းမေးမြန်းရာ နယူးအောင်လံ ကားဂိတ်မှ ရည်းစားဖြစ်သူ ဇော်ဦး မကွေးမြို့နေသူနှင့် ချိန်းတွေ့ကြစဉ် ဇော်ဦးက လက်ထပ်ပေါင်းသင်းရန် ပြောသောအခါ မိဘများနှင့်မခွဲလို၍ လက်ထပ်ခြင်း မပြုလိုသေးကြောင်း ငြင်းဆိုသဖြင့် ဇော်ဦးက ဆိုင်ကယ် တွင်အသင့်ပါလာသော ဓာတ်ဆီဖြင့် နှစ်ဦးစလုံးလောင်းပြီး မီးရှို့ခဲ့ရာ မီးကူးစက်လောင်ကျွမ်းပြီး ဒဏ်ရာများ ရရှိခဲ့သဖြင့် မxxxxက ပတ်ဝန်းကျင်ကို အော်ဟစ်အကူ အညီတောင်းရာ ဇော်ဦးမှာဆိုင်ကယ် နှင့် ထွက်ပြေးသွားခဲ့သည်ဟု သိရပြီး ဇော်ဦးအား အောင်လံမြို့မ ရဲစခန်းက အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

သင်းလွင်(အောင်လံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ပဲရစ်မြို့တော်က ဘားဆိုင် အတိုက်အခိုက်ခံရ


ပဲရစ်မြို့တော် ရဲ့ အမျိုးသား အားကစားကွင်း Stade de France အနီး ပေါက်ကွဲ မှု တစ်ခု အပါအဝင် နေရာတချို့ မှာ ပစ်ခတ်မှု တွေ ဖြစ်ပေါ် ခဲ့လို့ အနည်းဆုံး လူ ၁၈ ဦး သေဆုံး။
 ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော် ရဲ့ အမျိုးသား အားကစားကွင်း Stade de France အနီး ပေါက်ကွဲ မှု တစ်ခု အပါအဝင် နေရာတချို့ မှာ ပစ်ခတ်မှု တွေ ဖြစ်ပေါ် ခဲ့လို့ အနည်းဆုံး လူ ၁၈ ဦး သေဆုံး သွားရပါတယ်။

အမှတ် ၁၁ ရပ်ကွက် ထဲ က စားသောက်ဆိုင် မှာ လူတစ်ဦး က သေနတ် နဲ့ ပစ်ခတ်လို့ လူတချို့ သေကြေ ဒဏ်ရာ ရခဲ့ ပါတယ်။

Bataclan အနုပညာ ခန်းမ အနီးမှာ အနည်းဆုံး လူ ၁၅ ယောက် သေဆုံး ခဲ့ရတယ် လို့ ပြင်သစ် မီဒီယာ တွေက ဆိုပါတယ်။

ဓားဆာခံ တွေ ကိုလည်း ဖမ်းဆီး ထားတာမှာ လူ ၆၀ လောက်ထိ ရှိနိုင်တယ် လို့ သတင်းတွေ က ဆိုပါတယ်။

အမျိုးသား အားကစားကွင်း Stade de France နားက ဘားဆိုင် တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ လည်း ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ခဲ့တယ် လို့ သတင်းတွေ ရရှိ နေပါတယ်။

အဲ့ဒီ့ကွင်းမှာ ပြင်သစ်နဲ့ ဂျာမနီ အသင်း ချစ်ကြည်ရေး ဘောလုံးပွဲ ကန် နေတာ မှာ ပြင်သစ် သမ္မတ Francois Hollande ကိုယ်တိုင် ရှိနေခဲ့ ပါတယ်။

အခု အချိန်မှာတော့ ဘော်လုံးပွဲ ပြီးဆုံးသွား ပြီ ဖြစ်ပါတယ်။

အခုဆိုရင် သမ္မတ Hollande နဲ့ ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve တို့ ပြည်ထဲရေး ဌာန ကို သွားရောက် နေကြ ပါတယ်။

ဘီဘီစီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်မှာလည်း ပြင်သစ် တိုက်ခိုက်မှု အကြောင်း အချိန်နဲ့ တပြေးညီ သတင်းတွေ တင်ပေးနေတာ ကို သွားရောက် ကြည့်ရှု နိုင်ကြပါတယ်။

http://www.bbc.co.uk/news/live/world-europe-34815972

BBC Burmese
http://www.bbc.com

ပါရီမြို့တော် တိုက်ခိုက်ခံနေရ

ပဲရစ်က အတိုက်ခိုက်ခံလိုက်ရတဲ့ စားသောက်ဆိုင်။(နိုဝင်ဘာ ၁၃၊ ၂၀၁၅)
 သေနတ်သမားတွေက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ နေရာတချို့မှာ သေနတ်နဲ့ပစ် ဗုံးဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့ပြီး၊ မြို့တော်ရဲ့ ဘတ်တာကလန် ပြပွဲရုံမှာ ဓားစာခံတွေကို ထိန်းထားတယ်လို့ ပြင်သစ်အရာရှိတွေက ပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး၊ ဒါဇင်နဲ့ချီ ဓားစာခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ အစောပိုင်း သတင်းတွေ မှာ ဖော်ပြကြပါတယ်။

အနည်းဆုံး သေနတ်သမား ၁ ဦးကနေ မြို့တော်ရဲ့ ၁၀ လမ်းမှာရှိတဲ့ စားသောက်ဆိုင် တခုမှာ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။

နောက်ထပ် တိုက်ခိုက်မှုတခုကတော့ ပြင်သစ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ ဂျာမနီအသင်းနဲ့ ဘောလုံးပွဲကျင်းပရာ အမျိုးသား အားကစားကွင်းအနီး စားသောက်ဆိုင်တခုမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

ဒီဘောလုံးပွဲကို ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန် လည်း သွားရောက်ကြည့်ရှုနေပြီး၊ ပေါက်ကွဲမှုကြောင့် ထွက်ခွာခဲ့ရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သမ္မတဟာ လောလောဆယ် အရေးပေါ် အစည်းအဝေး တရပ် ကျင်းပနေတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ - ပဲရစ်မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် - ကုလသမဂ္ဂကနေ ကြီးမှူးကျင်းပတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ မတိုင်ခင် ရက်သတ္တပတ်အလိုမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အားလုံးပါဝင်တဲ့ အစိုးရသစ် ပေါ်လာရေး အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး


===========================================
အားလုံး ပါဝင်တဲ့ အစိုးရ တစ်ရပ် ပေါ်ပေါက် လာဖို့ ပူးပေါင်း ဆောင်ရွက် ကြဖို့ အရေးကြီး။
မြန်မာ ပြည်သူတွေ ရဲ့ ဆန္ဒကို ထင်ဟပ် စေတဲ့ အားလုံး ပါဝင်တဲ့ အစိုးရ တစ်ရပ် ပေါ်ပေါက် လာဖို့ အရေးကြီးတယ် ဆိုပြီး အမေရိကန် သမ္မတ အိုးဘားမား နဲ့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် တို့ တယ်လီဖုန်း ကနေ တဆင့် ဆက်သွယ် စကား ပြောခဲ့ ကြတယ် ဆိုပြီး အိမ်ဖြူတော် က ထုတ်ပြန် ပါတယ်။

ခေါင်းဆောင် ၂ ဦး ဆွေးနွေး ကြတဲ့ အထဲမှာ ရွေးကောက်ပွဲ ရလာဒ် တွေ တရားဝင် အပြီးအစီး ထွက်လာ ခဲ့တဲ့ နောက်ပိုင်း နိုင်ငံရေး ပါတီ တွေ အနေနဲ့ အဲဒီ့ ရလာဒ် အပေါ် လေးစား လိုက်နာကာ အစိုးရသစ် ပေါ်ထွန်း လာရေးမှာ ပူးပေါင်း ဆောင်ရွက်ဖို့ လိုကြောင်းလည်း ပါဝင်ပါတယ်။

NLD ပါတီ ရဲ့ ရွေးကောက်ပွဲ အောင်နိုင် မှု အတွက် အမေရိကန် သမ္မတ အိုဘားမား က ဒေါ်အောင်ဆန်းစုကြည် ဆီကို ဖုန်းနဲ့ ဆက်သွယ်ပြီး ဂုဏ်ပြု စကား ပြောဆိုတုန်း ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် ဆီကိုလည်း ဖုန်း နဲ့ သီးခြား ဆက်သွယ်ပြီး အလားတူ အကြောင်း အရာ တွေကို ဆွေးနွေး ခဲ့တယ် လို့ ဆိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရဲ့ အောက်တိုဘာ ၁၃ ရက် သောကြာနေ့ က အထိ ထုတ်ပြန် ပေးခဲ့တဲ့ တရားဝင် မဲ အနိုင်အရှုံး စာရင်း တွေ အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဟာ အမျိုးသားလွှတ်တော် ၁၃၆ နေရာ နဲ့ ပြည်သူ့ လွှတ်တော် ၂၄၇ နေရာ ရရှိ ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်ထောင်စု လွှတ်တော် မှာ စုစုပေါင်း ၃၈၃ နေရာ ရရှိ ထားပြီ ဖြစ်တဲ့ NLD ပါတီ ဟာ တပါတီတည်း သီးသန့် အစိုးရ ဖွဲ့နိုင်ဖို့ အနည်းဆုံး လိုအပ်တဲ့ ခုံနေရာ အရေအတွက် ကိုလည်း ကျော်လွန် ရရှိ ခဲ့ပြီ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မိချောင်းကန်ပြည်သူ ၁၃ ဦး ထောင်ဒဏ်တွေ တိုးမြှင့်ခံရ၊ ကိုဝေဠု လွတ်မြောက်

မိကျောင်းကန် သပိတ်စခန်းကို ကူညီခဲ့သူ ကိုဝေဠု ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဧပြီလ ၈ ရက်နေ့ က ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်စဉ်။ Photo: Kyaw Zaw Win/ RFA
စစ်တပ်ကသိမ်းထားတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန်ရပ်ကွက်က အိမ်ခြံမြေ ပြန်ပေးဖို့ မြို့တော်ခန်းမရှေ့မှာဆန္ဒပြခဲ့ကြတဲ့ပြည်သူတွေထဲက အသက် ၇၀ ကျော် အမျိုးသမီးတွေ အပါအဝင် ၁၃ ယောက်ကို ဒီနေ့မှာ ထပ်ပြီး စည်ပင်သာယာ ဥပဒေနဲ့ ထောင်ဒဏ် ၃ လစီချမှတ် လိုက်ပါတယ်။

သူတို့ကို ပြီးခဲ့တဲ့အောက်တိုဘာလမှာ ပုဒ်မ ၁၈ နဲ့ ထောင် ၄ လစီချမှတ်ထားပြီး သားဖြစ်တဲ့အတွက် ဒီနေ့ထပ်ပေးလိုက်တဲ့ ပြစ်ဒဏ်နဲ့ဆိုရင် တစ်ယောက်ကို ထောင် ၇ လ စီဖြစ်သွားတဲ့အကြောင်း မိချောင်းကန်ရပ်ကွက်မှာအိမ်ကွက်အသိမ်းခံထားရ သူတစ်ယောက်ဖြစ်တဲ့ ဒေါ်မိက RFA  ကိုပြောပါတယ်။

"ထောင် ၇ လဖြစ်သွားတာပေါ့၊ ဒေါ်စောသိန်းဆို ၇ဝ ကျော်တယ်၊ ဒေါ်ပုဆိုလည်း ၇ဝ နီးပါးပဲ၊ သပိတ်သိမ်းတာကတော့ ၂၆ ရက်၊ ၂လ၊ ၂ဝ၁၅ ပေါ့၊ အဲ့ချိန်မှာအန်တီတို့ ကတော့ ထောင်ထဲမှာပေါ့၊ အဲ့ကနေရုံးချိန်းတွေနဲ့လုပ်ပြီးတော့မှ နောက်တစ်ယောက်က ထွက်သွားတဲ့အတွက်၊ ၁ဝ လပိုင်း ၇ ရက်နေ့က ထောင်ကျသွားတာ"

ဒီနေ့ ထောင်ချခံရသူတွေဟာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၆ ယောက် ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် ဦးခင်မောင်ဝင်းနဲ့ ဦးခင်မောင်မြင့်ဆိုသူ အသက် ၆၀ နဲ့ ၇၀ ကျော် အမျိုးသားနှစ်ဦးဟာလည်း တရားရင်ဆိုင်နေရဆဲဘဲလို့ ပြောပါတယ်။

အဲဒီမိချောင်းကန်ပြည်သူတွေရဲ့ အိမ်ခြံမြေပြန်ပေးဖို့ တောင်းဆိုသပိတ်တိုက်ပွဲကို အားပေးကူညီလို့ ထောင် ၁ နှစ်ချခံလိုက်ရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့က ကိုဝေဠုဟာ ဒီနေ့မှာပဲ ထောင်ဒဏ်စေ့ပြီး အင်းစိန်ထောင်ကနေပြန်လွတ်လာပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို အမေရိကန် နာမည်ပျက်စာရင်း သွင်း


===========================================================================
သံအမတ် မစ္စတာ ကင်မ် ဟာ အမေရိကန် က ပိတ်ဆို့ ကန့်သတ်မှု တွေ ပြုလုပ် ထားတဲ့ Komid လို့ ခေါ်တဲ့ မြောက်ကိုရီးယား လက်နက် ကုမ္ပဏီ အတွက် ကြားဝင် ညှိနှိုင်း ဆောင်ရွက် ပေးသူ တစ်ဦး ဖြစ်တယ် လို့ အမေရိကန် အစိုးရ က စွပ်စွဲ ထား။
အမေရိကန် ရဲ့ ဘဏ္ဍာ အခွန် ဝန်ကြီး ဌာန က မြန်မာ နိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ် Kim Sok Chol ကို နာမည်ပျက် စာရင်း ထဲ ထည့် သွင်း လိုက် ပါတယ်။

သံအမတ် မစ္စတာ ကင်မ် ဟာ အမေရိကန် က ပိတ်ဆို့ ကန့်သတ်မှု တွေ ပြုလုပ် ထားတဲ့ Komid လို့ ခေါ်တဲ့ မြောက်ကိုရီးယား လက်နက် ကုမ္ပဏီ အတွက် ကြားဝင် ညှိနှိုင်း ဆောင်ရွက် ပေးသူ တစ်ဦး ဖြစ်တယ် လို့ အမေရိကန် အစိုးရ က စွပ်စွဲ ထားပါတယ်။

Komid ကုမ္ပဏီဟာ မြောက်ကိုရီးယား အစိုးရပိုင် သတ္တု တူးဖော်ရေး ကုမ္ပဏီ ဖြစ်ပြီး အမေရိကန် ကတော့ မြောက်ကိုရီးယား ရဲ့ ထိပ်ဖူးတပ် ဒုံးကျည် နဲ့ ပတ်သက်တဲ့ ပစ္စည်း တွေ အပါအဝင် တခြား စစ် လက်နက် ပစ္စည်း အမျိုးစားတွေ အမြောက်အများ ထုတ်လုပ် တင်ပို့ရာမှာ အဓိက နေရာ က ရှိတဲ့ အဖွဲ့အစည်း အဖြစ် ယူဆ ထားတာ ဖြစ်ပါတယ်။

ဒီ တခေါက် အမည်ပျက် စာရင်းထဲမှာ မြန်မာပြည် ဆိုင်ရာ သံအမတ် နဲ့ အတူ Komid ကုမ္ပဏီ က နောက်ထပ် အရာ ရှိ ၂ ဦး လည်း ပါဝင် ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ပျော်ရွှင်မူတွေ ဆုံးရှုံးသွားရခြင်းမှာ မိမိကြောင့်သာ အဓိက ဖြစ်တယ်

=====================================
ငယ်ငယ်တုန်းကတော့ ပျော်ရွှင်မူ ဆိုတာ အချိန်တိုင်း ရနေပေမယ့် ကြီးလာတဲ့ အခါမှာ ပျော်ရွှင်မူတွေ တဖြည်းဖြည်း ပျောက်ဆုံးလာတယ် ဆိုတာကို သတိပြုမိမှာ ဖြစ်တယ်။ ပျော်ရွှင်မူတွေ ဆုံးရှုံးသွားရတဲ့ အကြောင်းအရင်း များစွာဟာ မိမိဟာ အဓိက ဖြစ်ပါတယ်။

မိမိ၏ ဆိုးသွမ်းမူကြောင့်၊ မိမိ၏ တပါးသူ အပေါ် မရိုးသားမူကြောင့်၊ ပတ်ဝန်းကျင် အပေါ် မကောင်းမြင်မူကြောင့် စတာတွေကြောင့် ပျော်ရွှင်မူတွေ တစ်စတစ်စနဲ့ ကွယ်ပျောက်လာပါတယ်။ မိမိ အရင်က လုပ်သမျှ အရာတွေ အားလုံး နောင်တစ်ချိန် မိမိသာ ခံစားရမှာ ဖြစ်လို့ အရင်က မှားယွင်းမူတွေက ဒီကနေ့ သင့်ရဲ့ စိတ်ကို ဖိစီးမူတွေ များစွာ ပေးနေမှာ ဖြစ်ပါတယ်။

ပျော်ရွှင်ခြင်း မရှိတော့တဲ့ အခါမှာ ဘဝကို ရှင်သန်နေရတာလည်း အဓိပ္ပါယ် မရှိ။ ဒါကြောင့် မနက်ဖြန် ပျော်ရွှင်ဖို့ ဒီကနေ့ မကောင်းမူ လုပ်ခြင်းကို ရှောင်လိုက်ပါ။

Credit' yoyarlay

တစ်ကိုယ်တည်းသမား အပျိုကြီးတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေ စိတ်ပျက်ကြရတဲ့ အချက် (၅) ချက်

=========================================
တစ်ကိုယ်တည်း အပျိုကြီးမမတွေ အားလုံးဟာမစွံလို့ အပျိုကြီးတွေ ဖြစ်လာကြတာ မဟုတ်ပါဘူး။ တစ်ချို့ကျတော့လည်း အမျိုးသားတွေကြောင့် သူတို့ဘ၀ပူလောင်တာမျိုး မလိုချင်လို့၊ တစ်ချို့ကျတော့လည်း နှလုံးသားရေးရာ အခြေအနေမကောင်းလို့၊ တစ်ချို့ကျတော့လည်း တစ်ယောက်တည်း အေးဆေးနေရတာ ကြိုက်လို့ စသဖြင့် အမျိုးမျိုးပေါ့လေ။ ဒါပေမယ့် ဒီလိုအပျိုကြီးမမတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေအနေနဲ့ သဘောမတွေ့လှတဲ့ အချက်တွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။အမျိုးသားတွေနဲ့ ဒိတ်လုပ်တဲ့အခါ စည်းမျဉ်းတွေကို ချိုးဖောက်လေ့ရှိကြတယ်။

ရည်းစားမထားဖူးတဲ့ အပျိုကြီးမမတွေနဲ့ ဒိတ်လုပ်ရတာ ဘယ်လောက်ခက်ခဲကြောင်း ဖွင့်ဟသွားသူတွေထဲမှာ အမျိုးသားအများစုက သူတို့ဟာ ဒိတ်လုပ်တဲ့အခါ အဆင့်ဆင့်ဘယ်လိုသွားရမယ်၊ ပြီးတော့ အမျိုးသားဘက်ကို နားလည်မှုလေး ဘယ်လိုပေးရမယ်ဆိုတာမျိုးတွေ သိပ်မရှိကြဘူး။ သူတို့လုပ်ချင်လုပ်မယ်၊ မလုပ်ချင်မလုပ်ဘူးဆိုတဲ့ အမျိုးသမီးတွေ များတယ်လို့ ဖွင့်ဟသွားကြပါတယ်။

၂။သူတို့ကိုယ်သူတို့ အားကိုးကြောင်း အမျိုးသားတွေမလိုအပ်ကြောင်း ပြောလေ့လုပ်ပြလေ့ရှိတယ်။

အပျိုကြီးမမတွေဟာ များသောအားဖြင့် ငါတို့ဘာသာငါတို့ဘ၀နဲ့အေးဆေးနေနိုင်တယ်။ ဘယ်သူ့အကူအညီမှမလိုဘူး။ ယောင်္ကျားတွေ ငါတို့အတွက် မလိုအပ်ဘူးဆိုတဲ့ ဒီဇိုင်းမျိုး ပြောဆိုပြုမူလေ့ရှိကြပါတယ်တဲ့။

၃။အချစ်ရေးက စမယ်မရှိသေးဘူး၊ အဝေးကိုတွေးပူနေတတ်ကြပါတယ်။

သူနဲ့ကိုယ်ချစ်တာ တစ်လမပြည့်သေးဘူး။ တစ်နှစ်မပြည့်ခင် လက်ထပ်ပြီး ဘယ်တော့ကလေးယူမယ်ဆိုတာမျိုး တွက်ချက်နေတတ်ကြသလို ဒါတွေအဆင်မှပြေပါ့မလားရယ်လို့ တွေးပူနေတတ်ကြပါတယ်တဲ့။ ဒီတော့ လက်ရှိအချစ်ရေးကို မပျော်နိုင်တော့ပဲ နှစ်ဦးသားတွေ့တာနဲ့ ရှေ့ရေးအကြောင်း ပြောရင်း မောနေတော့တာပါပဲ။

၎။လူကောင်းသူကောင်းတွေနဲ့သာ ဒိတ်လုပ်မယ်ဆိုတတ်ကြပြီး တကယ်ကြိုက်ရင် ငဆိုးတွေနဲ့ချည်း။

အပျိုကြီးမမတွေဟာ သူ့ကို ခိုက်နေတဲ့သူတွေကို တူသလား တန်သလား၊ ငါကတော့ တကယ်ယူရင် ဘယ်လိုမျိုးယောင်္ကျားမျိုးမှ ယူမှာစသဖြင့် အမြဲပြောတတ်ပေမယ့် သူတို့နဲ့ရသွားသူတွေက ငဆိုးငသွမ်းတွေချည်း ဖြစ်နေတတ်ပြန်ပါတယ်တဲ့။

၅။သူတို့အိမ်မွေးတိရစ္ဆာန်တွေကို ချစ်သူထက် ပိုအရေးပေးတတ်ကြတယ်။

အမျိုးသားတွေ သည်းမခံနိုင်တဲ့အချက်တစ်ချက်ကတော့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန် အထူးသဖြင့် ခွေးတွေကို ကိုယ့်ချစ်သူထက် ပိုအရေးကြီး အရေးပါသလို ပြုမူဆက်ဆံနေတာမျိုးကိုပါပဲ

Credit to Trend Myanmar
K.K(ကနောင်)

B သွေး အကြောင်း သိကောင်း စရာ

============================================
B သွေးများဟာ တစ်ယောက်တည်းအေးအေးဆေးဆေး
နေချင်ကြသူများဖြစ် ကြပါတယ်

အားတဲ့အချိန်တိုင်းအခန်းထဲမှာတစ်ယောက်တည်း နေရင်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။

သိပ်မခင်တဲ့သူငယ်ချင်းတွေနဲ့တွေ့ရင်ခပ်တည်တည်နေတတ်ပြီး
အရမ်းခင်တဲ့သူငယ်ချင်းတွေနဲ့တွေ့ရင်တော့နားညဉ်းအောင်ပြောတတ်တာ B သွေးတွေပါ

လူတိုင်းကိုမခင်တတ်လို့မာနကြီးတယ်လို့အထင်ခံရတတ်ပြီးပေါင်းကြည့်မှတကယ်ကိုရိုးသားဖြူစင်ကြတာပါ

မိသားစုထဲမှာပဲ့ဖြစ်ဖြစ်သူငယ်ချင်းအပေါင်းအသင်းကြားထဲမှာဖြစ်ဖြစ်ကိုယ့်ကိုပိုဂရုစိုက် ပိုချစ်တာလိုချင်တတ်ကြပါတယ်.

အလိုလိုက်ခံရရင်လည်းအရမ်းပျော်တတ်ကြပါတယ်အရမ်းခင်တဲ့လူတွေအပေါ်တကယ့်စိတ်ရင်းမပါဘဲချစ်စနိုးနဲ့အနိုင်ကျင့်တတ်သလို

ကိုယ့်ကိုအနိုင်ကျင့်ရင်လည်းအလျော့ပေးတတ်ပါတယ်

ခဏခဏစိတ်ကောက်တတ်ပီးဘယ်သူမှပြန်ချော့စရာမလိုပဲအလိုလိုစိတ်ကောက်ပြေသွားတတ်တာလည်း B သွေးတွေပါပဲ့

ဝမ်းနည်းလွယ်ပီးမျက်ရည်အကျမြန်တတ်ပါတယ် ပျော်စရာကိစ္စတစ်ခုကိုအကြာကြီးမခံစားတတ်ပေမယ့်

ဝမ်းနည်းစရာကိစ္စနဲ့ကြုံလာပါကပြန်တွေးလိုက် စိတ်မကောင်းဖြစ်လိုက်မျက်ရည်ကျလိုက်ဖြစ်နေတတ်ကြပါတယ်

အရမ်းကြိုက်တဲ့သီချင်းတစ်ပုဒ်ကိုပဲ့ထပ်ခါထပ်ခါနားထောင်တတ်တာလည်း B သွေးတွေရဲ့စရိုက်တစ်မျိုးပါ

စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကိုအချိန်ခဏလေးနဲ့တတ်မြောက်ပေမယ်

့စိတ်မ၀င်စားတဲ့အကြောင်းအရာဆိုပါကမည်သို့ပင်အကျိုးရှိစေကာမူလှည့်မကြည့်တတ်ကြပါ

အချစ်ရေးနဲ့ပတ်သက်လာရင်တော့အားနည်းချက်အနည်းငယ်ရှိတတ်ကြပါတယ်

သံသယစိတ်အနည်းငယ်ဝင်တတ်ပီးကိုယ့်ကိုယ်ကိုယ်လည်းမယုံကြည်တတ်ကြပါဘူး

အချစ်ရေးထက်မိသားစုအရေးကိုပိုဦးစားပေးတတ်ကြပါတယ်မိသားစုအတွက်အမြဲကြိုးစားနေပီးစိတ်ချမ်းသာပျော်စေချင်တာ B သွေးတွေပါ

B. သွေးပိုင်ရှင်များရဲ့အကြောင်းတစိတ်တပိုင်း..

B. သွေးပိုင်ရှင်တွေဟာဒေါသထွက်နေတဲ့အချိန်ဆိုရင်မိုးမမြင်
လေမမြင်ပါပဲ..သူတို့စိတ်ထဲမှာရှိတဲ့အတိုင်းလုပ်တတ်ကြတယ်..

အရာဝတ္ထုတခုခုကိုအာရုံရနေရင်ဘေးပတ်ဝန်းကျင်ကိုသတိမထားကြတော့ဘူး..သူတို့လုပ်နေတဲ့အရာကိုပဲအာရုံစိုက်လုပ်နေတတ်ကြတယ်..

လူတယောက်ကိုချစ်မိပြီဆိုရင်လဲအသဲအသန်ပါပဲသူတို့ချစ်မိနေတဲ့သူဘယ်လောက်ပဲဆိုးသွမ်းနေပါစေအဲဒီဆိုးသွမ်းမှူ့တွေကိုမမြင်နိုင်ကြတော့ဘူး..လိမ်ပြောနေတာကိုသိနေရင်တောင်ဖြေပြီးတွေးတတ်ကြတယ်..

လုပ်စရာရှိတာကိုသူတို့အသိဥာဏ်နဲ့စဉ်းစားပြီးသွားလုပ်မဲ့အချိန်မှာတယောက်ယောက်ကကိုယ်သွားလုပ်မဲ့အရာကိုလက်ညှိုးထိုးခိုင်းလိုက်ရင်စိတ်ထဲမှာသိပ်မကျေနပ်ကြဘူးဘုဂလန့်တိုက်ချင်ကြတယ်...

သူတို့စာဖတ်နေတဲ့အချိန် TV ကြည့်နေတဲ့အချိန်တယောက်
ထဲဘာရယ်မဟုတ်ငုတ်ထိုင်စဉ်းစားနေတဲ့အချိန်မှာတယောက်ယောက်ကလှမ်းခေါ်ရင်မကြိုက်ကြဘူး...မဖြစ်မနေပြန်ထူးရမယ်ဆိုရင်ပုံမှန်မဟုတ်တဲ့အသံနဲ့ပြန်ထူးတတ်ကြတယ်...

သူတို့စိတ်ထဲမှာသဘောမကျတဲ့သူတွေဆိုလုံးဝစကားမပြောချင်ကြဘူးမဖြစ်မနေစကားပြောရမယ်ဆိုရင်တောင်ဝတ်ကျေတန်ကျေပဲပြန်ပြောတတ်ကြတယ်...အဲဒီလူနဲ့မပတ်သတ်ချင်တော့ဘူးဆိုရင်ဟန်ဆောင်ပြိးတော့ကိုစကားမပြောချင်ကြတော့တာ.

အရမ်းသွားချင်တဲ့နေရာတွေဆိုရင်တယောက်ထဲဖြစ်နေပါစေရောက်အောင်သွားတတ်ကြတယ်..မသွားချင်တဲ့နေရာဆိုရင်ထမ်းခေါ်ပါ့မယ်လိုက်ခဲ့လို့ပြောရင်တောင်မလိုက်ချင်ကြဘူး....
သူသွားချင်တဲ့နေရာဆိုရင်သွားသင့်လားမသွားသင့်ဘူးလားဆိုတာမစဉ်းစားတော့ဘူးရောက်အောင်ကိုသွားတတ်ကြတယ်....

သူတို့တွေဟာအရမ်းဟန်ဆောင်ကောင်းကြတယ်...သူတို့အရမ်းချစ်တဲ့ခင်တဲ့သူတွေပေါ်မှာပဲဟန်ဆောင်ကောင်းကြတာပါ...
သူတို့မခင်တဲ့သူသံယောဇဉ်မရှိတဲ့သူတွေအပေါ်မှာတော့ဟန်ဆောင်မကောင်းကြပါဘူး...

သူတို့တွေဟာအရမ်းအရယ်သန်ကြတယ်...စိတ်ပျော်ရွှင်နေတဲ့အချိန်မှာဆိုပြုံးရယ်ခြင်းတွေဟာအချိန်တော်တော်ကြာထိရပ်တန့်မသွားကြဘူး...စိတ်မပျော်ရွှင်တဲ့အခါတယောက်ယောက်ကဟာသလာပြောနေပါစေပြုံးရယ်ခြင်းမရှိဘူးတည်ငြိမ်စွာပဲနေတတ်ကြတယ်....

တိုက်ဆိုင်မှူ့ရှိရင်တော့မန့်သွားကြပေါ့...

ဘီသွေးများ

1… သင်ဟာ အရမ်းချော တဲ့အထဲမှာ မပါပေမဲ့ သင်ဟာ လူအများစိတ်ဝင်စားခြင်း ခံရတဲ့ အထဲမှာတော့ အမြဲပါနေတတ်ပါတယ်
တနည်းပြောရ ရင် သင်ဟာ ချစ်စရာကောင်းသော အသွင်တမျိုးကို ပိုင်ဆိုင်ထားးးပါတယ်…

2.…သင်ဟာ မွေးထဲက ပြည့်စုံတဲ့ သူတစ်ယောက်မဟုတ်ပေမဲ့ သင်ဟာ အရမ်း ဆင်းရဲသော သူတစ်ယောက်အဖြစ်ကိုလဲ ဘယ်တော့မှ မရောက်ရှိပါဘူဲးးးး

3… သင်ဟာ ဥာဏ်ရည် မြင့်မားမှု နဲ့ ဖြတ်ထိုးဥာဏ်ကောင်းသော သူတစ်ယောက်ပါ

4…သင့်မှာ ကောင်းမွန်တဲ့ စိတ်ဓာတ် :ကိုယ်ချင်းစာမှု :သူတစ်ပါးအား သနားတတ်သော စိတ်တွေဟာ သစ်ပင်ရဲ့ အမြစ်လို မွေးရာပါ သန္ဓေတည် ခဲ့သော သူတစ်ယောက်ပါ

5…သင်ဟာ အားနာရင်လဲ အရမ်းအားနာတတ်ပေမဲ့ အားမနာမိတော့ရင်လဲ လူတစ်ယောက်ကို ရစရာမရှိတောင် ပြောဆိုတတ်ပါတယ်

6…သင်ဟာ မာန ကြီးသော သူတစ်ယောက်
မဟုတ်တာ ပြောခံရ ရင် သေးသေးတင် မခံနိုင်သော သူတစ်ယောက်ဖြစ်မှန်းး ဝန်ခံ လိုက်ပါ……………

7…သင်ဟာ အချစ်ကြီးသော သူတစ်ယောက်
ချစ်သူအပေါ် သဝန်တိုမှု လွန်ကဲသော သူတစ်ယောက် ဖြစ်မှန်းးလဲ ဝန်ခံလိုက်ပါ

8…ထို သဝန်တို မှု တွေ အချစ်ကြီးမှု တွေကြောင့်ဘဲ သင်ဟာ အချစ်မှာ မအေးချမ်းနိုငိဘဲ ချစ်သူနဲ့ လမ်းခွဲမှု တွေ မကြာခဏ ဖြစ်ပေါ်နေသော သူတစ်ယောက်ပါ

9...Bသွေး အချစ် တည်မြဲချင်ပါသလားး?
လက်ရှိတွဲနေတဲ့ ချစ်သူကို အကန်းတစ်ယောက်လို မျက်စိမှိတ်ပီးး ချစ်လိုက်ပါ။ အရာ၂နားးလည်မှု ပေးးလိုက်ပါ။
တခါတရံ ပေါ်လာတဲ့ မိ၂ရဲ့ မာနတွေကို တံတွေးနဲ့အတူ မြို ချ လိုက်ပါ

ဒါဆို သင်ဟာ ဒီလောကမှာ အချစ်ကံအကောင်းးဆုံးးလူ ဖြစ်လာပါလိမ့်မယ်

10…သင့်ရဲ့ အချစ်ကြီးမှု ဟာ သင့်အတွက် သေဆေး အဆိပ်တစ်ခွက်လို ဖြစ်နေတယ် ဆိုတာ သင် ဒီတစ်သက် လုံးဝလုံးဝ
မမေ့ ပါနဲ့ ………………………………
ထပ်ပြောပါမည်
သင့်ရဲ့ အားနည်းချက်ဟာ…
သင့်ရဲ့
အချစ်ကြီးးမှု ပါဘဲ……………

အလွှာသုံးလွှာ

======================================
အထက်တန်းလွှာမှာအရည်အချင်းရှိတယ်။
မာနမရှိပါ။
အလယ်တန်းလွှာမှာအရည်အချင်းရှိတယ်။
မာနကြီးတယ်။
အောက်တန်းလွှာမှာ အရည်အချင်းမရှိပါ။မာနကျတော့လုံးဝမလျှော့ပါ။

အထက်တန်းလွှာဟာသူတစ်ပါးကပြုဖူးတဲ့ 
ကျေးဇူးတရားကို အမှတ်တရပြောဆိုပြီး
ဘယ်လို ပြန်လည်ပေးဆပ်ရမလဲ
ရှာနေတတ်တယ် ။
အလယ်တန်းလွှာဟာသူတစ်ပါးကပြုဖူးတဲ့ ကျေးဇူးတရားကိုသိတတ်တယ်။မမေ့မလျော့
ပြန်လည်ပြောဆိုတတ်တယ်။
ကြုံ ရင်ပြန်လည် ပေးဆပ်ဖို့ စိတ်ကူး ရှိတယ်။
အောက်တန်းလွှာဟာ သူတစ်ပါးကပြုဖူးတဲ့ 
ကျေးဇူးတရားကို မသိယောင်ဆောင်တတ်တယ်။
ကိုယ့် ကံကြောင့်သူတို့ ကကူညီပေးရတယ်လို့
့မှတ်တယ်။ ကျေ။ဇူးပြုဖူးသူကိုပါ
ပြန်လည်ပြိုင်ဆိုင် ရန်လုပ်တတ်တယ် ။

အထက်တန်းလွှာဟာ
ဥာဏ်ပညာအကြောင်း ဆွေးနွေးကြတယ်။
အလယ်တန်းလွှာဟာ
အလုပ်အကိုင်အကြောင်း ဆွေးနွေးကြတယ်။
အောက်တန်းလွှာဟာ
အတင်းအဖျင်း တွေဆွေးနွေးကြတယ်။

အထက်တန်းလွှာဟာ ပေးဆပ်ကြပါတယ်။
ပြန်လည်ရယူဖို့ မျှော်လင့်မှုမရှိပါ။
အလယ်တန်းလွှာဟာ လဲလှယ်ကြပါတယ်။
စေတနာ ကိုအသိအမှတ်ပြုခံချင်ကြတယ်။
အောက်တန်းလွှာဟာ အမြဲလိုလို
အလကားပဲ ရချင်ကြပါတယ်။
သူများ အကူအညီပဲမျှော်နေတယ်။
ကိုယ်ကပေးဖို့ ဆိုအကြောင်းအမျိုးမျိုးနဲ့
ရှောင်နေတတ်တယ် ..။

အထက်တန်းလွှာဟာ
သူများကိုအမြဲချီးမွမ်းကြတယ်။
အလယ်တန်းလွှာဟာ
သူများကိုသိပ်မခေါ်မပြောဘူး။
အောက်တန်းလွှာဟာ
အထက်ဖားသလောက်
အောက်အရမ်းဖိနှိပ်တယ်။

အထက်တန်းလွှာဟာ ယုံကြည်ချက်ခိုင်မာတယ်။
ဆုံးဖြတ်ချက် ကိုအောင်မြင်အောင်ဖြစ်အောင်
လုပ်တတ်တယ်။
အလယ်တန်းလွှာဟာကိုယ့်ကိုယ်ကိ
ယုံကြည်တယ်။ သူများစကားနားမယောင်
ကိုယ့်ဆုံးဖြတ်ချက်ကိုဆုံးခန်း
တိုင်အောင်လုပ်တယ် ။
အောက်တန်းလွှာဟာ
စိုးရိမ်စိတ်သံသယစိတ်တွေ
ပြည့်နက်နေတတ်တယ်။အပြောင်းအလဲများတယ်။
ဘာကိုမှစွဲစွဲမြဲမြဲမလုပ်ချင်
အကြောင်းပြချက်များစွာနဲ့
ဆင်ခြေပေးနေတတ်တယ်။

အထက်တန်းလွှာဟာရည်မှန်းချက်ကြီးမားတယ် ရဲရဲရင့်ရင့် လက်တွေ့အကောင်အထည်ဖေါ်တယ်။
အလယ်တန်းလွှာဟာ ရည်မှန်းချက် ရှိတယ်ဒါပေမဲ့
စဉ်းစားချင့်ချိန်နေတတ်တယ်။
အောက်တန်းလွှာဟာ ဘာမှ မရှိစိတ်ခံစားချက် နောက်လိုက်နေတတ်တယ်။
သူတို့ ရဲ မရှိတဲ့အရည်အချင်းကိုလူအထင်ကြီး
အောင် အော်နေတတ်ကြတယ်။

*********************************

လောကမှာ အလွှာမတူသူများက ပေါင်းလို့မရပါ။ အလွှာတူသူအချင်းချင်းသာပေါင်းကြ အဆင်ပြေကြပါတယ်.. ကိုယ့်ကိုယ်ကိုမညှာ
တမ်းဝေဖန် ပါ...
အောက်တန်းလွှာများကအထက်အဆင်တွေ့ကို
အမြဲ တိုက်ခိုက် နှောင့်ယှက် နေ တတ်တယ် ။
အမြဲ ရယူဖို့ အကူအညီတောင်းဖို့ ရှာနေတတ်တယ်။ မရရင် အပြစ်ပြောပြီး ရသွားရင် ကျေးဇူးကို
အသိအမှတ်ပြုဖို နေနေသာသာ လှည့်တောင် မကြည့် အခန့်မသင့်ရင် ကျေးဇူးပြုဖူးသူကို
ပခုံးချင်းယှဉ် ပြိုင်ဆိုင် စော်ကား တတ်ကြ လို့  အထက် လွာများက အောက် အဆင့်များ ကို
ရှောင်ချင်ကြပါတယ် ...အောက်ဆုံးအဆင့်က
အချက်တော်တော်များများကတော့ ဘုရားဟော သူယုတ် မာ ရဲ့ စရိုက်လက္ခဏာ နဲ့ တော်တော်
များများ တူနေလို့ မဖြစ်အောင်တော့ရှောင်ကြပါ။
ပြင်ကြပါ လို့ တိုက်တွန်းပါတယ်။

သင်ကော…ဘယ်နှစ်ချက် လောက် ဘယ်အလွှာထဲကလဲ မညှာတမ်း ဆုံးဖြတ်ကြည့်ပါ။
အောက်တန်းလွှာထဲ က အားလုံး ဆိုရင်တော့
ပြုပြင်ပါ လို့ တိုက်တွန်းပါတယ် ဘယ်အရွယ်မဆို အချိန် မှိပါသေးတယ် ... တို့ လဲ ကိုယ့်ကိုကိုယ်
ဆန်းစစ် ပါတယ် .....ကြိုးစားရပါဦးမည် ကိုယ့်ကိုယ် ကို ဘာမှန်း မသိတာထက်စာရင် သိထားတော့ ကြိုးစားလို့ ရတာပေါ့ ကွယ်.... သိရဲ့ သားနဲ့ မပြု ပြင်ရင်တော့ ....
အင်တာနက်မှရသော
(#ထိုင်ဝမ် ဘုန်းကြီးတစ်ပါး၏ ဆုံးမ စကား) ကို
(45 နှစ် ဘ၀ တစ်သတ်တာ အတွေ့ အကြုံများဖြင့် ပေါင်းစပ်ခံစားရေးပါသည်)

Credit>>Yuri Ko
Photo credit to owner.

ဖုန်းသာပြောရပြီး အတူလက်တွဲခွင့်မရသေးတဲ့ ဘဝ ဘယ်သူက ဖြစ်ချင်မှာလဲနော်

================================
သူများတွေလို Couple shirt အတူတူ ဝတ်ခွင့်မရှိတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

Dinner စားရင်တောင် ပန်းကန်၂ချပ် အရှေ့ချထားပြီး ဘေးမှာ သူရှိနေပါတယ်လို့
ဟန်ဆောင်နေရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

အရမ်း ဝမ်းနည်းလို့ အားပေးဖော်လိုအပ်နေချိန် ခေါင်းအုံးဖက်ပြီး ငိုရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

သတိရလို့ တွေ့ချင်ရင်တောင် ချက်ချင်းပြေးမတွေ့နိုင်တဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

ကိုယ့် ကွယ်ရာမှာ သူနေများကောင်းပါ့မလား
ဘယ်သူတွေနဲ့များ ခင်မင်နေပြီလဲ
မရေမရာ မသေမချာနဲ့ တွေးပူနေရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

Anniversary ရောက်တိုင်း အတူရှိနေချင်ပေမယ့် Phone ထဲကပဲ အာဘွားလို့ ပြောနေရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

ရန်ဖြစ်လို့ ပြန်ချော့ချင်ရင်တောင်
သူဖုန်းပိတ်ထားရင် အရူးမီးဝိုင်း ဖြစ်နေရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

သူ ဘယ်တော့ ပြန်လာမလဲ
ငါကကော သူ့ရင်ခွင်မှာ ဘယ်တော့ တိုးဝှေ့ခွင့်ရမလဲ
၂ယောက်အတူ တိုင်ပင်ပြီး လောကဒဏ်ကို ဘယ်အချိန်မှ ရင်ဆိုင်ခွင့်ရမလဲ

တစ်ယောက်တည်း ကြံ့ကြံ့ခံပြီး ဘာမှ မဖြစ်သလို ခပ်မာမာ ခပ်တည်တည် နေနေရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

#LongDistanceRelationship

ဘယ်တော့များမှ နီးမှာလဲ << သီချင်းကို ထပ်ခါထပ်ခါ နားထောင်နေရတဲ့ ဘဝ

ဘယ်သူက ဖြစ်ချင်မှာလဲနော်

ဘယ်သူက ဖြစ်ချင်မှာလဲနော်

ဘယ်သူက ဖြစ်ချင်မှာလဲနော်

#Mee_Nge_Lay

ဧကရီပြုံးရဲ့ စေတနာစာစုများ

=======================================
"ပြင်းထန်သော လူမှု့ ရေးလက်နက်ကြီး"

အတင်းအဖျင်း ဆိုတာ ပြင်းထန်ထိရောက်တဲ့ လူမှု့ ရေးလက်နက်ကြီး တခုပါ။ အတင်းအဖျင်း ပြောခံရသူမှာ စိတ်ထိခိုက် စီတ်ဖိစီးမှု့ နဲ့ စိတ်မတည်ငြိမ်မှု့တွေ ဖြစ်ရတယ်။ သုသေသန အရ အတင်းပြောတဲ့ရာခိုင်နှုန်းမှာ အမျိုးသမီး ၆၇% အမျိုးသား ၅၅%။ 

လူလူချင်း ဆုံတဲ့အခါ သူငယ်ချင်းတွေ ဆုံတဲ့အခါ...အပြင်မှာ အလုပ်မှာ ဟိုအကြောင်း ဒီအကြောင်းပြော သူများအကြောင်းပြော ဆိုတာဖြစ်တတ်တယ်။ တချို့ကလည်း သူများရဲ့အတွင်းရေး ကိုယ်ရေးကိုယ်တာ ကို ပြောရ ဝါသနာပါတယ်။ တချို့ကလည်း နားထောင်ရတာ ဝါသနာပါတယ်။

***အတင်းအဖျင်း ဆိုတာ ဘာလည်း။ ***
တဖက်သားရဲ့ လှို့ဝှက်ချက်၊ ယုံကြည်မှု့၊ ကို အလွဲသုံးစား ဖောက်ဖျက်ပြီး ထိပါးနစ်နာ စေတဲ့ အကြောင်း အချက်ကို သူများနဲ့ ဝေမျပြောဆိုတာ။ ကိုယ်ပိုင်အမြင်နဲ့ တဖက်သတ် ပြောဆို ဖြန့်ချီတာပါ။ သတင်းလွှင့်တာ။ စကားနဲ့ စာပေနဲ့ အင်တာနက် ဆိုရှယ်မီဒီယာ အားလုံး အကျုံးဝင်ပါတယ်။

***အတင်းပြောသူ ဘယ်လိုလူလည်း။***
သုသေသန တွေမှာ တွေ့ရှိတာကတော့ အတင်းအဖျင်း ပြောသူတွေမှာ စိုးရမ်ပူပန်စိတ် anxiety မြင့်မားတယ်။ သူတို့မှာ ခင်မင်နှစ်သက်သူ နဲ့ ယုံကြည်မှု့ နည်းပါးသူတွေလည်းဖြစ်တတ်တယ်

***ဘာကြောင့် အတင်းပြောကြသလည်း။***
စိတ်ပညာရှင် ဒေါက်တာ အယ်လီစင် ပေါလ်ဆန် ကဆိုတယ်။
...ကိုယ့်ကိုယ်ကို မကြေနပ်တဲ့သူများဟာ သူများအကြောင်း အဆိုးဖက်က ပြောတဲ့အခါ ယာယီကြေနပ်မှု့ ကိုပေးတယ်။ ကိုယ့်ကိုယ်ကို အထက်စီးရတယ်ခို့ ခံစားရတယ်။
...တချို့ကလည်း ပျင်းစရာအလွန်ကောင်းတဲ့ သူတို့ရဲ့ ဘဝမှာ ဗဟုသုတတိုးစရာ စိတ်ဝင်စားစရာ အတွေးအကြံတွေ မရှိလို့ပါ။
...တဖက်သားရဲ့ အရည်အသွေးကောင်း၊ အောင်မြင်မှု၊ ပြည့်စုံတဲ့ဘဝ ကို ကြည့်မရလို့။
...သူများရဲ့ အတွင်းရေး လှို့ဝှက်ချက် ကို ပြောနေတဲ့ အုပ်စုထဲပါလိုက်ရလို့ အဖွဲ့ ဝင်ဖြစ်ရတာ ကြေနပ်လို့။
...အတင်းပြောတဲ့အခါ လူတွေရဲ့ စိတ်ဝင်စားမှု့ကိုရလာတယ်။
...ဒေါသ ဖြစ်လို့။ မပျော်ရွှင်လို့။

*** အတင်းပြောတိုင်း မှားသလား။ ***
လူ့သဘာဝအရ လူတွေနဲ့ လူ့အဖွဲ့အစည်းအကြောင်း စပ်စပ်စုစု ရှိတတ်တယ်။ ကိုယ်ရေးမှတ်တမ်း စာအုပ် တွေ အောင်မြင်နေတာမျိုးပေါ့။ ဒါပေမဲ့...ကမ္ဘာ ကျော်တဲ့ ကိုယ်ရေးမှတ်တမ်းက တော့ လူတယောက်ရဲ့ နက်နဲရှုတ်ထွေးတဲ့ ဘဝ အတွေ့အကြုံ နဲ့ စိတ်ပိုင်းဆိုင်ရာကို ထင်ရှားစွာဖေါ်ပြတယ်။ တဖက်သတ် အမြင်နဲ့ သုံးသတ်တာမျိုးမဟုတ်ဘူး။

ဒါကြောင့် အတင်းပြောသူတွေရဲ့စကားလို့ မေးခွန်းထုတ်ပါ။ သုံးသတ်ပါ။
ရည်ရွယ်ချက်က ဘာလည်း။ တဖက်သားရဲ့ဘဝကို ပြုပြင်တိုးတက်စေဖို့လား။ ဒါမှမဟုတ် သက်သက် ပါးစပ် အရသာခံပြီး အတင်းချ အပုပ်ချ နေတာလား။

***အတင်းဘယ်လိုရှောင်ရှားမလည်း။ ***
ပညာရှင်တွေက အကြံပေးတယ်။
အတင်းလာပြောတဲ့အခါ အလွန်အရေးကြီးတာက သိပ်သိချင်တယ်။ သဘောတူတယ် ဆိုတဲ့ အမူအရာ မဖြစ်သင့်ဘူး။
...ရိုးရိုးလေး အကြောင်းအရာ ပြောင်းပြောကြည့်ပါ။ မရခဲ့ရင်...မေးလိုက်ပါ။
..."သူ့မအကြောင်း အခုတလောသိပ်ပြောတာ ဘာကြောင့်လည်း။"
..."သူမဖက်ကလည်း စဉ်းသားကြည့်ရအောင်။"
..."သူများ အကြောင်းပြောတာထက် ဘယ်လိုကူညီရင်ရမလဲဆိုတာကို ကျမက ပိုစိတ်ဝင်စားတယ်။"

အကျဉ်းချုပ်ပြောရရင် အတင်းပြောခြင်းဟာ ကိုယ့်ကိုယ်ကို လုံခြုံမှု့နည်းပါးသူ စိတ်ကောင်းမရှိသူလို့ ပြသရာ ရောက်တယ်။ တဖြည်းဖြည်း အများကလည်း သိလက်ခံလာပြီး ရှောင်ရှားလာမှာပဲ။ အတင်းပြောတဲ့သူ ကြုံတိုင်း တွေးမိတယ်။ ကိုယ့်အကြောင်းလည်း ကွယ်ရာမှာ ပြောမှာပဲလို့။

အတင်းအဖျင်းဆိုတာ ပြင်းထန်ထိရောက်တဲ့ လူမှု့ရေး လက်နက်ကြီးမို့ လူတယောက် အကြောင်း အကောင်းပြောစရာ မရှိရင်လည်း နှုတ်ဆိတ် နေတာကောင်းပါတယ်လို့ ယုံကြည်မိပါတော့တယ်။

ဧကရီပြုံး

တကယ်ချစ်တဲ့ ယောကျာ်းလေး ဆိုတာဒီလိုပါ"

========================================
တကယ်ချစ်တဲ့ ယောကျာ်းလေး ဆိုတာဒီလိုပါ"
.
►အနာဂတ် အစီအစဉ်တခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ်
.
►သဘောထားချင်းမတိုက်ဆိုင်တဲ့ကိစ္စတွေ ရှိနေခဲ့ရင်လည်း
အတတ်နိုင်ဆုံး သင့်ဆန္ဒကို လိုက်လျောပေးတတ်တယ်
.
►အပိုငွေကုန်ပေါက်တွေ အပျော်အတွက် ငွေကြေးသုံးစွဲတာတွေ
လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးဖို့
အသုံးချတတ်ပါတယ်
.
►သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ်
လျှိဝှက်ချက် ဆိုတာ သူနဲ့သင့်ကြားမထားတတ်တော့ပါဘူး
.
►ဘာပဲလုပ်လုပ် သင့်ဆီက ခွင့်တောင်းတတ်ပါတယ်
တချို့ကိစ္စတွေအတွက် အကြံဥာဏ်တောင်းတတ်တယ်
.
►သင်နှစ်သက်တဲ့ အစားအသောက် (ဒါမှမဟုတ်)
သင်နှစ်သက်တဲ့ ပစ္စည်းတခုခု လမ်းကြုံတွေ့တဲ့အခါ
ဝယ်လာပေးတတ်တယ်
.
►သင် အပြုအမူတိုင်းဟာ သူ့အတွက်
ချစ်ဖို့ကောင်းနေပါလိမ့်မယ်
.
►စိတ်ဆိုးတဲ့အခါ ပြဿနာကို ပြေလည်အောင်ပြောပြတတ်တယ် ။
သင်မှားနေရင်တောင် တခါတလေ သူ့ဘက်က မာနကို
လျော့ချထားတတ်ပါတယ်
.
►သင် မနှစ်သက်တဲ့အခါတွေ ဆို အတတ်နိုင်ဆုံးရှောင်ရှားတယ် ။
တချို့ ကိစ္စတွေ ဆို သင့်ကြောင့် ငြင်းဆန်ပစ်လိုက်တဲ့အထိ
ရှိနေတတ်တယ်
.
►အတူရှိနေချိန် တိုင်း သင့်လက်ဖဝါးလေးကို
ဆုပ်ကိုင်ထားတတ်တယ် ။
.
►သင်က သူ့ကို သက်သက်မဲ့ ရစ်နေရင်တောင်
သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေတတ်တယ်
.
►အတိတ်က သင် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ
အလေးထားတာ သင်နဲ့သူ့ရဲ့ မနက်ဖြန်ပါ
.
►အပေါင်းအသင်းတွေရှေ့မှာလည်း သင့်ကို
ဘယ်လောက်ချစ်တဲ့အကြောင်းကို
ကြွားစရာတခုလိုပြောပြနေတတ်တယ်
.
►သူ့ ဖုန်း Wallpaper မှာ
သင့်Photo လေးထည့်ထားတတ်တယ်
.
►သူပေးထားတဲ့ ချစ်စနိုးနာမည်ပြောင်လေး
သင့်ကို ခဏခဏခေါ်နေတတ်တယ်
.
►ကြိုက်သလောက်စားပါ ။
တက်လာတဲ့ ကိုယ်အလေးချိန်ကို သူအပြစ်မရှာတတ်ပါ
.
►ဒေါသထွက်ရင်တောင်မှ သင့်အပေါ်
ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးမရှိဘူး
.
►သူရဲ့ မိန်းကလေးမိတ်ဆွေတွေအကြောင်းလည်း
သင့်ကို ပြောပြထားတတ်ပါတယ်
.
►သင် တောင်းတဲ့ ကတိကို အတတ်နိုင်ဆုံးပေးတတ်တယ် ။
တည်အောင်လည်း လိုက်နာတယ်
.
►သင် အောင်မြင်မှု ကံကောင်းမှုတွေကြုံတဲ့အခါ
သူက သင့်ထက် ပျော်နေတတ်ပါတယ်
.
►သင်က သဝန်တိုတဲ့အခါ နားလည်အောင်
စိတ်ရှည်ရှည်နဲ့ရှင်းပြတတ်တယ် ။
.
►သင့်မွေးနေ့ကို သူမမေ့ဘူး ။
အမှတ်တရနေ့တွေကို သူမမေ့ဘူး
.
►သင့် ခံစားချက်ကို သူများထက်ပိုပြီးနားလည်တယ်
.
►Facebook မှာ သူတင်သမျှ ဟာ သင့်ကို
ဘယ်လောက်ထိ ချစ်တဲ့အကြောင်းတွေချည်း
.
►အတူစကားပြောနေရင်းမှ ရုတ်ချည်း
အခြေအနေပြောင်းသွားတဲ့အခါ(သင်က စိတ်ဆိုးတဲ့အခါ)
ဟာသလေးတွေနဲ့ အခြေအနေပြောင်းလဲပစ်တတ်ပါတယ
.
►မေးစရာမလိုပါဘူး ။ ဒီနေ့ဘယ်သွားမယ် …
ဘယ်မှာ ရှိမယ် … ဘာတွေ လုပ်မယ်ဆိုတာ
သင့်ကိုအမြဲ အစီရင်ခံနေမှာပါ
.
►သင့်ကို သူ့ကြောင့် မျက်ရည်မကျစေပါဘူး ။
.
►အခမ်းနားဆုံးမဖြစ်နိုင်ရင်တောင် အကောင်းဆုံးတော့
သင့်အတွက် ကြိုးစား ဖန်တီးပေးနေပါလိမ့်မယ်
.
►သူ့ဘဝ ရဲ့ ပျော်စေတဲ့ကိစ္စ ရှိလာခဲ့ရင်
ဦးဆုံးသတိရမိသူဟာ သင်ပါပဲ
.
►ယုံကြည်ချက် … နားလည်မှု …သစ္စာ တရား ဒါတွေဟာ
သင့်မတောင်းလည်း သူ့ဆီက အလိုလိုရမယ့်
ချစ်ခြင်းမေတ္တာ တခုပါ…
.
ဒီလို အချက်တော်တော်များများနဲ့ကိုယ်ညီတဲ့
ချစ်သူယောကျာ်းလေးမျိုးပိုင်ဆိုင်ထားတယ် မဟုတ်လား
.
သင်ဟာ . . . တကယ်ကံကောင်းတဲ့ မိန်းကလေးပါပဲ … … …။
.
Credit-အလင်းဖြိုး
Powered by Blogger.

Ads Inside Post